မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား သုံးသပ်ထားသော အစီရင်ခံစာထုတ်ပြန်ခြင်း

October 5th, 2018  •  Author:   Progressive Voice  •  1 minute read

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သောအစိုးရ အာဏာရလာချိန်မှစတင်ကာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ မှတ်တမ်းအပေါ် နိုင်ငံတကာမှ ဝေဖန်ပြစ်တင်ခြင်းကို မကြုံစဖူး ကြုံတွေ့လာရချိန်တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ၏ အခန်းကဏ္ဍသည်လည်း မရေမရာ ဆက်ရှိနေဆဲ ဖြစ်ပါသည်။

MNHRC ၏ စွမ်းဆောင်ရည်ကို သုံးသပ်ထားသော “သက်ဆိုင်သူထံပြန်ပို့ရန် – မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် လွှတ်တော်ထံသို့ ပြန်လည်တင်သွင်းရမည်” အမည်ရှိ အစီရင်ခံစာတစ်စောင်ကို အရပ်ဘက်လူထုအဖွဲ့အစည်း ၁၂ ဖွဲ့မှ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် MNHRC ၏ လွတ်လပ်မှု၊ ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှုနှင့် အမျိုးသားလူ့အခွင့်အရေးဌာနများအတွက် ပါရီအခြေခံမူများမှ သတ်မှတ်ထားသော နိုင်ငံတကာ စံနှုန်းများကို MNHRC မှ လိုက်နာဆောင်ရွက်မှုများအား ကန့်သတ်ထားသည့် MNHRC ၏ အဓိကကျသော လုပ်ကိုင်ဆောင်ရွက် ချက်များနှင့် လုပ်ပိုင်ခွင့်အာဏာများကို မီးမောင်းထိုး ဖော်ပြထားပါသည်။ ၂၀၁၁ ခုနှစ် MNHRC ကို  ဖွဲ့စည်း တည်ထောင်ချိန်မှစ၍ လူ့အခွင့်အရေးချိုးဖောက်မှု ပုံသဏ္ဍာန်အမျိုးမျိုးအပါအဝင် ယနေ့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများအပေါ် MNHRC ၏ တုံ့ပြန်မှုများကို ဤအစီရင်ခံစာတွင် ဆန်းစစ်တင်ပြထားပါသည်။ ဤအစီရင်ခံစာကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာစလုံးဖြင့် ထုတ်ဝေသွားမည် ဖြစ်ပါသည်။ အစီရင်ခံစာ မိတ်ဆက်ပြောကြားရာတွင် အင်္ဂလိပ်ဘာသာ အနည်းငယ်သာပါဝင်မည်ဖြစ်ပြီး မြန်မာဘာသာကို အဓိကထား အသုံးပြုသွားမည် ဖြစ်ပါသည်။

နေ့ရက် – ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ (အင်္ဂါနေ့)

အချိန်    – နေ့လည် ၂း၀၀ နာရီ မှ ၄း၀၀ နာရီအထိ

နေရာ    – BEST WESTERN Green Hill Hotel၊ အမှတ် ၁၂ ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့

 ပါဝင်ဆွေးနွေးကြမည့်သူများ

  • သွင်လင်းအောင်၊ ဒါရိုက်တာ၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့
  • သဉ္ဇာရွှန်းလဲ့ရည်၊စည်းရုံးလှုံ့ဆော်ရေးမှူး၊ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ
  • အောင်ခိုင်မင်း၊ အမှုဆောင်ညွှန်ကြားရေးမှူး၊ ရှေ့ပြေးအသံအဖွဲ့
  • Alex Moodie၊ သုတေသနညွှန်ကြားရေးမှူး၊ ရှေ့ပြေးအသံအဖွဲ့

ဤအစီရင်ခံစာကို ရေးသားထုတ်ဝေသူများမှာ –

  • ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)
  • မြန်မာ့အရေးလေ့လာသူများအဖွဲ့ (Burma Monitor)
  • အနာဂတ်အလင်းတန်းဆုံမှတ် (Future Light Center)
  • မျိုးဆက်လှိုင်း (Generation Wave)
  • စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (Genuine People’s Servants)
  • လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (Association of Human Rights Defenders and Promoters)
  • မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (Human Rights Foundation of Monland)
  • ကချင်အမျိုးသမီးများအစည်းအရုံး – ထိုင်းနိုင်ငံ (Kachin Women’s Association – Thailand)
  • လောကအလင်း (Loka Ahlinn Social Development Network)
  • ရှေ့ပြေးအသံအဖွဲ့ (Progressive Voice)
  • စမိုင်းလ်ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Smile Education and Development Foundation)
  • Synergy (Social Harmony Organization)

ဆက်သွယ်ရန်

အောင်ခိုင်မင်း၊ အမှုဆောင်ညွှန်ကြားရေးမှူး၊ ရှေ့ပြေးအသံအဖွဲ့

+ ၉၅ (၀)၉၇ ၉၀၄၉ ၅၃၅၈၊ [email protected] / [email protected]

ဤမီဒီယာဖိတ်ကြားလွှာ မြန်မာဘာသာကို  ဤနေရာမှ ရယူနိုင်ပါသည်။

Download this Media advisory in English HERE.