Report 769 Views

လေးလတာအပစ်ရပ်ကာလ သုံးသပ်ချက်

May 21st, 2019  •  Author:   Myanmar Cultural Research Society  •  1 minute read
Featured image

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် ၂၀၁၉ခုနှစ် ဧပြီလ (၃၀) ရက်နေ့အထိ စစ်တိုင်းကြီး (၅)တိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲကြောင်း ပါဝင်သည်။ ယခုအခါတွင် ထိုလေးလတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားမှုအား နောက်ထပ်(၂) လ သက်တမ်းတိုးခဲ့ပြီးဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု သုသေတန အသင်း (Myanmar Cultural Research Society) အနေဖြင့် ထိုလေးလအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများကို အခြေခံ၍ ငြိမ်းချမ်းရေးဆိုင်ရာအလားအလာများနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လေ့လာမှုမှ ရရှိလာသည့် အချက်များကို ဖြစ်ရပ်လေ့လာမှု စာတမ်း အမှတ် (၂) “လေးလတာအပစ်ရပ် ကာလ သုံးသပ်ချက်” အဖြစ် ထုတ်ဝေလိုက်ပါသည်။

သုံးသပ်ချက်စာတမ်း အပြည့်အစုံကို ဤနေရာ၌ ရယူပါ။