Statement 726 Views

ကယားပြည်နယ် လွိုင်ကော်မြို့တွင်ထားရှိသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုနှင့် ပတ်သက်သည့် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၏ သဘောထားအပေါ် ကန့်ကွက်ခြင်း

May 14th, 2019  •  Author:   Myanmar Cultural Research Society  •  1 minute read
Featured image

(၁) ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဗိုလ်ချုပ်ရုပ်ထုထားရှိမှုနှင့် ပတ်သက်၍ လုံးဝရွှေ့ပြောင်းပေးနိုင်ခြင်း မရှိကြောင်း ၎င်းတို့၏ သဘောထားကို ၂၀၁၉ခုနှစ် မေလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စ ဖြေရှင်းရေးညှိနှိုင်းအစည်းအဝေးပွဲတွင် တရားဝင် ပြောကြားခဲ့သည်။

(၂) အဆိုပါ ဆုံးဖြတ်ချက်သည်
– ကရင်နီလူငယ်များနှင့် ဒေသခံပြည်သူများ၏ ဆန္ဒနှင့် လိုလားချက်များကို ဆန့်ကျင်ရာရောက်သည့် အပြင်၊ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များအရ မကိုက်ညီခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ရန် ဆောင်ရွက်နေသည့် ကာလဖြစ်ခြင်းတို့ကြောင့် လုပ်ဆောင်ရန် မသင့်ဟု ယူဆသည်။
– ထို့အပြင် ယဉ်ကျေးမှု၊ သမိုင်းနှင့် နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်များအပေါ်တွင် တစုံတရာ လွှမ်းမိုးမှု ရှိလာစေရန် ဆောင်ရွက်ခြင်းအဖြစ် ပြည်ထောင်စုအတွင်းရှိ တခြားသောလူမျိုးစုများ၏ အမြင်တွင်လည်း သံသယရှိလာနိုင်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိလူမျိုးစုအသီးသီး၏ သမိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လွတ်လပ်မှုတို့အပေါ်တွင် အလေးထားသော မြန်မာ့ယဉ်ကျေးမှုသုတေသနအသင်း အနေဖြင့် အဆိုပါ သဘောထားအပေါ် ကန့်ကွက်လိုက်သည်။