10 December 2019
Myanmar National Human Rights Commission
၁။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့အခါသမယတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မြန်မာနိုင်ငံ ပြည်သူ ပြည်သားများ၊ နိုင်ငံတကာအသိုက်အဝန်းတို့နှင့်အတူ ဤအထိမ်းအမှတ်အခါသမယကို ဂုဏ်ပြု ဆင်နွှဲ အပ်ပါသည်။
၂။ ဤကဲ့သို့ အရေးပါသော အခါသမယတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် တစ်နှစ်တာအတွင်း လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေး ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ဖော်ပြ၍ အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ကော်မရှင်၏ ရှေ့လုပ်ငန်း စဉ်များကို ပြည်သူလူထုသို့ တင်ပြရန် အသင့်လျော်ဆုံး အခါသမယဖြစ်ပါသည်။
၃။ ပြည်သူများအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ရရှိစေရန်အတွက် ကော်မရှင်သည် ၂၀၁၉ ခုနှစ်အတွင်း လူ့အခွင့်အရေး အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြော ပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချို့တို့တွင် လည်းကောင်း၊ လူ့အခွင့်အရေး အခြေခံအချက်များကို သိရှိနားလည်ပြီး လူ့အခွင့်အရေးဖောက်ဖျက်မှုများကို ဝိုင်း ဝန်းကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း အသိပညာပေးဆွေးနွေးပွဲများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ ရပ်ကွက်/ ကျေးရွာပေါင်း ၁၄ ခုတို့တွင် လည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေးသူများအဖွဲ့နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲများ ကို ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့ရှိ မြို့နယ်အချို့တွင်လည်းကောင်း ကျင်းပ ပြု လုပ်ခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် နိုင်ငံဝန်ထမ်းများ တာဝန် ထမ်းဆောင်ရာတွင် လူ့အခွင့် အရေးအသိတရားဖြင့် ယှဉ်တွဲ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး နှင့် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲကိုလည်း နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ပြည်သူလူထုအ တွင်း လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိနားလည်နိုင်စေရန် အတွက် လူ့အခွင့်အရေး အခြေခံ သင်တန်းများနှင့် အဆင့်မြင့်သင်တန်းများ ကို ကော်မရှင်ရုံး၌ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ ထို့ပြင် ကော်မရှင်သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး/ ဘုရင့်နောင်)၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များနှင့် ရဲအရာရှိသင်တန်းကျောင်းများတွင် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ သင်ခန်း စာများပို့ချခြင်း၊ မီးသတ်စခန်းမှူးသင်တန်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော မွမ်းမံသင်တန်း များတွင် လူ့အခွင့်အရေးသင်ခန်းစာများပို့ချခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင် သည် ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းကို တိုင်းရင်းသားဘာသာစကားများဖြင့် ဘာသာပြန်ဆို ဖြန့်ချိခဲ့ရာ တိုင်းရင်းသားဘာသာ ၂၁ မျိုးဖြင့် ဖြန့်ချိခဲ့ပြီးဖြစ်ပါသည်။ ကော်မရှင်သည် Pen Myanmar အဖွဲ့နှင့် ပူးပေါင်း၍ Freedom of Expression အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုလည်း ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့ပါသည်။ ထို့ပြင် ကလေးသူငယ်အခွင့်အရေးနှင့် စပ်လျဉ်းသည့် ကိစ္စ ရပ်များ ဆောင်ရွက်နိုင်စေရန်အလို့ငှာ ကော်မရှင်သည် ၂၀၁၉ ခုနှစ်အတွင်း Good Neighbors International (GNI) အဖွဲ့နှင့် Letter of Cooperation (LOC) လက်မှတ်ရေးထိုးခဲ့ပါသည်။
၄။ လူ့အခွင့်အရေးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စပ်လျဉ်းသည့် တိုင်တန်းချက်များကို ကော်မရှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ် ဆောင် ရွက်လျက်ရှိပြီး တိုင်တန်းချက်အချို့နှင့် ပတ်သက်၍ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါ သည်။ ကော်မရှင်သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်များ၊ အလုပ်စခန်း များ၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံ အချုပ်ခန်းများကို လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှု ရှိ မရှိ ကြည့်ရှု စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များနှင့် ကော်မရှင်၏ အကြံပြုချက်များကို သက်ဆိုင်ရာ ဌာနသို့ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် ပေးပို့ခဲ့သည့် အပြင် အများပြည်သူ သိရှိနိုင်ရန် အတွက် ထုတ်ပြန်ချက် များလည်း ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် လူ့အခွင့်အရေး ဖောက်ဖျက် ကြောင်း တိုင်တန်းချက်အချို့နှင့် ပတ်သက်၍ တိုင်တန်းချက်တွင် သက်ဆိုင်သည့် ပုဂ္ဂိုလ်များအား ကော်မရှင်ရုံး၌ ခေါ်ယူ မေးမြန်း၍ စုံစမ်းတွေ့ရှိချက်များနှင့် ကော်မရှင်၏ အကြံပြု ချက်များကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများထံသို့ပေးပို့ ခဲ့ပါသည်။
၅။ ကော်မရှင်သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ တည်ဆဲဥပဒေနှင့် အဆိုပြုထားသည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး ရှုထောင့်မှ သုံးသပ်ပြီး လွှတ်တော်နှင့် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများသို့ ကော်မရှင်၏ သဘောထားမှတ်ချက်နှင့် အကြံပြုတိုက်တွန်းချက်များ ပေးပို့လျက်ရှိပါသည်။ ထို့ပြင် ကော်မရှင် သည် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ကော်မရှင်၏ သီးခြားအစီရင်ခံစာကို ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကော်မတီသို့ ၁၂−၇−၂၀၁၉ ရက်နေ့တွင် တင် သွင်းခဲ့ပြီး အများပြည်သူလေ့လာသိရှိစေရန်အတွက် အဆိုပါ သီးခြားအစီရင်ခံစာကို ကော်မရှင် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ထုတ်ပြန်ခဲ့ပါသည်။
၆။ ကော်မရှင်သည် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် လူ့အခွင့်အရေးယန္တရားများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဒေသခွဲဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှအမျိုးသား လူ့အခွင့် အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF)၊ ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အာရှ−ပစိဖိတ်အမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်း များဖိုရမ် (Asia Pacific Forum of National Human Rights Institutions – APF) နှင့် နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂက ကမကထပြုဖွဲ့စည်းထားသော အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI) တို့၏ အစည်းအဝေးများ၊ ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၇။ ထို့ပြင် ကော်မရှင်သည် ၎င်း၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး ဆောင်ရွက်ရန်အလို့ငှာ ကော်မရှင်၏ လက်ရှိ စွမ်းဆောင်ရည်အတွက် ဆန်းစစ်မှု (Capacity Assessment) ကို ကော်မရှင် တွင်းနှင့် ကော်မရှင်နှင့် အဓိကဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ ပါဝင်လျက် ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆန်းစစ်မှုမှ ထွက်ပေါ်လာသည့် စွမ်းဆောင်ရည်ဆန်းစစ်မှု အစီရင်ခံစာ စတင်ဖြန့်ချိခြင်း အခမ်းအနားကို အာရှပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၊ ကုလ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် တို့နှင့် ပူးပေါင်း ၍ ကျင်းပခဲ့ပါသည်။ ကော်မရှင်သည် ၂၀၁၉ ခုနှစ်အတွင်းတွင် ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အရပ် ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည် ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည် ပြည်ဆိုင်ရာ သဘော တူစာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများကို ကျင်းပခဲ့ပါ သည်။
၈။ ကော်မရှင်သည် စွမ်းဆောင်ရည်ဆန်းစစ်မှုအစီရင်ခံစာပါ အကြံပြုချက်များ နှင့်အညီ ကော် မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀−၂၀၂၄) ကို အာရှ−ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့ အစည်းများဖိုရမ်မှ ကျွမ်းကျင်သူများ၏ ပံ့ပိုးကူညီမှုဖြင့် မူကြမ်းရေးဆွဲခဲ့ပြီး အဆိုပါ မူကြမ်းကို ကော် မရှင်နှင့် အဓိကဆက်သွယ် ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်နှင့် အစိုးရအဖွဲ့အစည်းများမှ ကိုယ် စားလှယ်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကာ ၎င်းတို့၏ အကြံပြုချက် များ ရယူ၍ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်းနှင့် နှစ်စဉ်လုပ်ငန်းစီမံချက် တို့ကို အပြီးသတ် ရေးဆွဲ အတည်ပြုခဲ့ပြီး ၂၀၂၀ ခုနှစ် အတွက် နှစ်စဉ်လုပ်ငန်းစီမံချက်ကိုလည်း ရေးဆွဲခဲ့ပါ သည်။
၉။ ကော်မရှင်သည် လူ့အခွင့်အရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူများ ကော်မရှင်သို့ လွယ်ကူချောမွေ့စွာ လက်လှမ်းမီ ဆက်သွယ်ဆောင်ရွက်နိုင်စေရန်အတွက် ကော်မရှင်ရုံးခွဲများကို နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ကော်မရှင်၏ ယာယီရုံးခွဲတစ်ခုကိုလည်း ထပ်မံဖွင့်လှစ်ခဲ့ပါသည်။
၁၀။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာပြီး ပြည်သူများ လူ့အခွင့်အရေး အပြည့်အဝခံစားရရှိနိုင်ရန်အတွက် ကော်မရှင်ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လူ့အခွင့်အရေးနေ့အခါသမယတွင် သန္နိဋ္ဌာန်ပြုပါသည်။
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.