မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်နှင့် ပိတ်ဆို့တားမြစ်ခြင်းများအပေါ် သဘောထားထုတ်ပြန်ချက်

January 12th, 2020  •  Author:   Kayah State Students Union  •  1 minute read

၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်

၁။ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ္မမှ ဦးဆောင်သော ကျောင်းသားသပိတ်တိုက်ပွဲနှင့် တောင်းဆိုချက်များအား ထောက်ခံပါသည်။

၂။ မန္တလေးတက္ကသိုလ်အတွင်း ကျောင်းသားသပိတ်အား ဖိနှိပ်ခြင်း၊ တောင်းဆိုချက်များအား ဂရုမစိုက်ဘဲ လျစ်လျူရှုခြင်းနှင့် လမ်းများအား သံစူးကြိုးများဖြင့် သော့ခတ်ပိတ်ဆို့်ခြင်းများသည် ကျောင်းသားများ၏ အခက်အခဲကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ကျောင်းအုပ်ချုပ်ရေးအဖွဲ့၏ အာဏာရှင်ဆန်ဆန် ထင်ရာစိုင်းပြုမူသည့် လုပ်ရပ်ဖြစ်သောကြောင့် ပြင်းထန်စွာ ရှုံ့ချပါသည်။

၃။ မန္တလေးတက္ကသိုလ်အတွင်း ဖြစ်ပျက်နေသည့်ကိစ္စများအား ပညာရေးဝန်ကြီးဌာနနှင့် တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးရန်နှင့် ဥပဒေချိုးဖောက်သူများအား အပြစ်ပေးအရေးယူပေးရန် တောင်းဆိုပါသည်။

၄။ ကယားပြည်နယ်ကျောင်းသာသမဂ္ဂအနေနှင့်လည်း ငြိမ်ခံနေမည် မဟုတ်ပဲ သပိတ်နှင့် လာရောက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ကယားပြည်နယ်ကျောင်းသားသမဂ္ဂ – KSSU