Statement 721 Views

ဘားအံ မြို့နယ်အတွင်း တည်ဆောက်မည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံအား မြန်မာအစိုးရမှ ပယ်ဖျက်ကြောင်း ပြောဆိုချက်အပေါ် သဘောထား ထုတ်ပြန်ချက်

April 4th, 2018  •  Author:   131 Civil Society Organizations  •  2 minute read

ကရင်ပြည်နယ် ဘားအံမြို့အနီးရှိ ဝတ်ကြီးဒေသတွင် တည်ဆောက်မည်ဖြစ်သည့် မီဂါဝပ် ၁၂၈၀ ခန့် ထုတ်လုပ်မည့် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေးစက်ရုံအား မြန်မာအစိုးရအနေဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။ ဤသို့ ပြောကြားချက်အပေါ် စီမံကိန်းအား စွမ်းစွမ်းတမံ ကန့်ကွက်ခဲ့ကြသော ဒေသခံများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါသည်။ ထိုထက်မက ပိုမိုသေချာသောလုပ်ငန်းစဉ် ဖြစ်စေရန် ဖော်ပြပါ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၃၁ ဖွဲ့ မှ အောက်ပါ အချက်များကို တောင်းဆိုလိုက်ပါသည်။

• ပြည်ထောင်စု ဝန်ကြီး၏ ကြေငြာချက်အား အလေးထားဆောင်ရွက်သည့် အနေဖြင့် လက်ရှိတွင် အဆိုပြုလျာထားသော စီမံကိန်းများနှင့် ယာယီ ရပ်ဆိုင်းထားသော စီမံကိန်းများကိုပါ လုံးဝ ဖျက်သိမ်းရန်။

• ကျောက်မီးသွေးစီမံကိန်းများမှာ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ထိခိုက်ပျက်စီးမှု ကြီးမားသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကျောက်မီးသွေးစီမံကိန်းများအား ဆိုင်းငံ့ကြောင်း နိုင်ငံတော်အဆင့် ကြေငြာချက်ထုတ်ပြန်ရန်။

• ဒေသခံ လူထု၏ ဆန္ဒနှင့် လိုအပ်ချက်များနှင့် လိုက်လျောညီထွေသည့် ပြည့်မြဲစွမ်းအင် စီမံကိန်းများအား အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးကို ရှေးရှုကာ မူဝါဒဆိုင်ရာပြင်ဆင်မှုများ၊ စီမံကွပ်ကဲသည့် မူဘောင်များ ချမှတ်ဆောင်ရွက်ရန်။

ဝန်ကြီး၏ ကြေငြာချက်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်သူ စောအောင်သန်းထွေးမှ ယခုလို တင်ပြခဲ့သည်။

“ အခုလို ပြည်ထောင်စု ဝန်ကြီးက စီမံကိန်းကို ဖျက်သိမ်းတယ်လို့ ကြေငြာလိုက်တဲ့အတွက် ဝမ်းလည်းသာတယ်။ ကျေးဇူးလည်းတင်တယ်။ ရလာဒ်အတွက် ကျေနပ်ပေမယ့် အခုလက်ရှိထိတော့ အခြေအနေကို ဂရုတစိုက်နဲ့ စောင့်ကြည့်နေရတုန်းပဲ။ ပြည်ထောင်စု အစိုးရ အနေနဲ့လည်း ဒီစီမံကိန်းကို ဖျက်သိမ်းကြောင်း ကြေငြာသင့်တ ယ်။ ဒါမှ ကျွန်တော်တို့ စိတ်အေးရမှာ။ ”

၂၀၁၇ ခုနှစ် ဧပြီလတွင် ကရင်ပြည်နယ် အစိုးရနှင့် တိုယိုထိုင်း ကော်ပိုရေးရှင်း လီမိတက် (TTCL) မှ ဖားအံမြို့အနီး ဝတ်ကြီးဒေသတွင် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး စမ်းသပ်လေ့လာမှု တစ်ခု ပြုလုပ်နိုင်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြပါသည်။ ထို့အပြင် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ကရင်ပြည်နယ် အစိုးရနှင့် TTCL တို့မှ စီမံကိန်း မြေဧက ၈၁၅ ဧကအား နှစ် (၄၀) စာချုပ်ဖြင့် ငှါးရမ်းရန် ပူးတွဲ စာချုပ် ချုပ်ဆိုခဲ့သည်။ စီမံကိန်း လျာထားသည့် နေရာမှာ သံလွင်မြစ်အနီးတွင် တည်ရှိသည်။

ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် ကရင်ပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်း ၄၂ ဖွဲ့နှင့် အခြား မြန်မာပြည် တဝှမ်းမှအခြား အဖွဲ့ပေါင်း ၁၃၀ ဖွဲ့မှ စီမံကိန်းအား ဖျက်သိမ်းရေးကို ထုတ်ပြန်ကြေညာကာ တောင်းဆိုခဲ့ကြသည်။ ထို့အပြင် စီမံကိန်းအား ကန့်ကွက်ကြောင်းစာကိုလည်း ဒေသခံ (၂၉၈၀) ကျော်မှ
လက်မှတ်ရေးထိုးကာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးပို့ပြီး ဖြစ်သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင်လည်း ဒေသခံများ စုစည်းကာ စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒ ထုတ်ဖော်မှုအား (သုံးအိမ်ကျေးရွာ) တွင်လည်း ပြုလုပ်ခဲ့သည်။

ဤကဲ့သို့ ဒေသခံများမှ ကန့်ကွက်နေကြသည့်တိုင် TTCL ကုမ္ပဏီမှ ကရင်ပြည်နယ်အစိုးရနှင့် ဘားအံဒေသရှိ ပြည်သူအချို့အား ဂျပန်နိုင်ငံရှိ ဟီကီနန် (Hekinan) ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား လေ့လာရေး ခေါ်ဆောင်ကာ ဘားအံရှိစီမံကိန်းအား လက်ခံလာစေရန် ဆွဲဆောင်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် လက်ရှိအချိန်တွင်လည်း ကုမ္ပဏီမှ ဒေသတွင်းတွင် ဆက်လက် လုပ်ဆောင်နေမှုများနှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးဖြစ်သော စောနေလင်းထွန်းမှ အောက်ပါအတိုင်း ပြောခဲ့သည်။

“ စီမံကိန်းကို ပြည်ထောင်စုအဆင့်က ခွင့် မပြုဘူးဆိုပေမဲ့ ပြည်နယ်အဆင့်မှာတော့ မရေရာ မသေချာသေးဘူး။ စီမံကိန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ရဖို့ခက်တယ်။ ပြီးတော့ အောက်ြေ ခမှာလည်း ကုမ္ပဏီကြေ မလာ ၀ ယ်တာတွေရှိနေတုန်းပဲ။ ”

သတင်းများအရ တိုယိုထိုင်း ကော်ပိုရေးရှင်း လီမိတက် (TTCL) ကုမ္ပဏီမှ ကနဦးတွင် မွန်ပြည်နယ် အံဒင်ဒေသတွင် ကျောက်မီးသွေး ဓါတ်အားပေး စီမံကိန်းအားတည်ဆောက်ရန် အစီအစဉ် ချခဲ့သော်လည်း၂၀၀၅ ခုနှစ်တွင် ထိုစီမံကိန်းအား အံဒင်ဒေသမှ ဒေသခံ ၅၀၀၀ ခန့်က အပြင်းအထန်ကန့်ကွက်မှုများ ပြုလုပ်ခဲ့သောကြောင့် နောက်ဆုံးတွင် ထိုစီမံကိန်းအား ဖျက်သိမ်းခဲ့သည်။ယင်းစီမံကိန်း ပျက်ပြားသွားသည့် အတွက်ကြောင့် ကရင်ပြည်နယ် ဘားအံတွင် တည်ဆောက်ရန် ကြိုးစားလာခြင်း ဖြစ်ကြောင်း သိရပါသည်။

မြန်မာပြည်အ၀ှမ်းတွင် လျာထားသော ကျောက်မီးသွေးစီမံကိန်းများသည် အဓမ္မပြောင်းရွှေ့မှု၊ လေထုရေထု ညစ်ညမ်းမှုများ၊ စားဝတ်နေရေးနှင့် ကျန်းမာရေးထိခိုက်မှု ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သည့် စိုးရိမ်ချက်များကြောင့် ဒေသခံလူထုမှ ဆက်လက် ကန့်ကွက်နေကြခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ စီမံကိန်းများကြောင့် ပြည့်မြဲစွမ်းအင် စီမံကိန်းများမှာ မရှိမဖြစ် လိုအပ်လာသည်မှာ အမှန်ပင် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများသည် ဖွံ့ဖြိုးပြီး နိုင်ငံများကဲ့သို့ ပြည့်မြဲစွမ်းအင် စီမံကိန်းများအား အရှိန်နှစ်ဆ တိုးမြှင့် ဆောင်ရွက်နေကြပြီး ဖြစ်သည်။ ယခုကဲ့သို့ ပြောင်းလဲလာရသည်မှာလည်း စားရိတ်ကုန်ကျမှုနှုန်းမှာ လျော့ကျလာပြီး ပိုမိုကောင်းမွန်သော နည်းပညာများ ထွန်းကားလာသောကြောင့် ဖြစ်သည်။ ထို့အပြင် ပြည့်မြဲစွမ်းအင် စီမံကိန်းများသည် ဒေသခံများအတွက် လျပ်စစ်ဓါတ်အားကို ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံနှင့် အကြီးစား ရေအားလျပ်စစ် စီမံကိန်းများထက် လျင်မြန်စွာ ဖြန့်ဝေပေးနိုင်သည်။ မြန်မာပြည် ကျေးလက်ဒေသတဝှမ်းတွင် မဟာဓါတ်အားလိုင်းပြင်ပမှ တစ်နိုင်တစ်ပိုင် ထုတ်ယူနိုင်သည့် ပြည့်မြဲစွမ်းအင် စီမံကိန်းပေါင်း ၃၅၀၀ ကျော်ကို အကောင်အထည်ဖော် အသုံးပြုနေကြပြီး ဖြစ်သည်။ ၎င်းနှင့် ပတ်သက်၍

“ ဒီအချိန်က စွမ်းအင်ကို ဗဟိုထိန်းချုပ်မှုစနစ်ကနေ ခွဲထွက်ပြီး ဒေသခံတွေစီမံတဲ့ ရေရှည်တည်တံ့မယ့် စွ မ်းအင်စီမံကိန်းတွေကို လုပ်ဆောင်ဖို့ အခွင့်အခါကောင်းဖြစ်နေပြီ။ စွမ်းအင်လုံလောက်ရေးအတွက် လူထုဗဟြို ပု ဆုံးဖြတ်ချက်ချတဲ့ အစီအစဉ်တွေကို ဖေါ်ဆောင်ဖို့အရေးကြီးတဲ့ အချိန်လို့ ကျနော်တို့ယူဆတယ်။ ” ဟု စောသာဘိုးမှပြောပါသည်။

ကျောက်မီသွေးစီမံကိန်းများကြောင့် ကမာ့္ဘရာသီဥတုအား အလွန်ထိခိုက်လာနေပြီး ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုများပြားလာကြောင်း ကမ္ဘာမှသိမြင်လာကြပြီဖြစ်သည်။ သို့အတွက် မြန်မာနိုင်ငံအနေဖြင့် ကျောက်မီးသွေးအသုံးပြု စွမ်းအင်ထုတ်မှုအား ရှေးရှုလျှင် ဒေသခံလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အား စတေးရာရောက်သည့်အပြင် ပြည့်မြဲစွမ်းအင်အား ဦးစီးဆောင်ရွက်သည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်မည့် အခွင့်အရေးအား ဆုံးရှုံးရပေလိမ့်မည်။ စွမ်းအင်လိုအပ်ချက်အတွက် ရုပ်ကြွင်းလောင်စာအသုံးပြုထုတ်လုပ်ခြင်းမှာ မှန်ကန်သည့်ရွေးချယ်မှုမဟုတ်ပေ။

ဆက်သွယ်ရန်

စောအောင်သန်းထွေး ၀၉၇၆၇၄၁၃၃၅၅
စောနေလင်းထွန်း ၀၉၇၆၇၂၅၃၈၄၃
စောသာဘိုး ၀၉ ၄၄၅၀ ၅၅၆၅၉

1. ဖလုံပညာရေး ဖွံ့ဖြိုးရေးယူနစ်
2. ကရင်အမျိုးသမီးဖွံဖြိုးရေးအဖွဲ့ (ကရင်ပြည်နယ်)
3. အမျိုးသမီးအဖွဲ့အစည်းများကွန်ရက် (ကရင်ပြည်နယ်)
4. ” ခြေလှမ်းသစ် ” ဆယ်ကျော်သက်လူငယ်များ ဖွံ့ဖြိုးရေးအဖွဲ့
5. ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (ကရင်ပြည်နယ်)
6. တရားမျှတလွတ်လပ်သော အမျိုးသမီးများကွန်ရက်
7. ကရင်လူ့အခွင့်အရေးအုပ်စု
8. Youth Heart လူငယ်ဖွံ့ဖြိုးရေးအဖွဲ့
9. ပွင့်လင်းလူငယ်အဖွဲ့
10. ပအိုဝ်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း(ကရင်ပြည်နယ်)
11. မွန်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း (ကရင်ပြည်နယ်)
12. ဒီမိုကရေစီလှုပ်ရှားမှုဆိုင်ရာ ကရင်ပြည်နယ်အမျိုးသမီးများအုပ်စု
13. ” ထောင်းလယာ့ ” ပညာရေးစုစည်းရာအဖွဲ့
14. ” ဇွဲကပင်မြေ ” လူမှုဖွံ့ဖြိုးရေးအဖွဲ့
15. MATA ကရင်ပြည်နယ်
16. အမျိုးသမီးရှေ့ဆောင်အုပ်စု
17. လူငယ်အခြေပြုသင်ကြားရေးစင်တာ
18. Youth Community Centre ( YCC)
19. ” အကြင်နာမီးအိမ် ” ပညာရေးဝန်ဆောင်မှုအဖွဲ့
20. ” ယူရီ ” ဘာသာစကား သင်ကြားလေ့လာရေးစင်တာ
21. ” Gate Way ” ပညာရေးမြင့်တင်မှုစင်တာ
22. ဘားအံပညာရေးဖောင်ဒေးရှင်း
23. သံလွင်အနောက်ခြမ်း လူမှုဖွံ့ဖြိုးရေးအုပ်စု
24. ဗုဒ္ဓဘာသာ မျိုးဆက်သစ်လူငယ်ဆွမ်းလောင်းအသင်း
25. ငါးနက်ပြာ လူမှုရေးအဖွဲ့
26. Millennium Self Access Language Center
27. Bridge for All
28. SuriyaSanda Generation
29. ကရင်ကျောင်းသားများရိပ်သာ (KSC)
30. Research Institution for Society and Ecology (RISE)
31. Interfaith Youth Cooperation Action For Peace (IYCAP)
32. Thwee Development Network
33. ဘားအံလူငယ်ကွန်ရက်
34. မိကရင်လူငယ်အဖွဲ့
35. ဆာမူထော် လူမှုဖွံ့ဖြိုးရေးအဖွဲ့
36. လူမူထာ လူမှုဖွံ့ဖြိုးရေးအဖွဲ့
37. ဟူးဖိုးကပေါ် လူမှုဖွံ့ဖြိုးရေးအဖွဲ့
38. ၀င်းဒရယ်သက်မွေးအထောက်အကူပြုအဖွဲ့
39. Karen Student Network Group (KSNG)
40. Thoo Mweh Khee Migrant School
41. Karen River Watch (KRW)
42. Karen Women Organization (KWO)

အခြားသောပြည်နယ်မှ အရပ်ဘက်အဖွဲ့အစည်းများ
43. Myanmar – China Pipeline Watch Committee
44. Peace & Open Society (Kyaukse )
45. Myanmar Alliance for Transparency & Accountability (Mandalay)
46. Farmer Union (Kyaukse )
47. Green For All ( နွားထိုးကြီးမြို့နယ် )
48. Green For All ( တောင်သာ )
49. စိမ်းလန်း မိုးကုတ်
50. ရွှေလုပ်သားများ သမဂ္ဂ (သပိတ်ကျင်း မြို့နယ်)
51. စိမ်းလန်းပြင်ဦးလွင်
52. အခြေခံဥပဒေပြင်ဆင်ရေးပြည်သူ့ကွန်ယက်
53. ရေကြည်စမ်း
54. POPP (Peace for Peaceful Plurism)
55. မြတ်ဝန်းသစ် (Myat Won Thit)
56. Myiny Ma Kha Guard
57. Public Network
58. EDU Wave
59. East Light Development Group
60. Bago Youth Network
61. အလင်းသက်တန့်
62. ရိုးမချစ်သူ (Yoma Vhit Thu)
63. မော်ကွန်းသစ် (Maw Kun Thit)
64. သဲကုန်းလူငယ်အဖွဲ့ချုပ် (Thae Kone Youth League)
65. အလင်းစေတမန် (Alin Say Ta Marn)
66. ရွှေရိပ်စစ် (Shwe Yeik Sit)
67. ရွှေကျင်ချစ်သူ (Shwe Kyin Chit Thu)
68. မှိုင်းကွန်ယက် (Hmine Network)
69. PACE-G (Political And Civil Engagement Group)
70. မွန်ပြည်နယ် MATA အဖွဲ့
71. မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်
72. တောင်သူလယ်သမားသမဂ္ဂ (မကွေး)
73. Simple Smile (ပခုက္ကူ)
74. မေတ္တာစမ်းရေငြိမ်းချမ်းရေးနှင့် လူမှုဖွံ့ဖြိုးရေးအဖွဲ့
75. ငြိမ်းချမ်းရေးနှင့် နိုးကြားသောလူငယ်များအဖွဲ့
76. ရွှေညာမြေ အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
77. အလုပ်သမား သမဂ္ဂ(ရွှေရောင်မျိုးဆက်)
78. အလုပ်သမား သမဂ္ဂ (ထောက်ရှာပင်)
79. စေတုတ္တရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
80. ဧရာဝတီမြစ်အနောက်ဖက်ခြမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု ( ၉ – မြို့နယ် )
81. ကျေးလက်လူငယ်ကွန်ယက်
82. သစ်ပင်ချစ်သူများအဖွဲ့
83. ဧရာဝတီမြစ်အနောက်ဖက်ခြမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု ( ငဖဲမြို့နယ် )
84. လွတ်လပ်သောအရှိုချင်းအမျိုးသားအင်အားစု
85. ပွင့်ဖြုဖွံဖြိုးတိုးတက်ရေးအဖွဲ့ ( PDO )
86. ရိုးမချင်းအဖွဲ့ (စေတုတ္တရာ)
87. TANKS
88. Humanity Institute (HI)
89. Our Future Initiative (OFI)
90. Southern Youth
91. မေတ္တာလက်ကမ်း
92. မြိတ်မြို့နယ်တောင်သူလယ်သမား သမဂ္ဂ
93. လမ်းစအဖွဲ့
94. Tanintharyi Fisheries Partnership
95. Tanintharyi Green Network
96. Motherland
97. သယံဇာတစောင့်ကြည့်ရေးအဖွဲ့ (တနင်္သာရီ)
98. သယံဇာတစောင့်ကြည့်ရေးအဖွဲ့ (ပလောက်)
99. ၈၈ ပုလော
100. ၈၈ မျိုးဆက် (မြိတ်)
101. အမျိုးသမီးများ သမဂ္ဂ (မြိတ်)
102. သွေးချင်းသစ္စာအဖွဲ့
103. National Network for Education Reform (NNER) – Myeik
104. All Burma Students’ Democratic Front – ABSDF ရဲဘော်ဟောင်းအဖွဲ့
105. Lesbian, Gay, Bisexual and Transgender – LGBT
106. ဆရာများသမဂ္ဂ (မြိတ်ခရိုင်)
107. သိန္ဓော သယံဇာတ စောင့်ကြည့်ရေးအဖွဲ့ (တနင်္သာရီ)
108. ၈၈ ကော့သောင်း
109. FLEGT ဘုတ်ပြင်း
110. တောင်သူလယ်သမားသမဂ္ဂ(ကော့သောင်းမြို့နယ်)
111. ကျောက်မီးသွေးစောင့်ကြည့်ရေးအဖွဲ့
112. ပါချန်မြစ်ထိန်းသိမ်းရေးအဖွဲ့
113. OFI (ဘုတ်ပြင်း)
114. Tanintharyi Fisheries Partnership
115. Dawei Development Association – DDA
116. ပေါက်တိုင်းချောင်းဖွံ့ဖြိုးရေးကော်မတီ
117. Dawei Watch Fundation
118. ကလုံးထာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ
119. Cambridge Student Liberal Democrats – CSLD
120. သတ္တုတွင်းစောင့်ကြည့်ရေးအဖွဲ့
121. မိုင်းပန်လူငယ်အစည်းအရုံး – MPYA
122. ကရင်နီပြည်လူငယ်များသမဂ္ဂ – UKSY
123. ကယန်းမျိုးဆက်သစ်လူငယ် – KNGY
124. ကယန်းအမျိုးသမီးအစည်းအရုံး – KyWO
125. ကရင်နီအမျိုးသားလူငယ်အစည်းအရုံး – KNYO
126. ကရင်နီပြည်ကျောင်းသားများသမဂ္ဂ – KSSU – တစ်သီးပုဂ္ဂလတက်ကြွလှုပ်ရှားသူများ
127. သံလွင်ချစ်သူအဖွဲ့
128. Mong Pan Youth Association
129. သံလွင်သားချင်းများ
130. သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက် (SSN)
131. EarthRights International

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

Download this statement in English HERE.