Report 510 Views

၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ နှစ်သစ်အရောက်တွင် ရှမ်းပြည်နယ် ဒေသအနှံ့တို့၌ တိုက်ပွဲများတဖန် ဖြစ်ပွားလာပြန်သဖြင့် အစိုးရစစ်တပ်က ရှမ်းပြည်သူများအပေါ် လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုများ ထပ်မံ ဖြစ်ပေါ် ဆက်လက် တိုးပွားနေလျက် ရှိခြင်း

January 26th, 2018  •  Author:   Shan Human Rights Foundation  •  1 minute read

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် မှ ၂၀၁၈ ခုနှစ် ဇန္နဝါရီလ ၇ ရက် ကာလအတွင်း ရှမ်းပြည်နယ် အခြေစိုက် တိုင်းစစ်ဌာ နချုပ်များ လက်အောက်ခံ အစိုးရစစ်တပ်တပ်ရင်း ၆ ခု တို့သည် တနိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး စာချုပ် NCA အား လက်မှတ် ရေးထိုးထားပြီးဖြစ်ခြင်းကို ဂရုမစိုက် လေးစား လိုက်နာမှု မရှိဘဲ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့ အားထိုးစစ်ဆင် တိုက်ခိုက်မှု၊ ရှမ်းပြည် မြောက်ပိုင်း တောင်ပိုင်း နှင့်အရှေ့ပိုင်း ဒေသ တို့တွင် အရပ်သား ပြည်သူများအပေါ် ဖိနှိပ် အနိုင်ကျင့်အကြမ်းဖက်မှု၊ မတရား ညှဉ်းပမ်း နှိပ်စက် ရိုက်နှက်မှု၊ ဥပဒေမဲ့ ဖမ်း ဆီး ချုပ်နှောင်မှု၊ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊အတင်းအကြပ် လုပ်အား ခိုင်းစေမှု ၊ အစားအေ သာက် ကြက်ဝက်များ ခိုးဝှက် ယူငင် စားသောက်မှု၊ လှေလှည်း မော်တော်ယဉ် မြင်း နွားများအား အတင်း အဓမ္မ ချောဆွဲ ယူဆောင် အသုံးပြုမှု၊ အိုးအိမ် ရပ်ရွာ များအား ဖျက်ဆီး မီးရှို့မှု မီးရှို့ပစ်ရန် ခြိမ်းခြောက်မှု၊ လယ်ယာ ခြံမြေများအား မတရား သိမ်းပိုက်မှု၊ ရွှေငွေ ပစ္စည်းဥစ္စာများအားခြိမ်းခြောက် လုယက်ယူငင်မှု အစရှိသည့် လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန် မှုများ ပြုလုပ်ခဲ့ ပြုလုပ် နေလျက်ရှိပါသည်။

နောက်ဆုံးရသတင်း မြန်မာဘာသာအပြည့်အစုံကို  ဤနေရာတွင် ရယူနိုင်သည်။

Download this update in English HERE.