Report 637 Views

မြန်မာနိုင်ငံ၏ နောက်ထပ်ကြီးကျယ်သည့် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတစ်ရပ် – သမုဒ္ဒရာနှင့် ရေအောက်သယံဇာတများကို ခြံခတ်သိမ်းဆည်းခြင်း

March 16th, 2017  •  Author:   Transnational Institute  •  0 minute read
Featured image

မြန်မာနိုင်ငံသည် ကြီးကျယ်သည့် ပြုပြင်ပြောင်းလဲရေးသံသရာစက်ဝန်းသစ်ဧ။် ရှေ့တန်းမျက်နှာစာပေါ် ရောက်ရှိနေပြီဖြစ်သည်။ ယနေ့မြန်မာနိုင်ငံ၌ နိုင်ငံဧ။်ကျယ်ပြန့်သည့် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကုန်းတွင်း ရေအောက်သယံဇာတများကို ရယူသုံးစွဲမှုနှင့် ထိန်းချုပ်စီမံမှုအတွက် ဟင်းလင်းနီးပါး တံခါးဖွင့်ပေးခဲ့သဖြင့် အရေးပါသည့် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့သည်။ ရေအောက်သယံဇာတများဆိုရာ၌ သားငါး၊ ဒီရေတောများ၊ သန္တာကျောက်တန်းများနှင့် အခြားရေနေအပင်များမှသည် ကမ်းရိုးတန်းသဲသောင်ပြင်များ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့အပြင် ရေထုတစ်ခုလုံးပါ အကျုံးဝင်လျက်ရှိသည်။ အမျိုးအစားကွဲပြားစုံလင် လှသည့် ရေအောက်သယံဇာတများသည် မြန်မာနိုင်ငံ တံငါသည်ထုဧ။် ဘဝများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းမျိုးစုံကို ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိသည်။ ဈေးကွက်စီးပွားရေးစနစ်ဧ။် သဘောတရားအပေါ် ကျောရိုးတည်ထားသည့် ဤအခင်းအကျင်းသစ် သည် အဆိုပါသယံဇာတ အရင်းအမြစ်များကို ရွာသူရွာသားများနှင့် နိုင်ငံတွင်းရှိ မိဘပြည်သူတစ်ရပ်လုံးထံမှ ဝေးရာအရပ်များဆီသို့ ယူငင်ဆောင်ကျဉ်းသွားရန် ဖိအားပေး ခြိမ်းခြောက်လာနေပြီဖြစ်သည်။

လတ်တလော ပွင့်လင်းလာသည့် ကုန်းတွင်းပိုင်းနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ပုံစံမျိုးစုံဖြင့် ခြံခတ် သိမ်းဆည်းလျက်ရှိသည့် လုပ်ငန်းစဉ်များအရ နိုင်ငံဧ။် ရေအောက်သယံဇာတများကို မည်သူတို့လက်လှမ်းမီအသုံးချ၍ ထိန်းချုပ်စီမံလျက်ရှိပြီး ထွက်ရှိလာသည့် အရင်းအမြစ်များမှ မည်သူတို့အကျိုးအမြတ် ခံစားခွင့်ရရှိနေကြောင်း အရေးတစ်ကြီး မေးခွန်းမေးစရာရှိလာသည်။


အစီရင်ခံစာအပြည့်အစုံကို ရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ