Press Release 700 Views

မြန်မာအစိုးရတာဝန်ရှိသူများက သတင်းမီဒီယာသမားများအားထောင်သွင်းအကျဉ်းချရန် အသုံးပြုနေသော ဥပဒေများကို ပြင်ဆင်ရန် ကတိပြု

June 9th, 2017  •  Author:   Committee to Protect Journalists  •  1 minute read

ယမန်နေ့က ပြန်ကြားရေး ၀န်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးနှင့် C P J မှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရာတငွ် မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမားများအား အသရေဖျက်မှုကို ရာဇ ၀တ်မှုပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်းမှုများရှိနေကြောင်း ၊ ယင်းဥပဒေပုဒ်မကို ပြင်ဆင်ရန်အဆိုပြုမှုများကို မကြာမီစတင်တော့မည်ဖြစ်ကြောင်းပြောဆိုလိုက်သည်။

C P J  ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ကော်မတီ၏ဥက္ကဌ ကက်သလင်းကာရို က “သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ဖျက်သိမ်းဖို့ စိတ်အားထက်သန်မှုကိုကြိုဆိုပါတယ်။ စိတ်အားထက်သန်တဲ့အတိုင်းလည်း အမြန်ဆုံး ဖျက်သိမ်းပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ဖို့ အစိုးရနှင့်တကွဥပဒေပြုမဏ္ဍိုင်ကို တိုက်တွန်းလိုပါတယ်။ သတင်းမီဒီယာသမားတွေ ကိုယ့်အလုပ်ကိုယ် လုပ်လို့ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ” ဟုပြောဆိုခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န် ဦးမျိုးမြင့ေ်မာငနှ်င့် ယမန်နေ့က တွေ့ဆုံရာတငွ် ယင်းအားတ က်ဖွယ် သတင်းကောင်းကို ကြားသိခဲ့ရခြင်းဖြစ်ပါသည်။ ဥပဒေပြင်ဆင်သည့် အဆိုပြုချက်ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးဥပဒေအရ တရားစွဲဆုမှိုများပြုလုပ်ရာတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူရမညဟ်ု ဥပဒေတွင်ပြဌာန်းထားသည်။

ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်နှင့် တွေ့ဆုံရာတငွ် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရန် အဆိုပြု ဥပဒေကြမ်းတစ်စောင်ကို ယနေ့အချိန်ထိ တင်သွင်းထားခြင်းမရှိသေးကြောင်း ၊ သို့သော် ၎င်းတို့အနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်၏ အရေးပါပုံကို သိနားလည်သည့်အလျှောက် ယင်းဥပဒေကြမ်းအဆြိုပုလွှာတင်သွင်းလာခပဲ့ါက ဥပဒေကြမ်းကော်မတီအနေဖြင့် ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခ့သဲည်။

CPJ နှင့် ပဲန်မြန်မာတို့ ရန်ကုန်မြို့တွင် ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လွတ်လပ်စွာရေးသားထုတ်ေ ဖ်ာပြောဆိုခွင့်ကို ကာကွယ်ရန် ၊ မြှင့်တင်ရန်ကြိုးပမ်းနေကြသည့် သတင်းမီဒီယာအဖွဲ့အစည်းများ ၊ လူ့ရပိုင်ခွင့်အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကို CPJ ကအပြည့်အ၀ထောက်ခံကြောင်း ၊ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး နှင့် ပုဒ်မ ၆၆ (ဃ) ကိုအမြန်ဆုံးဖျက်သိမ်းပေးသင့်ကြောင့် အစိုးရတာဝန်ရှိသူများနငှ့် ဥပဒေပြုမ ဏ္ဍိုင်ကို တိုက်တွန်းလိုက်သည်။ ၎င်းဥပဒေအရ ကာယကံရှင်မဟုတ်သော ကြားလူတစ်ဦးတစ်ယောက်မှ တရားစွဲဆိုနိုင်ခြင်း ၊ သတင်းမဒီယာသမားများကို ချက်ခြင်းဖမ်းဆီးချုပ်နှေင်နိင်ုခြင်း ၊ အာမခံရရရှိန် ခက်ခဲခြင်း စသည့်အချက်များကြောင့်  လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်သည့်အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ချုပ်နှောင်လျှက်ရှိသည်။

သတင်းမီဒီယာသမားကို ဖမ်းဆီးချုပ်ေနှာင်ရန် ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကအိုသုံးပြုနေခြင်း၊ ဥပဒေပါ ရာဇ၀တ်ကြောင်းအရ အပြစ်ပေးနိုင်ခြင်းများေ ကြာင့် ဤဥပဒေသည် တစ်လွဲအသုးံပြုမှုများဖြစ်စေနိုင်ကြောင်းကို  ဦး မျိုးမြင့်မောင် ကလည်း သဘောတူညီသည။် သို့ရာတငွ် ယခုလက်ရှိတရားရင်ဆိုင်နေရသော သတင်းမီဒီယာသမားများအနေဖြင့် မည် သို့ဖြစ်နိုင်ကြောင်းကိုမူ တစ်စုံတရာ မှတ်ချက်မပြုပါ။

CPJ  သည် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) သာမက အခြားသော သတင်းမီဒီယာလွတ်လပ်ခွင့် ကို ထိပါးနေသည့် ဥပဒေများ၊ ပြည်တွင်းပြည်ပသတင်းသမားများ သတင်းရေးသားရာတွင် အတားအဆီးဖြစ်စေသော ဥပဒေများအကြောင်း ဆွေးနွေးခဲ့သည်။

လွန်ခဲ့သည့် ၁၄ လက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရ အာဏာရရှိလာသည့်အချိန်တွင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုးမြှင့်ပေးရန် ၊ သတင်းမီဒီယာသမားများ၏ အခွင့်အရေး နှင့်ရပိုင်ခွင့်များကို အကာအကွယ်ပေးရန် ကတိစကားပြုခ့သဲည်။ သို့ရာတွင် ဥပဒေအတားအဆီးများ ဆက်လက်တည်ရှိနေခဲ့ပြီး တရားစွဲဆို မှုများ ပိုမိုများပြားလာသည့်အပြင် သတင်းမီဒီယာသမားများအား တိုက်ခိုက်ရန်ပြုမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပင်ဖြစ်သည။်

T h e V oic e  နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် စာရေးဆရာ ကိုကျော်စွာနိုင် ( ဗြိတိလျှကိုကိုမောင်) တို့ကို အွန်လိုင်းအသရေဖျက်မှုပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က တရားစွဲဆို ဖမ်းဆီးခဲ့သည်။ CPJ ကော်မတီမှ ကိုယ်စားလှယ်များက ယခုတရားစွဲဆိုမှုကို ပြန်လည်ရုပ်သိမ်းပေးရန် ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းသမားများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။ ဆက်သွယ်ရေးဥပဒေ သုတေသနအဖွဲ့၏ တွေ့ရှိချက်များအရ အစိုးရသစ်အာဏာရရှိလာသည့် ဧပြီလ ၂၀၁၆ ခုနှစ်မှ ယနေ့အချိန်ထိ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားသည့် အမှုပေါင်း (၆၁) မှုရှိပြီး ယင်းတို့အနက် (၉) မှုမှာ သတင်းမီဒီယာသမားများကို စွဲဆိုထားခြင်းဖြစ်သည်။ သတင်းမီဒီယာသမား (၁၄) ဦး တရားရင်ဆိုင်နေရသည်။

CPJ မှ ကိုယ်စားလှယ်အဖွဲ့ဝင်များမှာ – ဥက္ကဌ ကက်သလင်း ကာရို ၊ အကြီးတန်းအကြံပေးပညာရှင် ဆန်ဒရာ မင်းမ်ရို ၀ီ (Sandra Mims Rowe) ၊ အမှုဆောင်ဒါရိုက်တာ ဂျိုးဆိုင်မွန် (Joel Simon ) ၊ အာရှပရိုဂရမ်ပူးတွဲအရာရှိ စတီဗငဘ်တ္တလာ (Steven Butler) နှင့် အရှေ့တောင်အာရှအကြီးတန်းကိုယ်စားလှယ် ရှောန်ခရစပ္စင်း (Shawn Crispin ) တို့ဖြစ်သည်။

Media Contact:
CPJ Communications Department
[email protected]
CPJ Asia Program
[email protected]

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။