Promoting Gender Equality in Myanmar: Policies and Strategies – “ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာ စာတမ်း”
စာတမ်းအနှစ်ချုပ်
ဤစာတမ်း၏ ပထမအပိုင်း တွင် နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင် အဘယ်ကြောင့် အမျိုးသမီးများ ပိုမိုပါဝင်လာ သင့်သည်။ ထိုသို့ပါဝင်လာခြင်းဖြင့် မည်ကဲ့သို့သော အကျိုးရလဒ်များ ရရှိလာနိုင်မည်တို့ကို စုစည်းတင်ပြထားသည်။ ဒုတိယ အပိုင်း တွင် အမျိုးသမီးများ နိုင်ငံရေး ကဏ္ဍအသီးသီးတွင် ပိုမိုပါဝင်လာစေရန် ဟန့်တားနေသည့် အခြေအနေများကို သုံးသပ် တင်ပြ၍ ထိုအခြေအနေများကို မည်ကဲ့သို့သော နည်းလမ်းများ ဖြင့် ပြုပြင်ပြောင်းလဲသွားသင့်သည် တို့ကို ဆွေးနွေးတင်ပြထား သည်။ |
|
ဤစာတမ်း၏ နောက်ဆုံး အပိုင်း ကို အစိုးရဌာနများ၊ အဖွဲ့အစည်း များ၊ အသင်းအဖွဲ့များနှင့် အသိုင်းအဝိုင်းများအသီးသီးတို့အနေဖြင့် ကျားမတန်းတူရေး ကိစ္စများကို မည်ကဲ့သို့ ဝိုင်းဝန်းအကောင်အထည်ဖေါ် လုပ်ဆောင်သွားသင့်သည်ဆိုသည့် အကြံပြုချက်များဖြင့် အဆုံးသပ် တင်ပြထားပါသည်။
လက်ရှိ ကျားမတန်းတူရေးဆိုင်ရာ အခြေအနေများကို ပိုမိုနားလည်သဘောပေါက်၍ ငြိမ်းချမ်းရေးဖြစ်စဉ် အတွင်း အမျိုးသမီးများ ၏အခန်းကဏ္ဍ မြင့်တင်ရေး လုပ်ဆောင်နေသည့်သူများအတွက် မူဝါဒရေးရာရှင်းလင်းချက်အဖြစ် အသုံးပြုနိုင်ရန်၊ ကျားမတန်းတူ ရေးကို အစဉ်တစိုက်လေးစားလိုက်နာသည့် မူဝါဒများ စဉ်းစားသုံးသပ်ခြင်းများအတွက် အထောက်အကူပြုရန် ရည်ရွယ်ချက်တို့ ဖြင့် ဤစာတမ်းကို ပြုစုရေးသား ထုတ်ဝေပါသည်။
အစီရင်ခံစာအပြည့်အစုံကို
ဤနေရာတွင် ရယူနိုင်သည်။