Statement 699 Views

နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC မှ မြန်မာစစ်တပ်ခေါင်းဆောင်များ စုံစမ်းစစ်ဆေးရန် လွတ်လပ်သောကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ တောင်းဆိုမှုများအပေါ် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN)မှ ထောက်ခံကြိုဆိုကြောင်း သဘောထားထုတ်ပြန်ချက်

September 16th, 2018  •  Author:   Karenni Civil Society Network  •  1 minute read
Featured image

လွတ်လပ်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ သြဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် မြန်မာ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင် (၆)ဦးကို ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာမွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ်မှုတို့အား ကျူးလွန်ခဲ့ခြင်းကြောင့် နိုင်ငံတကာရာ ဇ၀တ်မှုခုံရုံး ICC မှ စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုအပေါ် မိမိတို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက်မှ ထောက်ခံကြိုဆိုပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇ၀တ်မှုခုံရုံး ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးအဖွဲ့ ICC တရားရုံးမှ စုံစမ်းစစ်ဆေးအရေးယူနိုင်ပြီး မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူး လွန်ကြောင်း လွန်ခဲ့သောအပါတ် ဆုံးဖြတ်ချက်သည် မှန်ကန် သောဦးတည်ချက်ဖြင့် သမိုင်းဝင် မှတ်တိုင် ဖြစ်ကြောင်း မိမိတို့  ရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် မှ ရှုမြင်ကြိုဆိုပါသည်။

မြန်မာတပ်မတော်များသည် ပြည်သူလူထုများအပေါ်  ဖမ်းဆီးချုပ်နှောင်မှု၊ အလောင်း ဖျောက်ဖျက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများနှင့် ကျေးရွာများအား မီးရှို့ဖျက်ဆီး မှုများ ကျူးလွန်ခဲ့ကြောင်း လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့မှ အသေးစိပ်ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်တပ်များမှ ၎င်းရာဇ၀တ်များအားလုံးကို ကရင်နီပြည်ရှိ ပြည်သူလူထုများအပေါ် ကျူးလွန်မှုများ ရှိခဲ့ပါသည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းချိန်မှစ၍ ကရင်နီလူမျိုး နှင့်ကျန်တိုင်းရင်းသား ညီအစ်ကိုများဖြစ်သော ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း တို့သည် မြန်မာစစ်တပ်တို့၏ ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်းကို မြန်မာတပ်မတော်မှ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း ထင်ရှားခဲ့ပါသည်။ ကရင်နီ တိုင်းရင်းသားတို့အနေဖြင့် ၁၉၇၄၊ ၁၉၉၂ နှင့် ၁၉၉၆ မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ် မဟာဗျူဟာ စစ်ဆင်ရေးအရ ရာပေါင်းများစွာသောကရင်နီ ပြည်သူများ မြန်မာစစ်တပ်တို့၏ ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်းကြောင့် အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှံးခဲ့ရပါသည်။

၂၀၁၇ ခုနှစ်၊ ကရင်နီပြည်တွင် အရပ်သား (၁)ဦးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲဘော် (၃)ဦးတို့အား မြန်မာစစ်တပ်မှ ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်းသည် မြန်မာတပ်မတော်မှ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း ထင်ရှားသည်။ ဤကျူးလွန်ခဲ့သည့် ပြစ်မှုအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဥပဒေကြောင်းအရ ကာကွယ်ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေသည်ကို တွေ့ရသည်။ တနည်းအားဖြင့် မြန်မာစစ်တပ်အား တိုင်းရင်းသားလူမျိုးများအပေါ် ရာဇ၀တ်ပြစ်မှုများ ဆက်လက်ကျူးလွန်ခွင့် ပြုရာရောက်သည်။

ရခိုင်ပြည်နယ်နှင့် အခြားတိုင်းရင်းသားပြည်နယ်များတွင် မြန်မာစစ်တပ်ခေါင်းဆောင်တို့၏ လူ့အ ခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ကြားဝင်ဟန့်တားခြင်း မဆောင်ရွက်ခဲ့ခြင်းကြောင့် မိမိတို့ ကရင်နီလူမှုအသင်း အဖွဲ့များကွန်ယက် (KCSN)မှ လုံးဝ ရှုပ်ချပါသည်။

ထို့ကြောင့် မိမိတို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN)အနေဖြင့် နှစ်ပေါင်း(၇၀)ကျော် ကာလတွင် တိုင်းရင်းသားပြည်သူများအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည့် မြန် မာစစ်တပ်ခေါင်းဆောင်များနှင့် နောက်လိုက်များတို့သည် နိုင်ငံတကာရာဇ၀တ်ခုံရုံးမှ စုံစမ်းစစ် ဆေးလွဲပြောင်းအရေးယူသွားရန် လွတ်လပ်သည့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ အရေးဆို တောင်းဆိုမှုအား ထောက်ခံအားပေးကြောင်း သဘောထားထုတ်ပြန်လိုက်ပါသည်။

 

ဆက်သွယ်ရန်

ခူးကိုရယ် (ထိုင်းနိုင်ငံ/မြန်မာနိုင်ငံ)

Email     : [email protected]

Phone   : +66 82 196 2258

: +95 97  8951 9458

ရိချက် ဌေးရယ် (သြစတေးလျနိုင်ငံ)

Richard Htay Reh (Australia)

Phone : +61402 850 973

ခူးဦးရယ် (အမေရိကန်)

Phone: +1 832 526 2849

 

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်(KCSN) အဖွဲ့ဝင်များ

– ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO)

– ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)

– ကရင်နီအမြဲစမ်း(KEG)

– ကရင်နီကျောင်းသားများသမဂ္ဂ (KSU)

– ကရင်နီဥပဒေနှင့် လူ့အခွင့်အရေးစင်တာ (KnLHRC)

– ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ (KSWDC)

– ကရင်နီဒုက္ခသည်ကော်မတီ (KnRC)

– ကရင်နီကျန်းမာရေးဌာန (KnHD)

– ကရင်နီစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးရေးကော်မတီ (KLCDC)

– ကရင်နီပညာရေးဌာန (KnED)

 – Karenni Society Filand (KnSF)

– DEEKU International

– Karenni-American Association (KnA)

– New Zealand Karenni Society (NZKS)

– Karenni Federation of Australia (KnFA)

သဘောထားထုတ်ပြန်ချက်ကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူပါ။

သဘောထားထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ရယူပါ။