Press Release 312 Views

မြန်မာနိုင်ငံ၏အပြောင်းအလဲလုပ်ဆောင်မူပေါ်တွင် ဒုက္ခသည် လူငယ်များအခွင့်အရေးရှိပြီးပါဝင်ရန် ထုတ်ပြန်ချက်

February 22nd, 2017  •  Author:   Burma Link , Karen Student Network Group and Karen Youth Organisation  •  1 minute read

ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်တွင် ဘားမားလင့်ခ် (Burma Link)၊ ကရင်ကျောင်းသားကွန်ယက်အဖွဲ့ (Karen Student Network Group) နှင့် ကရင်လူငယ်အစည်းအရုံး (Karen Youth Organization) တို့မှ ပူပေါင်း၍  – “အသိအမှတ်အပြုမခံရသောခေါင်းဆောင်များမနက်ဖြန်၏မျော်လင့်ချက်များနှင့်တကွ မေ့လျော့နေကြသောလူငယ်များ၏ရင်ဖွင့်သံများကိုမြှင့်တင်ပေးခြင်း။”အမည်ဖြင့်မှတ်တမ်းရုပ်ရှင်အသစ်တစ်ခုကိုတင်ဆက်ပြသသွားမည်ဖြစ်ပါသည်။မြန်မာနိုင်ငံမှတိမ်းရှောင်လာကြရပြီးထိုင်း-မြန်မာနယ်စပ်ထဲရောက်လာ၍ ကြုံတွေ့ကြရသောတိုင်းရင်းသားလူငယ်များ၏ အခွင့်အလမ်းများအပ်ါအလေးထားရိုက်ကူးထားခြင်းဖြစ်ပြီးလက်ရှိလူငယ်များနှင့် သက်ဆိုင်နေသောနိုင်ငံရေးကိစ္စရပ်များတွင်ပါဝင်ဆောင်ရွက်ကြရေးနှင့်အာရုံထားလာစေရန်အထူးသဖြင့်ဒုက္ခသည်ပညာရေးအောင်လက်မှတ်များအသိအမှတ် မပြုခြင်းတို့ကိုအလေးထားဖော်ပြထားသည့် မှတ်တမ်းဖြစ်ပါသည်။

ဤ ၅၅ မိနစ်မှတ်တမ်းရှပ်ရုင်တွင်ဒုက္ခသည်စခန်းများနှင့် နယ်စပ်တစ်လျောက်ရှိကျောင်းများတွင်အဆင့်မြှင့် ပညာရေးကိုသင်ယူတတ်မြောက်ထားပြီးတက်ကြွပါဝင်နိုင်သောနိုင်ငံသားတစ်ယောက် အဖြစ်မြန်မာနိုင်ငံတွင် အမျိုးသားအရေးပြန်လည်ကောင်းမွန်လာအောင်ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးကိုမြှင့်တင်ပေးခြင်းနှင့် အပြောင်းအလဲကိုပုံဖော်လာနိုင်စေရန်။ စိတ်အားထက်သန်ကြပြီးလုပ်ဆောင် နိုင်စွမ်းရှိကြသောလူငယ်တို့၏ ဘဝပုံပြင်များကိုဖော်ပြထားပါသည်။ သူတို့၏ အတွေ့အကြုံများမှ ဤမှတ်တမ်းရုပ်ရှင်သည် ဒုက္ခသည်ပညာရေးကိုအသိမှတ်ပြုလာစေပြီအကူအညီများရရှိလာစေရန်အတွက် အလေးပေးဖော်ပြရိုက်ကူထားပါသည်။

မြန်မာအစိုးနှင့် အပြည်ပြည်ဆိုင်ရာတက္ကသိုလ်ဌာနများမှာဒုက္ခသည်ပညာရေးကိုထိထိရောက်အသိမှတ်ပြုပေးခြင်းနှင့် ဒုက္ခသည်ကျောင်းသူကျောင်းသားများ၏လိုက်လျောမူရှိသောရှေ့လျောက်အနာဂတ်ပညာရေးလမ်းကိုလက်ခံခြင်းနှင့်မည်သည့် ဒေသတွင်မဆိုရှိသောလူ့ စွမ်းအားအရင်းအမြစ်များကိုမဆိုမချန်ထားသင့်ကြောင်း Burma Link မှ လဲန်နာဇီဂါ တင်ပြထားပါသည်။

လက်ရှိမှာတွင်ထောင်နှင့်ရာနှင့်ချီသောဒုက္ခသည်ကျောင်းသူကျောင်းသားများအတွက်ထိုင်း-မြန်မာနယ်စပ်ဒေသတွင်မြန်မာအစိုးရနှင့်အခြားနိုင်ငံခြားတိုင်းတပါးကနိုင်ငံရဲ့ပညာရေးဌာနများတွင်ဒုက္ခသည်ပညာရေးကိုအသိအမှတ်မပြုကြသေခြင်းကြောင့်၎င်းတို့၏အနာဂတ်သည်လည်းမတည်မငြိမ်ဖြစ်နေကြပါသည်။နယ်စပ်ဒေသရှိပညာရေးမျာအဆင့်မြင့်ပညာရေးတစ်ခုဖြစ်သော်လည်း၊ဒုက္ခသည်လူငယ်များအတွက်သူတို့၏အနာဂတ်ပညာရေး၊အလုပ်အကိုင်အခွင့်အလမ်းများနှင့်အနာဂတ်အတွက်အလွန်အရေးကြီးပြီးသက်ဆိုင်သောအနေအထားတစ်ခုဖြစ်နေသောကြောင့်၊ဒုက္ခသည်လူငယ်များအနေဖြင့်စေတနာ့အလျောက်ဂုဏ်သိက္ခာရှိရှိနှင့်မပြန်ခင်နှင့်မကူညီသေးနိုင်ခင်ကြီးမားလှသောဖိအားပေးမှုကြီးတစ်ခုဖြစ်နေသောကြောင့် ၎င်းတို့ ၏ပညာရေးတွင်အသိအမှတ်ပြုပေးဖို့ လိုပါသည်။

“မြန်မာပြည်အတွင်းလက်ရှိအပြောင်းအလဲတွေကြောင့်နယ်စပ်ဒေသတလျောက်မှာထောက်ပံ့ပေးနေတဲ့ရံပုံငွေတွေလည်းပြတ်တောက်သွားနေသည့်အပြင်၊ဒုက္ခသည်စခန်းများရှိသောဒုက္ခသည်များနေရပ်ပြန်နိုင်ရေးစီစဉ်မှုသည်လည်းပဲပေါ်ထွက်လာနေသည့်အပြင်၊အပစ်အခတ်ရပ်ဆဲရေးစာချုပ်ဟာလည်းပျက်လုစဖြစ်နေသောကြောင့်ယခင်ကနှစ်ပေါင်းများစွာဖြစ်ပေါ်နေခဲ့သည့်ပဋိပက္ခများကြောင့်နိုင်ငံရေးဆိုင်ရာဖြေရှင်းချက်များလည်းမရှိနိုင်သေးဖြစ်နေပါတယ်။နောက်ပြီးဒုက္ခသည်ပညာရေးကိုအသိအမှတ်မပြုခြင်းသည်လည်းသူတို့၏နေရပ်သို့စေတနာ့အလျောက်ပြန်နိုင်ရေးအတွက်လည်းလိုအပ်သလောက်အကောင်အထည်ဖော်နိုင်ဖို့အတွက်အဓိပ္ဗါယ်မရှိဖြစ်နေသေးပါတယ်၊”ဟုကရင်ကျောင်းသူကျောင်းသားကွန်ယက်အဖွဲ့၏ ဥက္ကဌစောထူးထူးစတင်းကပြောဆိုထားပါတယ်။

မှတ်တမ်းရုပ်သံကပါဝင်ထားသောလူငယ်များတိုက်တွန်းမှုအရ၊ပညာတတ်သောဒုက္ခသည်လူငယ်များသည်မြန်မာနိုင်ငံရဲ့အပြောင်းအလဲကူးပြောင်းကာလတွင်တက်ကြွသောနိုင်ငံသားများအဖြစ်ပါဝင်လာဖို့အတွက်အခွင့်အရေးတစ်ခုရရှိထားရမှာဖြစ်သည်။ဤကဲ့သို့လုပ်နိုင်သည့်အချိန်အထိ၊ဒုက္ခသည်များနှင့်အခြားသောရွှေ့ပြောင်းသူများကစေတနာ့အလျောက်မိမိနေရပ်သို့ပြန်နိုင်ကြသည်အထိ၊နိုင်ငံတကာအသိုင်းအဝိုင်းများမှဆက်လက်ပြီးဤဒုက္ခသည်စခန်းများနှင့်နယ်စပ်ရှိပညာရေးများတွင်ထောက်ပံ့ဖို့အတွက် အလွန်ပင်အရေးကြီးပါသည်။

အသေးစိတ်သိလိုပါကအောက်ပါလိပ်စာအတိုင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

စောထူးထူးစတင်း၊ ကရင်ကျောင်းသူကျောင်းသားကွန်ယက်အဖွဲ့၏ ဥက္ကဌ၊ ဖုန်း +၉၅ (၀)၉၂ ၆၀၈၉  ၅၆၅၂၊ [email protected] (မြန်မာ/ ကရင်)

စောဘလက်စ်အေဇက်၊ ကရင်လူငယ်များအစည်းအရုံး၏ အတွင်းရေးမှူး၊ ဖုန်း +၉၅ (၀)၉၇ ၈၆၈၄ ၂၃၈၉ ၊ [email protected] (မြန်မာ/ ကရင်)

လီနာဇီဂါ၊ ဘားမားလင့်ခ်၏ နိုင်ငံတကာဆိုင်ရာဆက်စပ်ဆောင်ရွက်ပေးသူ၊ ဖုန်း +၉၅ (၀)၉၂ ၆၀၈၉ ၅၆၅၂၊ [email protected] (အင်္ဂလိပ်)

ဤမှတ်တမ်းတင်ရုပ်သံကို Asia Pacific Refugee Rights Network နှင့် Right to Play တို့မှ ပါဝင်ကူညီပေးထားသည်။

 


ဘားမားလင့်ခ်(Burma Link) သည် မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုးများ နှင့် စစ်ပွဲပဋိပက္ခများကြောင့်ရွှေ့ပြောင်းနေကြရသောအသိုင်းအဝိုင်းများ၏အခွင့်အရေးများအတွက် လိုက်လံဆောင်ရွက်ပေးသောသတင်းအချက်အလက်ကိုမျှဝေပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကရင်ကျောင်းသူကျောင်းသားများကွန်ရက်အဖွဲ့ (Karen Student Network Group) သည် ထိုင်းနိုင်ငံအတွင်းကရင်ဒုက္ခသည်စခန်းများတွင် အများအားဖြင့်နေထိုင်ကြသောအဖွဲ့ဝင်ပေါင်း ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) တို့ဖြင့်ဖွဲ့စည်းထားသည့် လွတ်လပ်သောကျောင်းသူကျောင်းသားများအဖွဲ့တစ်ခုဖြစ်သည်။

ကရင်လူငယ်များအစည်းအရုံး (The Karen Youth Organization) သည် ကရင့်အသိုင်းအဝိုင်းကိုယ်စားကရင်လူငယ်များအပေါ် သူတို့၏ ဖြစ်နိုင်ချေလုပ်ဆောင်နိုင်မှုများကိုကူညီဆောင်ရွက်ပေးနေသောအဖွဲ့ဖြစ်သည်။ KYO သည် ဒေသခံဆိုင်ရာဖြေရှင်းချက်များဖြင့် ဒေသခံများလိုအပ်ချက်တွေအပေါ်ဖြည့်ဆည်းပေးနိုင်ရန် ကရင်အသိုင်းအဝိုင်းအတွင်းတွင်လည်းသင်တန်းများကိုပေးအပ်ပါသည်။

ဤမှတ်တမ်းတင်ရုပ်သံကို Asia Pacific Refugee Rights Network နှင့် Right to Play တို့မှ ပါဝင်ကူညီပေးထားသည်။

ထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။