ခြောက်နှစ်တိုင်ခဲ့ပြီဖြစ်သော ကချင်တစ်ကျော့ပြန်ပြည်တွင်းစစ်

ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည့်နေ့တွင် မွေးဖွားလာခဲ့ကြသည့် ကလေးသူ ငယ်များသည် ယခုအပတ်၌ ပထမတန်းကို စတင်တက်ရောက်နေကြပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများက တရုတ်မြန်မာနယ်စပ်တစ်လျှောက် ပျံ့နှံ့လာခဲ့သဖြင့် ပြည်တွင်းနေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်သူပေါင်း ၁၂၀,၀၀၀ ကျော်ထဲမှ IDPs ထောင်ပေါင်းများစွာသည် ငါးနှစ်တာမျှ အခြေကျလုနီးပါး အိမ်အဖြစ်ဖက်တွယ်နေ ထိုင်ခဲ့ကြသည့် စစ်ရှောင်စခန်းများမှ ထပ်မံစွန့်ခွာထွက်ပြေးကြရပြန်သည်။

လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန်ပြင်းလာပြီး လူသားချင်းစာနာထောက်ထားရေး အကူအညီများလျော့နည်း လာနေသည့်ကြားက မြန်မာ့တပ်မတော်သည် IDPs များကို အငတ်ထားရန်နှင့် လူသားချင်းစာနာထောက်ထား ရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကေအိုင်အိုထိန်းချုပ်နယ်မြေဒေသများသို့ ပို့ဆောင်ထောက်ပံ့လျက်ရှိသည့် လူသားချင်းစာနာထောက်ထားရေး အကူအညီများအားလုံးကို ဖြတ်တောက် တားဆီးရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ ကချင်အသိုက်အ၀န်းများက ယနေ့မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချက် ခြင်းရပ်တန့်၍ တိုင်းရင်းသားနယ်မြေများမှ ပြန်လည်ရုပ်သိမ်းသွားရန်နှင့် ပြည်တွင်းစစ်ဖြစ်ပွားနေသည့် အခြေအနေ၌ နိုင်ငံတကာအသိုက်အ၀န်းအနေဖြင့် မြန်မာ့တပ်မတော်နှင့် လက်နက်ကုန်သွယ်မှုကို ဆက်လက် ပိတ်ပင်ထားပြီး စစ်တပ်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆိုင်းငံ့ထားရန် တောင်းဆိုနေကြသည်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(ကေအိုင်အို)မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ၂ နှစ် အကြာ၌ ဆယ်စုနှစ်သုံးခုစာမျှ ဖြစ်ပွားခဲ့သည့် ရန်လိုတိုက်ခိုက်မှုများကို အဆုံးသတ်နိုင်စေရန် မျှော်လင့်ချက်ဖြင့် ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရ(နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ)၏ တပ် မတော်နှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အပစ်အခတ်ရပ်စဲ ထားသည့် ကာလအတွင်း ကေအိုင်အိုသည် လျှပ်စစ်စွမ်းအင်၊ လမ်းတံတား၊ ကျန်းမာရေးနှင့် ပညာရေးတို့အပါ အ၀င် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် လာစေရန် အရင်းအမြစ်များကို ခွေဲဝချထားခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများစုသည် စစ်မှန်သည့်နိုင်ငံ ရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရန်မျှော်လင့်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆြွဲပင်ဆင်ရာ ၌ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ၀မ်းနည်းဖွယ်ကောင်းသည့်အချက်မှာ ဖက်ဒရယ်မူဝါဒ၏ အ နှစ်သာရကို ထင်ဟပ်စေသည့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ အချက်(၁၉)ချက်ပါ ပြင်ဆင်ချက်အဆိုပြုလွှာ တစ်ခုလုံးကို အမျိုးသားညီလာခံ၌ ငြင်းပယ်ခဲ့ခြင်းပင်ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် မြန်မာ့တပ်မတော်သည် KIA ရှေ့တန်းစခန်းတစ်ခုကို အကြောင်းမဲ့ဝင် ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအနှံ့ စစ်ရေးတင်းမာမှုများ ပြင်းထန် လာခဲ့သည်။       လပေါင်းများစွာ ငြိမ်းချမ်းရေးဆွေးနွေးပွမျဲား ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် မေလ ၃၁ ရက်နေ့တွင် မြစ်ကြီးနား မြို့၌ “နှစ်ဖက်စစ်ရေးတင်းမာမှုလျှော့ချရေး သဘောတူစာချုပ်”ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသဘောတူ ချက်အားဖြင့် ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ အစောပိုင်းလများအထိ ထိတွေ့တိုက်ခိုက်မှုများ အတိုင်းအတာတစ်ခု အထိ ကျဆင်းသွားခဲ့သည်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံကို စတင်ကျင်းပလိုက်သည်နှင့်တစ်ပြိုင်နက် မြန်မာ့ တပ်မတော်သည် ၂၀၁၃ ခုနှစ် သဘောတူစာချုပ်ကို ချိုးဖောက်၍ စစ်ရေးပြင်ဆင်ခြင်း၊ KIA တပ်စခန်းများကို ကျူးကျော်တိုက်ခိုက်ခြင်း၊ အဖျက်စွမ်းအားကြီးမားသည့် ဗုံများကြဲချခြင်းနှင့် ခေတ်သစ်မြန်မာ့သမိုင်းစာမျက်နှာ၌ လေကြောင်းတိုက်ခိုက်မှု အများဆုံးအသုံးပြုခဲ့ခြင်းဖြင့် စစ်ရေးခြိမ်းခြောက်မှုများကို ပြန်လည်ပြုလုပ်လာခဲ့သည်။

စစ်ရေးတင်းမာမှု မြင့်တက်လာသည့်နည်းတူ နယ်ခံလူထုလူတန်းစားများသည် စစ်ရာဇ၀တ်မှုမြောက်စေသည့် အရပ်သားများအပေါ် စနစ်တကျရက်ရက်စက်စက် အကြမ်းဖက်မှုများကို မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ကြရသည်။ တရားဥပဒေစိုးမိုးရေးဆောင်ပုဒ်ဖြင့် မဲဆယ်ွစည်းရုံးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အပြည် ပြည်ဆိုင်ရာ စစ်ရေးသဘောတူစာချုပ်များကို လိုက်နာကျင့်သုံးရန် မြန်မာ့တပ်မတော်ခေါင်းဆောင်များကို ဖိ အားပေးရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

ကျွန်ုပ်တို့အနေဖြင့် မြန်မာ့တပ်မတော်၏ ဤကဲ့သို့ အရပ်သားများအပေါ် စနစ်တကျအကြမ်းဖက်မှု ကျယ်ပြန့် လာခြင်းနှင့် တပ်မတော်၏ ပြစ်ဒဏ်စီရင်ခြင်းမခံရသည့် အလေ့အထကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် နိုင်ငံ ရေးအကျိုးစီးပွားအတွက် ဤကဲ့သို့သာ ရက်စက်ကြမ်းကြုတ်မှုကို အကာအကွယ်ပေးလျက်ရှိသည့် မည်သည့် နိုင်ငံရေးပါတီကိုမဆို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။ မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ ရက်စက်ကြမ်းကြုတ် သည့် သတ်ဖြတ်မှုများအားလုံးကို အပူတပြင်းကိုင်တွယ်ဖြေရှင်းပေးရမည်။ ကျွန်ုပ်တို့အနေဖြင့် ယနေ့မနက်ဖြန် မွေးဖွားလာမည့် ကလေးသူငယ်များအား နှစ်ပေါင်းခုနှစ်ဆယ်ကျော် ဖြစ်ပွားခဲ့သည့် သွေးထွက်သံယိုမှုနှင့် ၀မ်း နည်းပူဆွေးမှုများကို ဆက်လက်မခံစားစေချင်တော့ပါ။

ကျွန်ုပ်တို့ ကချင်လူထုအသိုက်အ၀န်းများအနေဖြင့် အောက်ပါအတိုင်း တောင်းဆိုလိုက်ပါသည်။

1) လွန်ခဲ့သည့် ခြောက်နှစ်တာကာလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၌ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ကျူး လွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ စတင်ဆွေးနွေးပေးရန်၊

2) မြန်မာ့တပ်မတော်မှ ကျူးလွန်သည်ဟု စွပ်စွထဲားသည့် အကြမ်းဖက်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့် လူ သားဖြစ်တည်မှုကို ဆန့်ကျင်သည့်ရာဇ၀တ်မှုများကို မှန်ကန်မှုရှိမရှိ စိစစ်အတည်ပြုရန် ယုံကြည်အား ထားထိုက်၍ ဘက်လိုက်မှုကင်းသည့် လွတ်လပ်သောကုလသမဂ္ဂအမှန်တရားရှာဖွေရေးအဖွဲ့ စေလွှတ် မှုကို နိုင်ငံတကာအသိုက်အ၀န်းမှ ထောက်ခံအားပေးရန်၊

3) ပြည်တွင်းစစ်မပြီးဆုံးမီ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်နက်ကုန်သွယ်မှုကို ဆက်လက်တားမြစ်ပိတ်ပင်၍ စစ်တပ်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားပေးရန်၊

4) မြန်မာ့တပ်မတော်အနေဖြင့် ၎င်းတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်၍ တိုင်းရင်းသား ဒေသများရှိ တပ်ရင်းတပ်ဖွဲ့များကို ရုပ်သိမ်းသွားရန်၊

5) အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ မြန်မာ့တပ်မတော်နှင့် NLD အစိုးရတို့အနေဖြင့် နိုင်ငံတကာအသိုက်အ၀န်းကို သက်သေထား၍ အနာဂတ်တွင်ဖြစ်ပွားလာနိုင်သည့် လက်နက်ကိုင်ပဋိပက္ခများကို လျှော့ချရာ၌ ထင် သာမြင်သာရှိသည့် ယန္တရားများပါရှိ၍ အဓိပ္ပာယ်ပြည့်ဝသည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်မျိုးကို ၀ိုင်းဝန်းပုံဖော်ပေးရန်၊

6) NLD အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးပြင်ဆင်၍ ၁၉၄၇ ခုနှစ် ပင်လုံ သဘောတူစာချုပ်အတွင်း သန္ဓေတည်ထားသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင် ရာ၌ အပြည့်အ၀ပါဝင်ဆောင်ရွက်ရန်၊

7) နိုင်ငံရေးပါတီဝင်များအနေဖြင့် တိုင်းရင်းသားနှင့် မျိုးနွယ်စုအချင်းချင်းအကြား တင်းမာမှုများဖြစ်ပေါ် စေရန် သွေးထိုးလှုံ့ဆော်မှုနှင့် အချို့သောကျေးရွာများနှင့် ပြည်သူ့စစ်တပ်ဖွဲ့များအား လက်နက်ထောက် ပံ့မှုကို ရပ်တန့်ပေးရန်၊
သတင်းမီဒီယာများ ဆက်သွယ်ရန်

လဘန်ခွန်ဂျာ (Myanmar)  +95 9425 288 899

အင်ဆန်ဂွမ်ဆန် (US)   +1 443 4158 683

လရှီးကိုင်ထန် (UK)  +44 792 0826 694

ဇော်လ (Japan)   +81 805 0608 792

မွန်းနယ်လီ (Thailand)  +66 855 2337 91

စွမ်ခါလဆိုင်း (Malaysia)   +60 112 3606 033, +60 172 6740 21

လဖိုင်အောင်  (Denmark)  +45 421 6602 4

အင်လမ်လဆိုင်း (Canada)  +1 416 910 8475

 

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

Related Posts:

Send this to a friend