Report 540 Views

ထိုးစစ်ဆင်နေသည့်အစိုးရစစ်တပ်သည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားသော (RCSS/SSA)နှင့် ဟိုပုံးမြို့ နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် အရပ်သားများကို ဖမ်းဆီးနှိပ်စက်ခြင့် ပျောက်ဆုံးခြင်းများဖြစ်ပွား

August 4th, 2017  •  Author:   Shan Human Rights Foundation  •  1 minute read

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့်အစိုးရစစ်တပ်တို့ ဇူလိုင် ၁၄ရက်နေ့တွင် တိုက်ပွဲဖြစ်ပြီးနောက် လက်တုန့်ပြန်သည့် အနေဖြင့် ဇူလိုင်လ ၁၆-၃၀ ရက် ၂၀၁၇ ခုနှစ်တွင် အစိုးရစစ်တပ် အနည်းဆုံးတပ်ရင်း ၈ တပ်ရင်း၊ အင်အားရာချီဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ နယ်တွင်းရှိ ကျေးရွာအုပ်စု ၃ ခုကို ကင်းလှည့်ရာ အရပ်သားများကို ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်းများပြုလုပ်ခဲ့သည်။ ဖမ်းဆီးထားသော ရွာသား ၇ယောက်ထဲတွင် ၁၂ နှစ် ရှိ ယောက်ျားလေး လည်းအပါအ၀င်ဖြစ်ပြီး သူတို့အား ဘယ်ဆီသို့ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

ဒေသအလိုက် အခြေစိုက် တပ်ဖြစ်သော ခလရ ၂၄၉ သည် ဇူလိုင်လ ၁၄ ရက်နေ့တွင် RCSS/SSA နှင့် ဟိုင်ခိုင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသည်။ တခြားတပ်ရင်းများမှ လာသော တပ်အင်အားရာချီကို နမ့်ပါချီး ပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စုများ ထဲတွင်ဖြန့်ကျက်ထားသည်။ RCSS/SSA သည် တစ်နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ရေးထိုးထားသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းအရင်းကို ရှမ်းပြည်ပူးတွဲစောင့်ကြည့်ရေးကော်မတီ စားပွဲပေါ်တွင် ညှိနှိုင်းဆွေးနွေး ဖြေရှင်းသင့်သည်။

နောက်ဆုံးရ သတင်းအခြေအနေ မြန်မာဘာသာ အပြည့်အစုံကို ဤနေရာတွင် ရယူနိုင်သည်။

နောက်ဆုံးရ သတင်းအခြေအနေ ရှမ်းဘာသာကို ဤနေရာတွင် ရယူနိုင်သည်။