Statement 558 Views

လူ့အခွင့်အရေးကာကွယ်လှုပ်ရှားသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက်တို့အား မတရားအမှုဆင် ဖမ်းဆီးထောင်ချခြင်းအပေါ် အရပ်ဖက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

October 12th, 2018  •  Author:   103 Civil Society Organizations  •  2 minute read

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအတွက် တရားဥပဒေအရ ကာကွယ်ဆောင်ရွက်နေ သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် ဗကသများအဖွဲ့ချုပ်မှ ဗဟိုလုပ်ငန်းကော်မတီဟောင်း ကိုသန်းထိုက် တို့ကို ပဲတိုင်းမမြို့နယ်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၂၂၈ဖြင့်အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ၆လ ချမှတ်လိုက်ခြင်းအပေါ် ကျွန်ုပ်တို့အရပ်ဘက်အဖွဲ့အစည်းများမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။

ဖြစ်စဉ်မှာ- ၂၀၁၅မတ်လ ၁၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင်ဒီမိုကရေစီပညာရေး တောင်းဆိုဆန္ဒပြ နေသော ကျောင်းသားများကို ရဲတပ်ဖွဲ့မှ ကြမ်းဖက်ရိုက်နှက်ဖြိုခွဲဖမ်းဆီးခဲ့ပြီး ပုဒ်မမျိုးစုံတပ်ကာ အမှုပေါင်းများစွာဖြင့် တရားစွဲဆိုခဲ့သည်။ ထိုသို့ဖမ်းဆီးတရားစွဲခံရသည့် ကျောင်းသားများအတွက် တရားလွှတ်တော် ရှေ့နေဒေါ်ခင်ခင်ကျော်မှ ရှေ့နေတဦးအဖြစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သည်။

ထိုသို့အမှုလိုက်ပါဆောင်ရွက်စဉ် ၂၀၁၅ သြဂုတ်လ ၂၅ရက်နေ့က သာယာဝတီမြို့နယ်တရားရုံးတွင် ကျောင်း သားနှင့် ၀န်းရံပြည်သူ (၅၈)ဦးတို့က လက်မှတ်ရေးထိုးကာ (၁။ ပြည်ထဲရေးဝန်ကြီးဌာန ၂။ ရဲတပ်ရင်း အမှတ် ၁၊၁၀၊၁၁ ၃။ဒုရဲမှုးကြီးနန္ဒ၀င်း)တို့ကို ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူပေးပါရန် လျောက်ထားလွှာကို ကျောင်းသားနှင့် ဝန်းရံပြည် သူတို့ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ရုံးတော်သို့ လျှောက်ထားခဲ့သည်။

အဆိုပါကိစ္စအပေါ် ၂၀၁၅ခုနှစ် စက်တင်ဘာလ ၁ ရက် ရုံးတော်မှကြားဖြတ်အမိန့်မချမှတ်မီ တရားလွှတ် တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က သြဂုတ်လ၂၅ရက်တွင် ၄င်းတင်သွင်းခဲ့သည့် လျှောက်ထားလွှာတွင် “ဒုရဲမှုးကြီး နန္ဒ၀င်းဟု ရေးသားရမည်ကို ဒုရဲမှုးနန္ဒ၀င်း” ဟု ရာထူးမှားယွင်းဖော်ပြမိသဖြင့် ပြန်လည်ပြင်ဆင်ခွင့်ပြုရန် ရုံးတော်သို့ တင်ပြရာ အမှုစစ်တရားသူကြီးက လက်မခံခြင်းကြောင့် အမှုစစ်တရားသူကြီး ဦးချစ်မြတ်နှင့် ဒေါ်ခင်ခင်ကျော်တို့အကြား အငြင်းပွားမှုတစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ယင်းအငြင်းပွားမှုပေါ်ပေါက်စဉ် တရားခွင်အတွင်း ကျောင်းသားနှင့် ၀န်းရံပြည်သူ များက ပြန်လည်ပြောဆိုရာတွင် အမှုစစ်တရားသူကြီး ဦးချစ်မြတ်မှ စိတ်ဆိုးပြီး တရားခွင်မှ ထွက်သွားခဲ့သည်။

ထိုကိစ္စကိုအကြောင်းပြုပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်၊ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်း ကော်မတီ ၀င်ဟောင်း) ကိုသန်းထိုက်တို့အား တရားစီရင်မှုဆောင်ရွက်နေစဉ် တရားခွင်အား စော်ကားခြင်း၊ အမိန့်မချ မှတ်နိုင်အောင် နှောင့်ယှက်ခြင်းစသည့် စွပ်စွဲချက်များဖြင့် သာယာဝတီမြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၂၈ (တရားစီရင်ရေးနှောင့်ယှက်မှု)ဖြင့် တရားစွဲဆိုခဲ့သည်။

ဒေါ်ခင်ခင်ကျော်သည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့်အတွက် တရားခွင်တွင်ဖြစ်ပွားသည် ဘား ကောင်စီအက်ဥပဒေ (မြန်မာနိုင်ငံရှေ့နေများကောင်စီအက်) ဖြင့်သာ အရေးယူရမည်ဖြစ်သည်။ သို့သော် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မဖြင့် တိုက်ရိုက်စွဲဆိုထားသဖြင့် အမှုတွဲချေဖျက်ပေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျောက် ထားသော်လည်း ပယ်ချခံခဲ့ရသည်။

၂၀၁၆ခုနှစ် ဧပြီလ ၈ရက်နေ့တွင် ကျောင်းသားများနှင့်ဝန်းရံပြည်သူများကို NLDအစိုးရမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၉၄)အရလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၎င်းတို့စွဲဆိုခံထားရသည့်အမှုများကိုရုပ်သိမ်းပေး ခဲ့သော်လည်း အဆိုဖြစ်စဉ်နှင် တိုက်ရိုက်ဆက်စပ်နေသည့် အမှုဖြစ်သောတရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက်တို့၏ အမှုကိုမူ ထည့်သွင်းရုပ်သိမ်းပေးခြင်းမရှိခဲ့ပေ။

ထို့ကြောင့် ပြည်ထောင်စုရှေ့နေများနှင့်ဥပဒေထောက်ကူပြုသူများအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင် ကျော်နှင့် ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက်တို့၏အမှုကို ကျောင်းသားနှင့် ၀န်းရံ ပြည်သူများနည်းတူ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ(၄၉၄)အရ ရုပ်သိမ်းပေးပါရန် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံသို့ ၂၀၁၆ခုနှစ် မေလ ၅ရက် နေ့တွင် မေတ္တာ ရပ်ခံစာ တင်ပြခဲ့သော်လည်းထူးခြားမှု မရှိခဲ့ပေ။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက်တို့အနေဖြင့် အထက်ပါအမှုကို ပဲခူးတိုင်း၊မင်းလှမြို့နယ်တရားရုံးသို့ ၃နှစ်ကြာ သွားရောက်ရင်ဆိုင်နေခဲ့ရပြီး ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၈ရက် နေ့တွင် မင်းလှမြို့နယ်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆လ ချမှတ် လိုက်ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်သည် တက်ကြွလှုပ်ရှားသူများကို တရားဥပဒေအရ ကာကွယ်ပေးနေသည့် လူ့အခွင့်အရေး ရှေ့နေ တဦးနှင့် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တဦးတို့ကို မတရားအမှုဆင် ထောင်ချခဲ့ခြင်းဖြစ်ပြီး၊ တက်ကြွလှုပ်ရှားသူ များနှင့် အရပ်ဘက်အဖွဲ့အစည်းများကိုပါ သွယ်ဝိုက်ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။ အဆိုပါဖြစ်ရပ်ကို သုံးသပ် ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်မှာ စိုးရိမ်ဖွယ်ရာ တိမ်းစောင်းနေသည်ကို တွေ့မြင်နိုင်သည်။

ထို့ကြောင့်အစိုးရနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက်တို့အား ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် အလေးပေး ဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော် လွတ်မြောက်ရေး ဒို့အရေး
ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက် လွတ်မြောက်ရေး        ဒို့အရေး
တရားရေးမဏ္ဍိုင်တည့်မတ်ရေး         ဒို့အရေး
မတရားအမှုဆင်ထောင်ချမှုများအား ကန့်ကွက်ကြ၊ ရှုတ်ချကြ

ပါဝင်သောအဖွဲ့အစည်းများ

1. ပြည်ထောင်စုရှေ့နေများနှင့်ဥပဒေအထောက်အကူပြုသူများအဖွဲ့
2. ရန်ကုန်တိုင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်
3. ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
4. မြန်မာမီဒီယာရှေ့နေကွန်ရက်
5. Citizen Action for Transparency
6. ဉာဏ်လင်းသစ် (Nyan Lynn Thit)
7. လူ့ဘောင်သစ်လူငယ် (YNS)
8. Generation Wave
9. အသံ (လွတ်လပ်စွာထုတ်ဖော်ခွင့်လှုပ်ရှားမှု)
10. အနာဂတ်အလင်းတန်းဆုံမှတ် (Future Light Center)
11. ရန်ကုန်လူငယ်ကွန်ရက် (Yangon Youth Network)
12. အလင်းစေတမန်
13. MATA (Yangon)
14. Southern Youth Development Organization
15. မိုင်းပန်လူငယ်အဖွဲ့ (Mong Pan Youth Association)
16. DDA-Dawei Development Association
17. ဒို့မြေကွန်ယက် (LIOH)
18. Action Group for Farmer Affair (AGFA)
19. Kayah EarthRights Action Network (KEAN)
20. Mwetaung Area Development Group
21. Shwe Chin Thae Social Service Group (Shwebo)
22. Oway Institute
23. Myanmar Cultural Research Society (MCRS)
24. Thuriya Sandra Environmental Watch Group
25. WE Generation Network
26. All Myanmar Trade Unions Network
27. သင့်မြတ်သူများ၏ ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ (PoPP)
28. စိမ်းရောင်စို (တံတားဦး)
29. ကလျာဏမိတ္တလူမှုဖွံ့ဖြိုးရေးအသင်း (ခင်ဦး)
30. Democratic Education Corner (DEC)
31. ရွှေခြင်္သေ့တောင်သူကွန်ရက် (ရွှေဘို)
32. Genuine People’s Servant – GPS
33. Kachin State Women Network
34. Golden Heart Organization
35. Chin Youth Organization (Matupi)
36. Open Development Foundation (Kanpetelt)
37. MRJ (Tanphaye)
38. Matu Forum Committee (Matupi)
39. LAIN နည်းပညာအထောက်အကူပြုအဖွဲ့ (ကရင်နီပြည်နယ်)
40. Matu Women Organization
41. Myoma Baptist Youth Organization
42. Kanpetelt Land Development Organization
43. Lamyan Farmers Network (Kachin State)
44. Peace World Gender Organization
45. Zinlum Committee (Tan Pha Ye)
46. Action Committee for Democracy Development (ACDD)
47. Ayeyarwaddy West Development Organization Middle Myanmar AWDO (Magway Region)
48. Pwintphyu Development Organization (PDO)
49. Minhla Development Organization (MDO)
50. MCPWC Myanmar-China Pipeline Watch Committee
51. Mandalay MATA Working Group
52. လပ္ပတာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့
53. ရည်ရွယ်ရာလူငယ်ဖွံ့ဖြိုးရေးအဖွဲ့
54. Rule of Law Watch Group
55. အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
56. ဒို့မြေပြည်သူ့အကျိုးပြုကွန်ယက် (တွံ့တေး)
57. ပီတိသုခအဖွဲ့
58. သဒ္ဒါဖွေးဖြူအဖွဲ့
59. ပန်းသီကြိုးအဖွဲ့
60. National Network Education Reform (NNER)
61. ပေါင်းကူး
62. မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
63. တောင်သူလယ်သမားသမဂ္ဂ (ကန့်ဘလူ)
64. ဧရာ-သလ္လာ (ရွှေဘို)
65. Ayeyarwady Youth Network (AYN)
66. Women’s League of Burma (WLB)
67. သရက်ချောင်းလယ်သမားသမဂ္ဂ
68. Green Network Mergui Archipelago
69. Dawei Watch Foundation
70. Human Rights Educators Network (HREN)
71. Visual Advocate (Dawei)
72. Dawei Research Association
73. Saytana Shaesaung Youth Organization
74. Young Ni Oo Social Development Organization
75. Young Ni Oo Women Group
76. Muditar Organization
77. Paungsee Myittar Organization
78. Pone Yate Sit Regional Development Organization
79. Pan Tain Shin Rural Development Organization
80. Future Star Youth Organization
81. Lin Lake Kyal Social Development Organization
82. ဓမ္မအလင်းယဉ်ကျေးလိမ္မာအဖွဲ့
83. ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကွန်ယက်
84. ပျိုးဥယျာဉ်ပညာရေးအထောက်အကူပြုအဖွဲ့
85. စာဖြူလယ်သမားကွန်ယက်
86. Pan Tain Shin Women Rural Development Organization
87. ပန်းတိုင်ရှင်ရေလုပ်သားကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (Pan Tain Shin Rural Development Organization)
88. ဂရုဏာရှင်နာရေးကူညီရေးအဖွဲ့
89. Shwe Thinkha Social Development Organization
90. Communiry Development Association
91. ရည်ရွယ်ရာ လူငယ်ဖွံ့ဖြိုးရေးအဖွဲ့
92. အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
93. The Wings Institute
94. လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ – Human Right Defender and Promoters (HRDP)
95. ရွှေခြံမြေကွန်ရက် ကွမ်းခြံကုန်း
96. ကမန်တိုင်းရင်းသားလူမှုကွန်ရက် (ထောက်ကြန့်)
97. အားမာန်အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးအဖွဲ့အစည်း
98. လောကပါလတရားမြင့်တင်ရေးကွန်ရက် (တောင်ဒဂုံ)
99. Wild Rose Women Organization
100. Peace Maker
101. Network for Human Rights Documentation in Burma (ND-Burma)
102. Assistance Association for Political Prisoners (Burma)
103. Progressive Voice