ငြိမ်းချမ်းရေး တတ်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထောင်ချတာ မဖြစ်သင့် ( ရုပ်/သံ)

July 14th, 2018  •  Author:   MCN TV News  •  1 minute read

ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားနေတဲ့ လူငယ်တွေကို ဖမ်းဆီးထောင်ချနေမှုတွေဟာ မဖြစ်သင့်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စားပွဲဝိုင်းမှာထိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေပေမယ့် တစ်ဖက်မှာ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားနေတဲ့ လူငယ်တွေကို ဖမ်းဆီးတရားစွဲဆိုတာတွေဟာ မဖြစ်သင့်ဘူးလို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်နဲ့ မြန်မာနိုင်ငံ လူငယ်များရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

Soundbites-လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်း

ဒါ့အပြင် လက်ရှိအခြေအနေမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့က ငြိမ်းချမ်းရေးလှုပ်ရှားနေတဲ့ လူငယ်တွေရဲ့ အခွင့်အရေးနဲ့ အနာဂါတ်တွေကို ထည့်သွင်း စဉ်းစားပေးဖို့လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

Soundbites-လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်း

ပြီးခဲ့တဲ့ ဧပြီလနဲ့မေလတွေမှာ ထောင်ချီတဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေရပ်စွန့်ခွာ ထွက်ပြေးစေတဲ့ စစ်ပွဲတွေ ရပ်တန့်စေဖို့ မြစ်ကြီးနား၊ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေထဲက အနည်းဆုံး ၄၇ ဦးတရားစွဲဆိုခံထားရပါတယ်ခင်ဗျား။

မူရင်းသတင်းကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။