Statement 601 Views

နိုင်ငံတော်အစိုးရ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်မည့် အစီအစဉ်များအပေါ် သဘောထားကြေငြာချက်

February 20th, 2018  •  Author:   36 Myanmar Civil Society Organizations  •  1 minute read

မြန်မာနိုင်ငံတော်အစိုးရမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်တော့မည်ဟု သိရသဖြင့် ကျွန်ုပ်တို့ အလွန်စိုးရိမ်မိပါသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စတင်လည်ပတ်ပါက ထားဝယ်ဒေသ ကမ်းရိုးတန်းတစ်လျှောက်ရှိ လူ့အဖွဲ့အစည်းများမှသည် နယ်စပ် တောင်တန်းဒေသများအထိ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ ထားဝယ်မြို့ အပါအ၀င် ၄င်းနှင့် ထိစပ်လျှက်ရှိသည့် နယ်ပယ်ဧရိယာများ၊ ထားဝယ်ဒေသမှ အခြားသော ယိုးဒယား အစရှိသည့် တိုင်းတပါးနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သွားရောက် အလုပ် လုပ် ကိုင်လျက် ရှိသည့် ကျွန်ုပ်တို့၏ သွေးသားရင်းချာညီအစ်ကိုမောင်နှမများနှင့်၎င်းတို့၏ မိဘ ဆွေမျိုးညာတကာများ အားလုံးသည် အဆိုပါစီမံကိန်းကြီး၏ အကျိုးဆက်အနေဖြင့် ကြီးမားပြီး နှစ်ကာလ ရှည်ကြာသည့် အပြောင်းအလဲများကို ခံစားကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့ ထားဝယ်လူမှုအဖွဲ့အစည်း၏ မြေယာနှင့်စားဝတ်နေရေးလုပ်ငန်းများ၊ ကျွန်ုပ်တို့၏ အစဉ်အလာကြီးမားသည့် သမိုင်းကြောင်းနှင့် ရိုးရာအစဉ်အလာများ၊ သဘာဝပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှုများ အပါအ၀င် ကျွန်ုပ်တို့၏အနာဂတ်ကို အတူတကွ တည်ဆောက်နိုင်မည့် စွမ်းရည်ဂုဏ်သတ္တိများအားလုံးသည် အဆိုပါ စီမံကိန်းကြောင့် ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။

စီမံကိန်းနှင့်ပတ်သက်သည့် အစီအစဉ်အားလုံးကို အမြန်ဆုံးပြန်လည်စဉ်းစားသုံးသပ်ရန် ထားဝယ် အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဆောင်ရွက်သူများအားလုံးကို ကျွန်ုပ်တို့ အလေးအနက်တောင်းဆိုပါသည်။ ကျွန်ုပ်တို့အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာအရေးကိစ္စများကြောင့်ထိုင်းနိုင်ငံအတွင်း ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း ခံနေရသည့် အီတာလျံ-ထိုင်းဖွံ့ဖြိုးရေး ကုမ္ပဏီ – ITD ကဲ့သို့သော ကန်ထရိုက်တာကုမ္ပဏီများအပါအ၀င် မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့အား အောက်ပါ အချက်များကို တောင်းဆိုပါသည် –

၁။ စီမံကိန်းစတင်အကောင်အထည်ဖော်စဉ်ကာလက ဖြစ်ပျ က်ခဲ့သည့် ပြ ဿာနာများအားလုံးကို အလုံးစုံ အပြည့်အ ၀ ဖြေရှင်း၍ မပြီးမချင်း စီမံကိန်းကို ပြန်လည်မစတင်ပါနှင့်

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာအတွင်း လယ်ယာမြေများ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဥပဒေ လုပ်ထုံးလုပ်နည်းများကို မလိုက်နာပဲ မြေဧကပေါင်းများစွာ သိမ်းဆည်းခြင်းခံခဲ့ရသည်။ ဒေသခံ များ၏ စားဝတ်နေရေး လုပ်ငန်းများအတွက် အဓိက အရေးပါသည့် မြစ်ချောင်းများနှင့် ငါးဖမ်းဧရိယာ အများအပြားသည် စီမံကိန်း လုပ်ငန်းများကြောင့် ပိတ်ပင်ထားဆီးမှု သို့မဟုတ် ညစ်ညမ်းမှုများဖြင့် ကြုံတွေ့ခဲ့ကြရသည်။ အချို့သောရွာသူရွာသားများမှာ စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရသည့် အခြေအနေသို့ဆိုက်ရောက်ခဲ့ရသည်။ အဆိုပါနစ်နာဆုံးရှုံးမှုများကား ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦး လုပ်ငန်းစီမံကိန်းများကြောင့် ထိခိုက်ပျက်စီးခဲ့ရခြင်းများဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါထိခိုက်နစ်နာမှုများအတွက် ဒေသခံရွာသားများ ကျေနပ်လောက်သည့်အခြေအနေရောက်သည်အထိ ဖြေရှင်း မပြီးမချင်း စီမံကိန်းကို ပြန်လည်မစတင်ပါနှင့်။

၂။ မြန်မာနိုင်ငံရှိ ဥပဒေနှင့်အညီ စီမံကိန်းတစ်ခုလုံးကိုလွှမ်းခြုံနိုင်မည့် သဘာ ၀ ပတ် ၀ န်းကျင်ဆိုင်ရာထိခိုက်မှု ဆန်းစစ်ချက် – EIA ပြုလုပ်ရန်

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ ကနဦးအဆင့်အတွက် EIA စုစုပေါင်း ၁၀ ခု ပြုလုပ်ထားပြီးဖြစ်သည်။ သို့သော်လည်း နိုင်ငံတော်မှပြဌာန်းထားသည့် ဥပဒေနှင့်အညီပြုလုပ်ရမည်ဖြစ်သည့် စီမံကိန်းတစ်ခုလုံးကို လွှမ်းခြုံသည့် EIA ကား မပြုလုပ်ရသေးပါ။ သို့ဖြစ်ရာ အဆိုပါ စီမံကိန်းတစ်ခုလုံးကိုလွှမ်းခြုံသည့် EIA ကို ပြုလုပ်ရမည်ဖြစ်သည်။ ယခင်က ပြုလုပ်ခဲ့ပြီးသည့် စီမံကိန်းနှင့်ပတ်သက်သည့် EIA များရေးဆွဲရာတွင် ဒေသခံများ၏ အဓိပ္ပယ်ပြည့်ဝစွာ ပါဝင်ခွင့်နည်းပါးခဲ့ပြီး ဒေသခံများဘက်မှ ပြန်လည် တုံ့ပြန်ခွင့်မရရှိခဲ့ခြင်း သို့မဟုတ် ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးနည်းပါးခဲ့ခြင်းအစရှိသည့် ဒေသခံများဘက်မှ ကာလကြာရှည်စွာ အထူးစိုးရိမ်နေခဲ့ရမှုများကို ထို EIA တွင်ထည့်သွင်းဖော်ပြရပါမည်။ စီမံကိန်းတစ်ခုလုံးကိုလွှမ်းခြုံသည့် EIA ရေးဆွဲကာ အတည်ပြုချက်မရမချင်း စီမံကိန်းကို ပြန်လည်မစတင်ပါနှင့်။

၃။ စီမံကိန်းနှင့်ပတ်သက်သမျှသော မှန်ကန်ပြီး လွယ်လင့်တကူလက်လှမ်းမီသော သတင်းအချက် အလက် များကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးရန်

စီမံကိန်းကို စတင်အကောင်အထည်ဖော်ကြစဉ်ကတည်းကပင် စီမံကိန်းအကောင်အထည်ဖော်သူများသည် ဒေသခံ ရွာသူရွာသားများ၏ ဘ၀နေထိုင်နေရေးနှင့်စားဝတ်နေရေးအတွက် အသက်တမျှအရေးကြီးသည့် စီမံကိန်း နှင့်ပတ်သက် သော အခြေခံသတင်းအချက်အလက်များကိုထုတ်ပြန်ပေးရန်ပျက်ကွက်ခဲ့ကြသည်။ စီမံကိန်း အကောင်အထည် ဖော်သူများသည် ပြန်လည်နေရာချထားရေး၊ လျှော်ကြေးငွေပေးချေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများအစရှိသည့် စီမံကိန်းနှင့်ပတ်သက်သည့် မှန်ကန်သည့်အခြေခံသတင်း အချက်အလက်များကို ကျားမကွဲပြားမှု၊ ၀င်ငွေအနည်းအများ၊ အသက်အရွယ်နှင့် အသက်မွေးဝမ်းကျောင်းမှုအစရှိသည့် အကြောင်းတရားတို့ကို အခြေမခံဘဲ ဒေသခံများအားလုံး အချိန်နှင့်တပြေးညီ လွယ်လင့်တကူ ရရှိနိုင်စေရန် အတွက်ဆောင်ရွက်ပေးရမည်။ အလုပ်အကိုင်အခွင့်လမ်းများ ပေါများစွာရရှိမည်ဟူသည့် အစိုးရမှခန့်မှန်းထားသည့် သတင်းအချက်အလက်များသည် အထင်အမြင် လွဲမှားစေနိုင်ပြီး စိတ်ကူးအိမ်မက်အမှားများနှင့် မမှန်ကန်သည့် ယူဆချက်များကိုဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ စီမံကိန်းအကောင်အထည်ဖော်သူများဘက်မှ သတင်းအချက်အလက်များကို မှန်ကုန်တိကျပြီးအများအလွယ်တကူရရှိနိုင်သည့်နည်းလမ်းဖြင့် အချိန်နှင့်တပြေးညီမထုတ်ပြန်သေးနိုင်သမျှ ကာလပတ်လုံး စီမံကိန်းအား ပြန်လည် မစတင်ပါနှင့်။

၎။ စီမံကိန်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များချမှန်သည့်ကိစ္စရပ်တိုင်းတွင် ဒေသခံများအနေဖြင့် အဓိပ္ပယ် ပြည့် ၀ စွာပါ ၀ င်ခွင့်ရ ရှိအောင်ဆောင်ရွက်ပေးရန်

ဒေသခံများအနေဖြင့် စီမံကိန်းနှင့်ပတ်သက်သမျှသောကိစ္စရပ်များအားလုံးနှင့် အသေးစိတ် အကြောင်းကိစ္စများ ဖြစ်သည့် လျှော်ကြေးပေးခြင်း၊ ပြန်လည်နေရာချထားရေး နှင့် စစ်တမ်းကောက်ယူခြင်း အစရှိသည်တို့ပြုလုပ်ရာတွင် ၄င်းတို့၏ သဘောထားပေးရန်သို့မဟုတ် သဘောဆန္ဒမပေးဘဲနေရန် အခွင့်အရေး အပြည့်အ၀ရရှိအောင် ကျွန်ုပ်တို့တောင်းဆိုသည်။ ၄င်းသည် စီမံကိန်းအကောင်အထည်ဖော်သူများဘက်မှ ပြောဆိုဆောင်ရွက်မှုများ ပြောင်းလဲရန် လိုအပ်သည်။ လျော်ကြေးငွေပေးအပ်ခြင်းနှင့်လခစား အလုပ် ဖန်တီးပေးခြင်းတို့သည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဒေသခံပြည်သူများ အတွက် သဘာဝကျသည့် အဖြေဖြစ်သည်ဟူသည့် စီမံကိန်းနှင့်ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုမှုများပြုလုပ်ခြင်းကို ပြောင်းလဲရမည်ဖြစ်သည်။ ထိုသို့ကျဉ်းမြောင်းသည့်ချဉ်းကပ်မှုအစား ဒေသခံပြည်သူများ အနေဖြင့် ၄င်းတို့၏ အနာဂါတ်ကို ၄င်းတို့ကိုယ်တိုင် ရွေးချယ်ပုံဖော်နိုင်ခွင့်ရှိရမည်။ စီမံကိန်း အကောင်အထည်ဖော်သူများဘက်မှ စီမံကိန်းနှင့် ပတ်သက်သည့် မည်သည့်ဆုံးဖြတ်ချက်များ ချမှတ်သည် ဖြစ်စေ အထက်ပါကဲ့သို့သော ဒေသခံများ၏ အဓိပ္ပါယ် ပြည့်ဝသည့် ပါဝင်မှုရှိနိုင်စေရန် သေချာအောင် ပြုလုပ်မပြီးမချင်း စီမံကိန်းကို ပြန်လည်မစတင်ပါနှင့်။

၅။ ရေရှည်တည်တံ့သည့်စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့်လူထုအခြေပြုခရီးသွားလုပ်ငန်းကဲ့သို့သော အခြား သော ဖွံ့ဖြိုးမှုနည်းလမ်းအသစ်များကိုချက်ချင်းရှာဖွေပါ

မြန်မာနိုင်ငံတော်အစိုးရသည် ညစ်ညမ်းမှုဖြစ်ပေါ်စေသောစက်ရုံများတည်ဆောက်ခြင်းအပေါ်အခြေခံသည့် ဗဟို စီမံကိန်းချ စီးပွားရေးပုံစံအစား ထားဝယ်လူမှုအသိုင်းအ၀ိုင်းအတွင်း တည်ရှိနေပြီးသားဖြစ်သည့် ဘ၀နေထိုင်မှု ပုံစံနှင့် အသက်မွေး ၀မ်းကျောင်းပြုမှုတို့အပေါ်တွင်အခြေခံထားသည့် ဖွံ့ဖြိုးမှု နည်းလမ်း အသစ်များကို အရေးတကြီး ရှာဖွေ ဖော်ထုတ်ရမည် ဖြစ်သည်။ အစိုးရအနေဖြင့် အသေးစားလုပ်ငန်းများ၊ တောင်သူအခြေပြု စိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့သော အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်သည့်လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများ နှင့် မိရိုးဖလာသစ်တောအသုံးပြုမှုပုံစံကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးလာစေရန်နှင့် အဆိုပါလုပ်ငန်းများကို အကာအကွယ်ပေးသည့် မူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။ အဆိုပါလုပ်ငန်းများသည် ထားဝယ်ဒေသခံ ပြည်သူအများ အပြားအတွက် သဘာဝ ပတ်ဝန်းကျင်ကောင်း ဆက်လက်ရရှိနေစေရန်ထိန်းသိမ်းပေးထားနိုင်ပြီး စားဝတ်နေရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။

ထို့အပြင် အထက်ပါလုပ်ငန်းများသည် လူ့အဖွဲ့အစည်းအတွင်း ညီညွတ်ကြံခိုင်မှုကိုပါအထောက်အပံ့ဖြစ်စေပြီး အဆိုပါ ဘ၀နေထိုင်မှုပုံစံသည် လူ့အဖွဲ့အစည်းအားလုံးအတွက် ခေတ်ပေါ်စက်မှုလုပ်ငန်းများနှင့် ဈေးကွက်အခြေပြု အရင်းရှင်ဝါဒ သည် လူ့အဖွဲ့အစည်းအားလုံးအတွက် သဘာဝအဆုံးသတ်အမှတ် ဖြစ်လာနေစေသလော ဟုမေးခွန်းထုတ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ ထားဝယ်ဒေသမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ရေရှည် တည်တံ့သည့် စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်နှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း အစရှိသည့်လုပ်ငန်းများကို ဒေသဖွံ့ဖြိုးရေးအတွက် အခြားသော ရွေးချယ်စရာဗျူဟာများနှင့်မူဝါဒများအဖြစ် ထောက်ခံပါသည်။ အစိုးရအနေဖြင့် ဖော်ပြပါ အခြားသောနည်းလမ်းများကို ချက်ချင်းနှင့် အရေးတယူ ရှာဖွေဆောင်ရွက်ရန် ကျွန်ုပ်တို့တောင်းဆိုသည်။

နောက်ဆုံးအနေဖြင့် ထားဝယ်ဒေသရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ထားဝယ်စီမံကိန်း ပြန်လည် စတင်ပါက မည်သူများ အကျိုးအမြတ်ရမည်ဆိုသည်ကို ပွင့်လင်းရိုးသားစွာ စိုးရိမ်မိပါသည်။ မည်သူများ အကျိုးအမြတ်ရမည်နည်း။ မည်သူတွေ ဆုံးရှုံးနစ်နာမည်နည်း။ ကျွန်ုပ်တို့အနေဖြင့် ညစ်ညမ်းသည့် စက်မှုဇုန်နှင့်အရင်းအမြစ်ထုတ်ယူမှုများမှ နိုင်ငံရေးသမားအနည်းစု၊ စီးပွားရေးသမားများနှင့် စစ်တပ် အသိုင်းအ၀ိုင်းမှရေပေါ်ဆီလက်တစ်ဆုပ်စာလူများသာ အကျိုးအမြတ်ရမည်ကို အထူးစိုးရိမ်မိပါသည်။ အထက်ပါ အကြောင်းပြချက်များအားလုံးအပေါ်တွင်အခြေခံ၍ စီမံကိန်း အကောင်အထည်ဖော်မည့်သူများ အားလုံးကို ထားဝယ်စီမံကိန်းပြန်လည်စတင်မည့် အစီအစဉ်ကို ပြန်လည်သုံးသပ် ရန်ကျွန်ုပ်တို့တောင်းဆိုလိုက်ပါသည်။ ထိုအစား ထားဝယ်လူမှုဝန်းကျင်အတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက်ပါ အခြားသော ရွေးချယ်စရာ အနာဂတ်သစ်များကို ကျွန်ုပ်တို့အားလုံးအတူတကွတည်ဆောက်ကြရပါမည်။

ဆက်သွယ်ရန် –

မယ်းစိုးစိုးနွယ် – ထားဝယ်အမျိုးသမီးသမဂ္ဂ ဖုန်း – ၀၉ ၂၅၄၀၂၂၁၈၀ ။ [email protected]

ဦးသန့်ဇင် – ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ဖုန်း – ၀၉ ၄၂၂၁၉ ၀၆၉ ၁ ။ [email protected]

ဦဘိုဘိုအောင် – ကမ္ဘာမြေအခွင့်အရေးအဖွဲ့ ဖုန်း – ၀၉ ၂၅၀၂၆၇၀၂၅ ။ [email protected]

ပူးတွဲလက်မှတ်ရေးထိုးသူများ –

1. Dawei Development Association (DDA)

2. Dawei ProBono Lawyer Network (DPLN)

3. Tavoyan Women’s Union (TWU)

4. Tanintharyi River Indigenous People Network (TRIP-NET)

5. Community Sustainable Livelihoods and Development (CSLD)

6. Rays of Kamoethway Indigenous People and Nature (RKIPN)

7. Paung Ku

8. Progressive Voice

9. Community Response Group (ComReG)

10. IFI Watch Myanmar

11. Myanmar China Pipeline Watch Committee

12. Andin Youth Group, Pharlain Community

13. Capacity Building for Youth (Mon, Karen, Dawei)

14. Farmers and Landworkers Union (Myanmar)

15. Environmental Conservation and Farmer Development Organization (Shan)

16. ကမ်းခြေအားမာန် ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့

17. Thanphyuzayut Mon Youth

18. Belin Network

19. Pyar Taung Social Development

20. သင့်မြတ်လိုသူများ၏ ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ (POPP)

21. Action Groups for Farmers Affairs

22. ရွှေခြသေ့င်္လူမှုစောင့်ရှောက်ရေးအဖွဲ့(ရွှေဘို).

23. ရွှေခြသေ့င်္တောင်သူကွန်ရက်(ရွှေဘိုခရိုင်)

24. တွံတေးကွန်ယက်

25. Bedar

26. Shwe Maw Won

27. Thilawa Social Development Group

28. Myanmar Alliance for Transparency & Accountability ( Mandalay Regional Working Group)

29. The Mekong Butterfly 30. Community Resource Center Foundation (CRC)

31. Spirit in Education Movement (SEM)

32. Extra Territorial Obligation Watch (ETO Watch)

33. EarthRights International (ERI)

34. Ecological Alert and Recovery – Thailand (EARTH)

35. Focus on the Global South

36. Land Watch Thai

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

Download this statement in English HERE.