Report 679 Views

အစိုးရစစ်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းရှိ အပြစ်မဲ့ရွာလူကြီးကို (RCSS/SSA)နှင့် အဆက်အသွယ်ပြုလုပ်နေသည်ဟု စွပ်စွဲပြီး ညှင်းပန်းနှိပ်စက်

July 19th, 2018  •  Author:   Shan Human Rights Foundation  •  1 minute read

၂၇ ဇွန်လ ၂၀၁၈ရက်နေ့က ရွာလူကြီးတဦးကို အစိုးရတပ် ခမရ (၄၃၀)နှင့် ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နောင်လှိုင်အုပ်စု မူးဆေးရွာ ရွာလူကြီးတဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပတ်သက်မှုရှိသည်ဟု မတရားစွပ်စွဲပြီး ပြင်းပြင်းထန်ထန် ညှင်းပန်းရိုက်နှက် နှိပ်စက်ခဲ့ကြကြောင်း သိရသည်။

၂၆ ဇွန်လ ၂၀၁၈ မနက်ပိုင်း ၇း၀၀ အချိန်တွင် တောင်ကြီးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက် အောက်ခံ က ယား ပြည်နယ် ကောင်ဆိုင်း ခမရ (၄၃၀)တပ်မှ ဗိုလ်ကြီးသောင်းလင်းထွဋ် အင်းအား(၂၅)ယောကကို ဦး ဆောင်ပြီး  ပြည်သူ့စစ် အင်အား(၁၃)နှင့အ်တူ နောင်ပါ တက်ရွာမှ ထွက်ခွာကြပြီး မူးဆေးရွာတွင်စခန်း ချခဲ့ကြကြောင်း။ ထိုရွာတွင် အိမ် ထောင် (၃၀)ခန့ရှ်ိပြီး နေထိုင်သူ (100)ကျော်ရှိသည်။

၂၇/၀၆/၂၀၁၇ ညအချိန်တွင် ဗိုလ်ကြီးသောင်းလင်းထွဋ်သည် သ့၏ူတပ်သား (၂)ယောကနှ်င့် အတူပြည်သူ့ စစ် တပ်သား(၄)ယောက်တ့ကို အမိန့ေ်ပးစေခိုင်းကာ ရွာအတွင်းမှ နန်းစံအမည်ရှိ အမျိုးသမီးတဦး၏ အိမ်အတွင်း သို့ ၀င်ရောက်မွှေနှောက်ခဲ့ကြောင်းနှင့်မနန်းစံကို လည်း ” နင့် ယောက်ျားက (RCSS/SSA)မှာ တာဝန်ထမ်း ဆောင် နေတယ် မဟတ်ုလား” ဟု အကြောင်း မဲ့စွပ်စွဲခဲ့ ကြောင်း သိရသည်။

ထိုည ၁၁း၃၀ အချိန်မှာပင် ၎င်းတပ်ဖွဲ့မှတပသ်ားများသည် ရွာလူကြီး၏အိမ်သို့ဆက်လက်သွား ရောက် မွှေ နှောက် စစ်ဆေးမှုပြုကာ ဂက်စ်(ငါးဖမ်ရာတွင် အသုံးပြုသည့် ဗုံးအသေးစား)တလုံး တွေ့ရှိပြီးရွာလူ ကြီးအား (RCSS/ SSA) ၏ အရန်တပ်သားဖြစ်သည်ဟု စွပ်စွဲခဲ့ကြောင်း။  လူကြီးက မိမိသည် (RCSS/SSA) တပ်နှင့်  ဘာမှမ ပတ်သက် ရ ကြောင်း ရွာလူကြီးတဦး သာဖြစ် ကြောင်း သူတ့အိုား ရှင်းပြခဲ့သော်လည်း၎င်းစစ်သားများ က ရွာလူကြီးကို ခြေ ထောက် ဖြင့် ကန်ကျောက်ပြီး အိမ်အောက်သို့တရွတ်ဆွဲချကာ အမှန်အ တိုင်းဝန်မခံ လျှင် သတ်ပစ်မည်ဟု ပြောဆို ခြိမ်း ခြောက်ခဲ့ ကြောင်း သိရသည်။

၎င်းနောက် ရွာလူကြီးကို ရွာအနောကဘ်က်သို့ခေါ်ဆောင်သွားပြီး သစ်ပင်ကြီးတပင်အောက်သို့ရောက်သည့် အခါ ”ခင်ဗျာ့ကို ဒီနေရာမှာ သတ်မယ်“ ဟု ပြောပြီး သေနတ်ဒင်ဖြင့် ရွာလူကြီး ၏ ဘယ်ဘက်နားထင် ၁ ချက်၊

ဘယ် ဘက် မျက်စိ ၁ ချက်၊ ပါးစပ် ၁ ချက်၊ ငယ်ထိပ်ကို ၂ ချက် ပြင်းပြင်းထန်ထန် ထုထောင်း ခဲ့သဖြင့်  ရွာလူကြီး ၏တကယိုလုံးမှာ သွေးများအဆမတနထ်ွက်ခဲ့ ကြောင်း သိရသည်။

မသေသေးဘူးဟု ဆိုကာ ရွာလူကြီး၏ ရင်ဘက်ကို သေနတ်ဖြင့် (၆)ချက်တိတိ ထပ်မံထုထောင်းပြီး ပစ္စတိုသေနတ်ဖြင့် ရွာလူကြီးအား သုံးချက်တိတိ ပစ်ခဲ့သော်လည်း ကျည်မထွက်ဘဲ ရှိလေရာ ရွာလူကြီးက မတ်တပ်ထရပ်ပြီး စစ်သားများဆီက သေနတ်ကို ဝင်လုခဲ့သော်လည်း သေနတ်မ ရခဲ့ ကြောင်း ကျန်သည့် တပ်သား သုံးယောကကို ထပ်မံတကိုခိုက်ပြီး ၎င်းသုံး ယောက် လဲ ကျသွားချိန်မှာ ရွာလူကြီးက လွတ်ရာ ကျွတ်ရာ ထွက်ပြေးခဲ့ကြောင်း ထို နောက် စစ်သားတဦးက သေနတ်ဖြင့်  နောက်မှလိုက်ပစခ်ဲ့သော်လည်း  ရွာလူကြီးအား ထိမှန်ခြင်း မရှိကြောင်း သိရသည်။

ထိုနောက် ညသန်းခေါင်ယအံချိန်တွင် ၎င်းတပ်ဖွဲ့များမှ စစ်သား(၄)ဦးသည် ရွာတွင်းသို့ပြန်သွားကြပြီး စိုင်စိုင်းငွေ အမည်ရှိ အသက် (၃၀)ရွာသားတဦးကို အိမ်ပေါ်သို့ ခေါ်ဆင်းပြီး RCSS/SSA အကြောင်း အမျိုးမျိုးစစ်ဆေး  ခဲ့ကြောင်း။ ၎င်းနောက် စိုင်းငွေ၏ ဘယ်ဘကန်ားထင်ကို ၃ ချက်တိတိ ပြင်းပြင်းထန်ထန် ရိုက်ခြင်း စိုင်းငွေ၏  ခန္ဓာကိုယ်အနှံ့ ခြေထောက် ဖြင့် ပြင်းပြင်းထန်ထန် ဝိုင်းကန်ခဲ့ကြကြောင်းသိရသည်။  စိုင်းငွေကိုတခြားနေရာ ကိုခေါ်မသွားတော့ဘဲ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

၂၈/၀၆/၂၀၁၈ မနက် ၅း၀၀ အချိန်တွင် ဗိုလ်ကြီးသောင်းလင်းထွဋ် ဦးဆောင်သော တပ်သား  ခြောက်ယောက်  နှင့်အတူ သက်ကြီးရွယ်အိုတဦးဖြစ်သည့် အဘအောင်၏ အိမ်ကို အိမ်ပေါ်အိမ်အောက် မွှေနှောက်ခဲ့ကြပြီး အဘအောင်၏ ငွေ (၁၂၀၀၀) ကျပ်ကိုလည်း  ယူဆောင်သွားခဲ့သေးကြောင်း သိရသည်။ အဘအောင်က“ဗိုလ်ကြီးတို့က ဘာလို့အဘအိမ်ကို လာမွှေနေကြတာလဲ “မေးမြန်းရာ “ RCSS/SSA အရန်တပ်သား လုံးကန့်သောင်း (ရွာလူကြီး) က ဒီရွာထဲ လာခိုအောင်းနေတာ သတင်းရလို့ လာစစ်ဆေးတာ သူ့ကိုတွေ့တဲ့ အချိန် တွေ့တဲ့နေရာမှာ သတ်ပစ်မယ်”  ဟု ပြောခဲ့ကြောင်းသိရသည်။

အဲဒီနေ့တဆက်တည်းမှာ မနက် ၆း၀၀ နာရီအချိနတ်ွင် မူးဆေးရွာသူရွာသား (၅၀) ယောက်ခန့်က ရွာလူကြီသေ ပြီဟု အထင်ဖြင့် ရွာလူကြီးကိုခေါ်ဆောင်သွားခဲ့သည့် ရွာ၏အနောက်ဘက်သို့ သွားရောက်ကြည့်ခဲ့ကြကြောင်း  ရွာလူကြီးကိုမတွေ့ကြဘဲ သွေးအိုင်များသာ တွေ့ခဲ့ကြကြောင်း။ ထိုနောက် ရွာသူရွာသားများက တောအနှံ့ လိုက်လံရှာကြသော်လည်း မတွေ့ရှိခဲ့ကြောင်း သိရသည်။

၂၉/၀၆/၂၀၁၈ မနက် ၁၀း၀၀ အချိန်တွင် ရွာသူရွာသားများက ရွာလူကြီးကို ထပ်မံလိုက်ရှာ ကြရာ ရွာ၏ အရှေ့ဘက် ၁ မိုင်အကွာ ကျောက်တောင်ကြားမှာ (၂)ရက် (၂)ညတတိ အစာရေစာငတ်ပြတ်နေပြီး ဒဏ်ရာဒဏ်ချက် အများအပြားနှင့် သွေးထွက်သံယိုများဖြင့် လဲကျနေသောရွာလူကြီး ကိုတွေ့ခဲ့ကြရကြောင်း သိရသည်။  ယခုအချိန်တွင် ၎င်း၏ဆွေမျိုး များက ကုသပေးနေကြောင်း နှင့် ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သောကြောင့် ကျင်ကြီးစွန့်သည့်အခါ သွေးပါတဲ့အတွက် ကျန်းမာရေး အခြေအနေမှာ အလွန်စိုးရိမ်ဖွယ် ရှိသည်။

ရွာလူကြီး၏ နေရပ်လိပ်စာနှင့် အချက်အလက်  အမည်မှာ လုံးသောင်းဖြစ်ပြီး

အသက် -(၅၀)နှစ်

ရွာလူကြီးသက်တမ်း(၁)နှစ်

အဘ – လုံးဝိုက် အမိ – ဒေါ်ရွှေ

ဇနီး – မသိရ သား- ၄ ယောက် ၊ သမီး- ၃ ယောက်

ဇာတိ – မူးဆေးရွာ နောင်လှိုင်အုပ်စု လွိုင်လင်ခရိုင် ရှမ်းပြည်နယ်တောင်ပိုင်း။

၀၈/ ၀၆/၂၀၁၈ ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီကျော်အချိန်တွင်လည်း ဗိုလ်ကြီးသောင်းလင်းထွဋ် ဦးဆောင်သော  ခမရ (၄၃၀) သည် အင်အား (၃၀)ယောက်နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နောင်လှိုင်အုပ်စု  ဝမ်နောင်ပါတက်၏ အရှေ့မြောက်ဘက်(၁၅) ကီလီိုမီတာအကွာရှိ  ဝမ်နမ့်မော်ဖိုင် ကျေးရွာအတွင်း RCSS/SSA တပ်သားများ ရှိသည်ဟု သံသယရှိသော နေအိမ် (၆)လုံးခန့်ကို တံခါးသော့ရိုက်ဖြုတ်ပြီး  အိမ်အတွင်းသို့ ဝင်ရောက်မွှေနှောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သေးကြောင်းသိရသည်။

၁။ စိုင်းကုမ်း  အသက် – ၃၀  အဘ – လုံးစိုင်းအော အမိ – ပါနန်းထွန်း

၂။ စိုင်းလှအောင် အသက် ၃၁ အဘ – လုံးစိုင်းအုန်း အမိ – ပါနန်းဖိန်း

၃။ စိုင်းနေ အသက် ၃၂ အဘ – လုံးစိုင်းလူ အမိ – ပါနန်းဆု

၎။ စိုင်းပန်း အသက် ၃၃ အဘ – လုံးစိုင်းအုန်း  အမိ – ပါနန်းခင်

၅။ စိုင်းပန်း အသက် ၃၀ အဘ – လုံးစိုင်းအောင် အမိ – ပါနန်းမတ်

၆။ စိုင်းကန့်ပြား အသက် ၂၈ အဘ – လုံးစိုင်းအောင်ဆာ အမိ – ပါနန်းထွန်း

၎င်းများကို RCSS/SSA တပ်သားများဖြစ်သည်ဟု စွပ်စွဲပြီး ဗိုလ်ကြီးသောင်းလင်းထွဋ် ဦးဆောင်သော ခမရတပ် ဖွဲ့တို့ ရှာဖွေနေကြသော ရွာသား (၆) ဦးအမည်များဖြစ်သည်။

ရွာအတွင်းကို ရှာဖွေမွှေနှောက်သော်လည်း ၎င်းခြောက်ဦးကို မတွေ့ရှိသဖြင့် ပါနန်းဥ ပါနန်းနု ပါနန်းမှူးတို့ သုံးယောက်ကို ခေါ်ယူပြီး ”သူတို့က RCSS/SSAတပ်သားတွေမဟုတ်လား သူတို့မှာ သေနတ်တွေ စကား ပြောစက် တွေဘယ်မှာဝှက်ထားသလဲ တွေ့မိသေးလား”ဟု မေးမြန်းခဲ့ကြောင်းနှင့် အဆိုပါအမျိုးသမီးတို့  သည်လည်း “ထို (၆) ယောက် ဘယ်မှာရှိနေကြောင်း မသိရ” ဟု ပြန်လည်ဖြေကြားခဲ့သည် ဟုသိရသည်။

အစိုးရစစ်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လယ်သမားတစ်ဦးကို ရိုက်နှက်ပြီး ရွာသူကြီးရဲ့အိမ်ကို သွားရောက်မွှေနှောက်ခဲ့

၂၀၁၈ ခုနှစ် ဇူလှိုင်လ ၈ ရက်နေ့က ဝမ်စဝ်နားလုံကျေးရွာမှ ရောက်လာတဲ့ အစိုးရစစ်တပ် ခမရ (၄၃၀) မှ  ဗိုလ်မှူးအောင်မင်းထွန်း ဦးဆောင်သော အင်အား (၃၀)ကျော် တပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်(၁၀) ယောက်တို့ လယ်အလုပ်မှ အိမ်ကိုပြန်လာသော အသက်(၃၄)နှစ် လုံးလိုင်နှင့် ပါဖန်တို့၏သား စိုင်းဝန်းကို ” မင်းတို့ကို ရွာသူကြီးက ဘယ်သူလဲ၊ မင်းမှာ သေနတ်ရှိလား ၊ ဘယ်မှာဝှက်ထားတာလဲ ” ဟု စစ်မေးပြီးနောက် ၀ိုင်း ရိုက်နှက်ကန်ကျောက်ပြီးပြန်လွတ်ခဲ့သည်။

အဲ့နောက်တဆက်တည်းမှာပင် အဆိုပါ တပ်ဖွဲ့တို့သည် လုံးလိတ်နှင့် ပါပေါက်တို့၏သား လွိုင်ကိုင် ရွာသူကြီး စိုင်းဆုနန်တရဲ့ အိမ်တွင်းအိမ်ပြင် အနှံ့မွေနှောက်ပြီး သေတ္တာထဲရှိ တန်ဖိုး (၃၅၀၀၀) ကျပ် စကားပြော စက်တစ်လုံး  နှင့် တန်းဖိုး(၅၀၀၀)ကျပ် ပါဝါဘန့် တစ်လုံးပါ သိမ်းယူခဲ့သည်။  သေနတ်တွေကို အိမ်ထဲ (သို့မဟုတ်)တောထဲမှာ သိုဝှက်ထားသည်ဟု စွပ်စွဲခဲ့သည်။

အစိုးရစစ်တပ်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပစ်ခတ်တိုက်ခိုက်နေစဉ်အတွင်း ရွာသားပိုင်ပစ္စည်းများ ခိုးဝှက်ခဲ့ခြင်း

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် RCSS/SSA နဲ့ တိုက်ခိုက်နေစဉ်အတွင်း အစိုးရတပ်သားများက ရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များခိုးဝှက်ခဲ့ကြသည်။

၁၁/၀၆/၂၀၁၈ ရက်နေ့တွင် စစ်ဆင်ရေး ကွပ်ကဲမှု  စကခ(၁၇)လက်အောက်ခံ မိုးနဲ မြို့နယ်၊  ကျိုင်းတောင်း အခြေစိုက် ခမရ (၅၇၆) စစ်တပ်မှ အင်အား(၁၀၀) ကျော်  ရှမ်းပြည်နယ်တောင်ပိုင်း  မိုင်းကိုင်မြို့ နယ် ဟမ်းငိုင်းကျေး ရွာ အုပ်စု ဝမ်နမ့်အွတ်ကျေးရွာ မှ ရွာသားပိုင်အိမ်မွေး တိရိစ္ဆာန်များကို ခိုးခြင်း ဝှက်ခြင်း ပြုလုပ်ခဲ့ ကြသည်။ လုံးဆု+ ပါဆာတို့  ဝက်(၅)ကောင် တန်းဖိုး-၁,၅၀၀,၀၀၀ ကျပ် နှင့်  စိုင်းဆိုင်မြင့်+နန်းမွန်းတို့ ကျွဲ တစ်ကောင်  တန်ဖိုး- ၂,၀၀၀,၀၀၀ ကျပ် ဆုံးရှုံးခဲ့ကြကြောင်း  သိရသည်။

အစိုးရစစ်တပ်သည် ဇူလှိုင်လ ၉ ရက်နေ့  (၂၁) ရာစု တတိယကြိမ်မြောက် ပင်လုံညီလာခံ ငြိမ်းချမ်းရေးဆွေး နွေးပွဲမတိုင်ခင် (၂)ရက်အလို နေ့လယ် ၁၁း၃၀ နာရီဝန်းကျင်အချိန်၌  မိုင်းကိုင်မြို့နယ်ဟိုခိုင်းကျေးရွာအုပ်စု ဟိုခိုင်း ရွာ အနောက်ဘက် ဝမ်ဟွေမွန်းကျေး ရွာတွင်  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် ကြီးကျယ်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ရွာသူရွာသား တစ်ထောင်ကျော် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး လုံခြုံမှုရှိရာဘုန်းကြီးကျောင်းများ တွင်ခိုလုံနေရကြောင်း သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်သည် NCA ငြိမ်းချမ်းရေးလက်မှတ်ကို အောက်  တိုဘာလ ၂၀၁၅ ခုနှစ်ကတည်းက နိုင်ငံတော်အဆင့်ထိ လက်မှတ်ထိုးထားပြီးဖြစ်သော အဖွဲ့အစည်း ဖြစ်သည့်အပြင် နိုင်ငံတော်ငြိမ်းချမ်းရေးဖော်ရေးရာ၌လည်း အစိုးရတို့နှင့် အတူတက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ RCSS/SSA သည် လူမျိုးအလိုက် နိုင်ငံရေးဆွေး နွေးပွဲလုပ်ရန် လူထုအတွင်း တွေ့ဆုံပြင်ဆင်သောအခါ အစိုးရတပ်က လိုက်၍ တားဆီးပိတ်ပင် ခြင်းကိုခံခဲ့ရသည်။

ဆက်သွယ်ရန် :

စိုင်းဟော်ရှဲန်  +66: 62- 941-9600 (ရှမ်း, အင်္ဂလိပ်)

စိုင်းရွက်လွင်   +66: 97- 143-1530 (ရှမ်း, မြန်မာ)

ဤသတင်းအစီရင်ခံစာ မြန်မာဘာသာကို PDF ဖြင့် ဤနေရာတွင် ရယူပါ။

ဤသတင်းအစီရင်ခံစာ ရှမ်းဘာသာကို PDF ဖြင့် ဤနေရာတွင် ရယူပါ။

ဤသတင်းအစီရင်ခံစာ အင်္ဂလိပ်ဘာသာကို PDF ဖြင့် ဤနေရာတွင် ရယူပါ။