Press Release 602 Views

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ သတင်းထုတ်ပြန်ချက်

March 6th, 2018  •  Author:   Karenni National Progressive Party  •  1 minute read
Featured image

၁။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့၏ အလွတ်သဘောဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ (၇) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ရန်ကုန်မြို့ ရှိ NRPC ရုံး၌ ကျင်းပမည်ဖြစ်ပါသည်။

၂။ ထိုအလွတ်သဘော ဆွေးနွေးပွဲ၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် နှစ်ဖက်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ပါသည်။

၃။ ထို့အပြင် KNPP အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်နိုင်ရေးကိစ္စများ နှင့် UNFC ၏ အဆိုပြုချက် (၈) ချက်ထဲမှ ကြေလည်မှုမရရှိသေးသည့်အချက်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဆက်သွယ်ရန် –

၁။ နဲနယ်ပလိုး
၂။ တာဂေချိုင်း

(+၉၅) ၉၇ ၈၇၅၁ ၆၀၉၇

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

Download this press release in English HERE.