Press Release 620 Views

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် သတင်းထုတ်ပြန်ချက်

November 25th, 2017  •  Author:   Women's League of Burma  •  1 minute read

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် “ရှက်ရွံ့မှုများ ခါးစည်းခံစား မိန်းမသားများ” ခေါင်းစဉ်ဖြင့် သုံးသပ်ချက်စာတမ်းကို ထုတ်ပြန်လိုက်ပါသည်။

ထိုသုံးသပ်ချက်စာတမ်းသည် မြန်မာပြည်တ၀ှမ်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကြုံတွေ့ခဲ့ကြရသော မိန်းကလေးငယ်အချို့၏ အတွေ့အကြုံများကို မှတ်တမ်းတင်ရန် ရည်ရွယ်ယုံသာမက ထိုရာဇ၀တ်မှုများကို တရားဥပဒေ လမ်းကြောင်းအရ ဖြေရှင်းပြီးတရားမျှတမှုရရှိရန် ကြိုးပမ်းသည့်အခါ ၎င်းတို့တွေ့ကြုံရသော စိန်ခေါ်မှုများနှင့် တရားဝင် ဥပဒေ ဘောင်တွင်း တရားစီရင်ရေးတို့၏ အခက်အခဲအတားအဆီးများကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်ပါသည်။ သုံးသပ်ချက်တွင် အမျိုးသမီးများအားအကြမ်းဖက်မှုများကို ရပ်တန့်ရန်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ဥပဒေနှင့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်ရန် အကြံပြုတင်ပြထားသည်။

ပဋိပက္ခဖြစ်ပွားခြင်းမရှိသော တိုင်းရင်းသားဒေသများတငွ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ မှတ်တမ်းမှတ်ရာများအရ သော်လည်းကောင်း၊ ၂၀၁၆ – ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အချက်အလက်များအရသော်လည်းကောင်း မြန်မာပြည် တ၀ှမ်း ဖြစ်ပွားလျှက်ရှိသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် ဖြစ်ရပ်များ သည် စိုးရိမ်ဖွယ်များပြားလျက်ရှိပြီး အထူးသဖြင့် မိန်းကလေးငယ်များတငွ် ပိုမိုများပြားလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ သုံးသပ်ချက်စာတမ်းအရ တိုင်းရင်းသားဒေသများတငွ် လိင်အကြမ်းဖက်မှု ကျူးလွန်သူများကို ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူမှု မရှိခြင်းတို့ကို တွေ့ရှိရသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် တရားမျှတမှုကို ရှာဖွေနိုင်မှုမရှိဘဲ ကျူးလွန်သူများသည် အပြစ်ဒဏ်မှ ဆက်လက်ကင်းလွှတ်ခွင့် ရရှိနေသည်။ လွပ်လပ်ပြီး ထိရောက်သော ဥပဒေစနစ်မရှိခြင်းနှင့် အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပဒေများ မရှိခြင်းသည် ပြစ်ဒဏ်မှ ဆက်လက်ကင်းလွတ်ခွင့်ရနေသည့် အဓိကအကြောင်းရင်းဖြစ်နေပြီး တရားမျှတမှုကို ရှာဖွေသည့် အမျိုးသမီးများကို ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်းနှင့် အတင်းအကျပ် နှုတ်ပိတ်ခြင်းများရှိနေပါသည်။

“တနိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်များ လက်ရှိကြုံတွေ့နေရတဲ့ တရားမမျှတမှုတွေ ကိုယ်ပိုင်းစိတ်ပိုင်း ကာကွယ်မှုမရရှိမှုတွေက မိန်းကလေးငယ်တွေအတွက် စိတ်ဒဏ်ရာတွေ ရရှိစေပြီးတော့ လူမှုအသိုင်းအ၀ိုင်းမှာ ပြန်လည် ၀င်ဆန့်နိုင်ဖို့ကိုလည်း ကျမတို့ အရမ်းကို စိုးရိမ်မိတယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သော လွေးပိုးညိုဝ်းမှ ပြောကြားသည်။

“မည်သူတစ်ဦးတယောက်ကိုမှ ချိုးနှိမ်ဖယ်ကြဉ်ထားခြင်းမပြုရ” ဟူသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့၏ ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ချိုးနှိမ်ဖယ်ကြဉ်ထားမှုမရှိစေရန်၊ အမျိုးသမီး အခွင့်အရေးများကို ကာကွယ်ပြီး တရားမျှတမှုရရှိစေရန်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် စီဒေါကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ပြီး အရေးပေါ် ဦးစားပေးအနေဖြင့် လက်ရှိအမျိုးသမီးနှင့် မိန်းကလေးငယ်တို့၏ အကြမ်းဖက်ခံ သားကောင်တွေအဖြစ်ကနေ တားဆီးကာကွယ်ပေးရေးအတွက် ဆောင်ရွက်ပေးပါရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် အလေးအနက်ထား တောင်းဆိုသည်။

“ရှက်ရွံ့ မှုများ ခါးစည်းခံစား မိန်းမသားများ” သုံးသပ်ချက်စာတမ်းတွင် အစိုးရအား အောက်ပါအချက်များကို အကြံပြုထားသည်။

၁။ ကလေးများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်ခံရသူများအတွက် ကျွမ်းကျင်သော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ၀န်ဆောင်မှုများအပါအ၀င် မျက်မြင်သက်သေ အကာအကွယ်ပေးမှုစသည့် ၀န်ဆောင်မှုများပေးရန်အတွက် နိုင်ငံတော်မှ ရံပုံငွေထားရှိရန်။

၂။ ကလေးသူငယ်ဥပဒေကို ပြန်လည်သုံးသပ်၍ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ကျူးလွန်မှုများ အတွက် အနိမ့်ဆုံး ပြစ်ဒဏ်ကို သတ်မှတ်ရန်။

၃။ လိင်ပိုင်းဆိုင်ရာအရကျူးလွန်သော အကြမ်းဖက်မှုများကို ရာဇ၀တ်မှုဟု သတ်မှတ်ရာတွင် နို်င်ငံတကာ စံချိန်စံညွှန်းများ နှင့် ညီစေရန် ရာဇသတ်ကြီးဥပဒေကို ပြန်လည် သုံးသပ်ရန်။

၎။ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ၀န်ထမ်းများအကြားတွင် အမျိုးသမီးနှင့် ကလေးများ၏ အခွင့်အရေးများ အကြောင်း အသိပညာမြင့်တင်မှုများကို ဆောင်ရွက်ရန်။

၅။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် ကလေးများ၏ အခွင့်အရေးများအကြောင်းကို မြို့ပြနှင့် ကျေးလက် တိုင်းရင်းသား ဒေသများတငွ် လူထုအသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန်။

၆။ တိုင်းရင်းသားဒေသများရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် လူ့အခွင့်အရေးနှင့် တန်းတူအခွင့်အရေးကို မြှင့်တင်ရန် လိုအပ်သည့် အရင်းအမြစ်များ ပိုမိုပံ့ပိုးရန်။

၇။ အမျိုးသမီးများအား အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို ဥပဒေအဖြစ် ချက်ချင်းအတည်ပြုရန်နှင့် မြန်မာနို်င်ငံတွင် အမျိုးသမီးနှင့် မိန်းကလေးများကို ယင်းဥပဒေက ထိရောက်စွာ ကာကွယ်မှုရှိကြောင်း သေချာမှုစေရန် အမျိုးသမီးအဖွဲ့ အစည်းများနှင့် ဆက်လက်ညှိနှိုင်း တိုင်ပင်လုပ်ဆောင်သွားရန်။

၈။ ရဲအရာရှိများနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ၀န်ထမ်းများအပါအ၀င် ကွင်းဆင်းဝန်ထမ်းနေရာများတငွ် အမျိုးသမီး ဦးရေ အရေအတွက်ကို မြှင့်တင်သွားရန်။

၉။ ရဲအရာရှိများ၊ အားပေးနှစ်သိမ့်ဆွေးနွေးမှုပေးသူများနှင့် ကျူးလွန်ခြင်းခံရသူများနှင့် အလုပ်လုပ်ကိုင်ရသော အခြားသော ကွင်းဆင်းဝန်ထမ်းများအား ကလေးနှင့် ကျား-မရေးရာ အမြင်ရှိမှုနှင့်ပတ်သက်သော သင်တန်းများ ဖော်ဆောင်သွားရန်။

၁၀။ တနိုင်ငံလုံးဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကို ဖော်ထုတ်ပြီး ထိရောက်စွာ ညီမျှစွာရှိသော စောင့်ရှောက်မှုများ နှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖြန့်ဝေခြင်း၊ ပစ္စည်းကိရိယာ စုံလင်ပြည့်ဝစွာသုံးစွနဲိုင်သည့် လူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် မျိုးဆက်ပွားခြင်းဆိုင်ရာ ကျန်းမာရေး ပညာပေးမှုများလုပ်ဆောင်ရန်နှင့် အထူးသဖြင့် ကျေးလက် ဒေသများတငွ် ဦးစားပေးလုပ်ဆောင်ပေးရန်။

ယခုသုံးသပ်ချက်စာတမ်းသည် ပဋိပက္ခမဖြစ်ပွားသော ဒေသများရှိ လိင်အကြမ်းဖက်မှုများကိုသာ အဓိက ထားလေ့လာထား သော်လည်း ပဋိပက္ခဆက်လက်ဖြစ်ပွားနေသော ဒေသများတွင် တပ်မတော်မှ ကျူးလွန်သော မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ၂၀၀၈ အခြေခံဥပဒေ၏ အကာအကွယ်အောက်တွင် ပြစ်ဒဏ်မှ ဆက်လက်ကင်းလွတ်ခွင့်ရနေသည့် အပေါ် အထူးပင်စိုးရိမ်မိပါသည်။ လက်ရှိဖြစ်ပွားနေသော အခြေအနေသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူမှု အသိုင်းအ၀ိုင်း တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အဟန့်အတားဖြစ်သည်ဟု အမျိုးသမီးများအဖွချဲုပ် (မြန်မာနိုင်ငံ)မှ ရှုမြင်သည်။ ထို့ကြောင့် အရပ်သားအစိုးရသည် ထိုရာဇ၀တ်မှုများနှင့် အမျိုးသမီးများကို ကာကွယ်ရန်အတွက် မြန်မာ့တပ်မတော်ကို အရပ်ဖက်အုပ်ချုပ်မှုအောက်တွင် ထားရှိရန်နှင့် ကျူးလွန်သူများကို တာဝန်ခံမှု ရှိစေရန် လုပ်ဆောင်ပေးရမည်။

ဆက်သွယ်ရန်

နော်ဆဲဆဲ၊ တွဖဲက်အထွေထွေအတွင်း ရေးမှူး ၁ – (+၉၅ ၉ ၂၅၅၈၁၇၀၉ ၂)

မယ့်စိုးစိုးနွယ်၊ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် – (+၉၅ ၉ ၂၅၄၀၂၂၁၈၀)

တင်တင်ညို၊ မူဝါဒရေးရာဦးဆောင်အဖွဲ့ ၀င် – (+၆၆ ၉ ၉ ၃၉ ၃၄၃၁၈)

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။