Statement 708 Views

ရခိုင်ပြည်နယ် မြောက်ဦးအကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုအပေါ်သဘောထားထုတ်ပြန်ချက်

January 17th, 2018  •  Author:   Students and Youth Congress of Burma  •  1 minute read

ခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ၂၃၃ နှစ်မြောက် ရက္ခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း အခမ်းအနားကျင်းပခွင့် ပိတ်ပင်ခံရမှုကြောင့် ဒေသခံများသည် အုပ်ချုပ် ရေးမှူးရုံးနှင့် ရဲစခန်းကို သွားရောက် စုဝေးတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြရာတွင် ရဲတပ်ဖွဲ့မှ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲလိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည့် အပေါ် မိမိတို့အနေဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းမိပါသည်။

မြောက်ဦးအကြမ်းဖက်မှုဖြစ်ရပ်တွင် သက်ဆိုင်ရာအာဏာပိုင်များအားလုံးကို အစိုးရမှ တည်ဆဲ တရားဥပဒေ များအတိုင်း ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုလိုက်ပါသည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေစဉ်ကာလအတွင်း
တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ အခြေခံ လူ့အခွင့်အရေးစံနှုန်းများကို တာဝန်ရှိသူ အာဏာပိုင်များ အနေဖြင့် လေးစားလိုက်နာ သင့်ပါသည်။

ယခုလို ရခိုင်တိုင်းရင်းသားများ၏ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း သမိုင်းအမှန်များကို ထုတ်ဖေါ်ပြသခွင့် မရရှိသည့်အပေါ် နောင်မျိုးဆက်သစ်များအတွက် စိုးရိမ်မိပါသည်။

ထို့ကြောင့် အာဏာပိုင်များမှ ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖေါ်ထုတ်မှုကို အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှု အပေါ် မိမိတို့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်အနေဖြင့် ပြင်းထန်စွာရှုတ်ချလိုက်ပါသည်။

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)

ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။