Press Release 576 Views

ကေအဲန်ပီပီရဲဘော်သုံးဦး နှင့် အရပ်သားတစ်ဦးအား ဥပဒေမဲ့သတ်ဖြတ်မှုအပေါ် ကရင်နီလူမှုအဖွဲ့အစည်းကွန်ယက်၏ သတင်းထုတ်ပြန်ချက်

January 9th, 2018  •  Author:   Karenni Civil Society Network  •  0 minute read
Featured image

ကရင်နီ လူမှုအဖွဲ့အစည်းကွန်ယက်(ကေစီအက်စ်အဲန်) အနေဖြင့် ၂၀၁၇ခုနှစ်၊ ဒီဇင်္ဘာလ(၂၀)ရက်နေ့တွင် မြန်မာစစ်တပ်မှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအဲန်ပီပီ)၏ ရဲဘော်(၃)ဦးနှင့် အရပ်သား(၁)ဦးတို့အား ဥပဒေမဲ့သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။

အဆိုပါသတ်ဖြတ်မှု ဖြစ်ပွားရသည်မှာ ဒီဇင်္ဘာ(၁၉)ရက်နေ့တွင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားသည့် မြန်မာစစ်တပ်ကားများကိုကေအဲန်ပီပီရဲဘော်မှ ရှာဖွေစစ်ဆေးခြင်းအပေါ် မြန်မာစစ်တပ်မှ လက်တုန့်ပြန်လိုက် ခြင်းဖြစ်သည်။ ထိုစစ်ကားများသည် ရှေ့တန်းစစ်စခန်းများသို့ ရိက္ခာများပို့ဆောင်ပြီး အပြန်လမ်းခရီးတွင် တရားမ၀င်သစ်များကို ကားပေါ်တင်ပြီး ထင်းခြောက်နှင့်ဝါးများဖြင့် ဖုံးအုပ်ထားသည်။ ထိုစစ်ကားများကို လွိုင်ကော်အရှေ့ ဘက်ရှိခုနှစ်မိုင်စစ်ဆေးရေးဂိတ်တွင်တာဝန်ကျကေအဲန်ပီပီရဲဘော်များမှ စစ်ဆေးမှုပြုလုပ်ရာ သစ်များတွေ့ရှိသော်လည်း ကားများကိုလွှတ်ပေးခဲ့သည်။

ဒီဇင်္ဘာလ(၂၀)ရက်နေ့၊ နံနက်(၅)နာရီအချိန်တွင်လွိုင်ကော်ဒကစ လက်အောက်ခံ ခလရ(၅၄)၊ ခလရ(၁၀၂) နှင့် ခလရ(၇၂)မှ အင်အား(၆၀)တို့သည် ကေအဲန်ပီပီ ခုနှစ်မိုင် စစ်ဆေးရေးဂိတ်ကို ၀င်ရောက်စီးနင်းပြီး ၀ိုင်းထားခဲ့ကြသည်။ ရဲဘော်လေးဦး နှင့်အရပ်သားတစ်ဦးကို ဓါတ်ပုံရိုက်မည်ဟုဆိုကာ တန်းစီထိုင်ခိုင်းပြီး ထိုင်စဉ်တွင် သေနတ်ဖြင့်ပစ်ခတ်သွားကာ ကေအဲန်ပီပီရဲဘော်သုံးဦးနှင့်အရပ်သားတဦးကို သတ်ဖြတ်သွား သည်။ ဤအဖြစ်အပျက်ကိုထွက်ပြေးလွတ်မြောက်သော ကေအဲန်ပီပီရဲဘော်တစ်ဦးမှ မြင်တွေ့ခဲ့သည်။

ယခုလိုမတရားသော သတ်ဖြတ်မှုအပေါ် ကေစီအက်စ်အဲန်အနေဖြင့် ထိန့်လန့်တုန်လှုပ်မိသည့် အကြောင်းမှာ လူလေးဦးကိုသွေးအေးအေးဖြင့်သတ်ဖြတ်သွားခြင်းမဟုတ်ဘဲ ဦးဆုံး၌ သစ်များကိုခိုးထုတ်သွားသည့် အဓိက အပြစ်ကျူးလွန်သူမှာ မြန်မာစစ်တပ်သာဖြစ်သည်။ ကေအဲန်ပီပီရဲဘော်များအနေဖြင့် ၄င်းတို့၏ ပြည်နယ်အတွင်းရှိ သံယံဇာတများခိုးယူမှုတိုင်းတွင် ကာကွယ်တားဆီးရန် အခွင့်အရေးရှိပြီး ထိုသို့ဖြစ်ရမည့်အစား မြန်မာစစ်တပ်၏ အာဏာသုံးမှုကိုစိန်ခေါ်သည့်သတ္တိကိုယခုလိုအရေးယူခံရကြသည်။

ယခုလို မတရားမှုကိုဒေါသဖြစ်စေပြီး ကရင်နီတောင်သူလယ်သမားဂနှင့်္ဂ ကရင်နီပြည်လူငယ်များသမဂ္ဂ အဖွဲ့ဝင်တို့သည် ဒီဇင်္ဘာ(၂၂)ရက်နေ့၌ လွိုင်ကော်မြို့တွင် ဆန္ဒပြခဲ့ကြသည်။ သို့သော် အစိုးရသည် လူထုအသံကို နားထောင်ရမည့်အစား ဇန်န၀ါရီလ(၅)ရက်၊ ၂၀၁၈ခုနှစ်တွင် ဆန္ဒပြပွဲ ဦးဆောင်သူ လူငယ်(၅)ဦးကို ထိန်းသိမ်းချုပ်နှောင်ထားခဲ့သည်။ ယခုလို အစိုးရမှ ကရင်နီလူငယ်ခေါင်းဆောင်(၅)ဦးကို ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် ကေစီအက်စ်အဲန်အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။

ဤဖြစ်ပျက်မှုများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖေါ်ဆောင်နေသော မြန်မာအစိုးရနှင့် မြန်မာစစ်တပ်၏ သဘောရိုးမှုအပေါ် မယုံကြည်မှုကိုပိုမိုဖြစ်ပေါ်စေပါသည်။ စစ်မှန်သောငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုရရှိရေးအတွက် တန်းတူရည်တူပါဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သွားရန် မျှော်လင့်ချက်ဖြင့်ကေအဲန်ပီပီသည် ၂၀၁၂ခုနှစ်တွင်အပစ်အခတ်ရပ်စဲခဲ့သည်။

သို့သော် ယခုနောက်ဆုံးဖြစ်ပျက်မှုများအရ မြန်မာအစိုးရနှင့် မြန်မာစစ်တပ်သည် ၁၉၄၈ခုနှစ်အထိ လုယူဖျက်ဆီးခံရမှုမတိုင်ခင်သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်သည့်ကရင်နီပြည်နှင့် ကရင်နီလူထု၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအခွင့်အရေးကို လေးစားမှုမပြုသည်ကို ညွန်ပြလျှက်ရှိသည်။ ထိုကတည်းက ကျူးကျော်သူ မြန်မာစစ်တပ်သည်ထပ်ခါတလဲ မြေလှန်စစ်ဆင်ရေးများ၊ ကျယ်ပြန့်သော နယ်မြေနှင့် လူဦးရေ ရှင်းလင်းရေးများပြုလုပ်ပြီး သဘာဝသယံဇာတများထုတ်ယူခြင်း (ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ မြေအောက်သတ္တု ထုတ်လုပ်ခြင်းနှင့် သစ်များထုတ်လုပ်ခြင်း) နှင့် ယနေ့တိုင် အိမ်မပြန်နိုင်သေးသည့် ဒုက္ခသည်နှင့် ပြည်တွင်း ထွက်ပြေးတိမ်းရှောင်သူများကို နယ်မြေတွင်းမှ နှင်ထုတ်ခြင်းများ ပြုလုပ်ခြဲ့ကသည်။ ကျနော်တို့အနေဖြင့် ယခု ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပျက်နေသည့် အရေးယူခြင်းမရှိသည့် တိုင်းရင်းသားလူမျိုးစုများအပေါ် လူမျိုးစုသန့်စင်ရေးနှင့်အလားတူခံစားလာခဲ့ကြပါသည်။

သို့ဖြစ်ပါ၍ ကေစီအက်စ်အဲန်အနေဖြင့် မြန်မာအစိုးရနှင့် မြန်မာစစ်တပ်ထံ အောက်ပါအချက်များ တောင်းဆိုလိုက်သည်။

1. လူထုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဥပဒေမဲ့သတ်ဖြတ်မှု ကိုတရားမျှတစွာ စုံစမ်းဖေါ်ထုတ်ပေးရေးဆိုသည့် တောင်းဆိုချက်ကိုမြန်မာအစိုးရမှ ချက်ချင်းအကောင် အထည်ဖေါ်ရမည်။ နိုင်ငံတကာစောင့်ကြည့်ကြပ်မတ်မှုအောက်တွင် အစိုးရအဖွဲ့ဝင်နှင့် ကေအဲန်ပီပီ အဖွဲ့ဝင်ပါဝင်သည့်ပူးတွဲ စုံစမ်းစစ်ဆေးရေးအဖွဲ့ထားရှိရမည်

2. တရားမျှတမှုအတွက်တောင်းဆိုသည့် လူငယ်ခေါင်းဆောင်(၅)ဦးကိုချက်ချင်းလွတ်ပေးရန်နှင့် ၄င်းတို့အ ပေါ်စွက်ဆိုချက်များအားလုံး ရုပ်သိမ်းရန်အစိုးရနှင့်စစ်တပ်အားတောင်းဆိုသည်။

3. တိုင်းရင်းသားနယ်မြေများရှိ သဘာဝသယံဇာတထုတ်ယူခြင်းကို ရပ်တန့်ရန် အစိုးရနှင့်စစ်တပ်အား တောင်းဆိုသည်။

4. တိုင်းရင်းသားနယ်မြေအတွင်း တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာရန်အစိုးရနှင့်စစ်တပ်အား တောင်းဆိုသည်။

5. အစိုးရနှင့်စစ်တပ်သည်တိုင်းရင်းသားလူမျိုးစုများနှင့်ပူးပေါင်းပြီး စစ်မှန်သော ငြိမ်းချမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် ဖက်ဒရယ်အခြေခံဥပဒေကို ရေးဆွဲသွားရန် တောင်းဆိုသည်။

ဆက်သွယ်ရန်။ ခူးကိုရယ် ဖုန်း ၀၈၂ ၁၉၆ ၂၂၅၈

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။