Report 771 Views

ဖုံးကွယ်ထားသည့် အတိဒုက္ခ – မြန်မာနိုင်ငံရှိ ခရစ်ယာန် လူနည်းစုများ

December 13th, 2016  •  Author:   U.S. Commission on International Religious Freedom  •  0 minute read
Featured image

မြန်မာနိုင်ငံရှိ အမျိုးဘာသာသာသနာထိန်းသိမ်းရေးဟူသည့်အတွေးအခေါ်မှာ ကိုလိုနီဆန့်ကျင်ရေး အမျိုးသားရေးဆောင်ပုဒ်ဖြစ်ပြီး တိုင်းရင်းသားမြန်မာများကို မိမိတို့၏လူမျိုး၊ ဘာသာစကားနှင့် ကိုးကွယ်သည့်ဘာသာထိန်းသိမ်းရန် တိုက်တွန်းချက်မှ ဆင်းသက်လာပါသည်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပထမဆုံးသတ်မှတ်ခဲ့သည့် ပထမမြန်မာနိုင်ငံတည်ဆောက်သည့် ရာစုနှစ်များစွာမှ မြန်မာမှန်လျှင်ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဟူသော ဆိုရိုးသို့ခြေရာကောက်နိုင်ပါသည်။ (ဒေါ်အောင်ဆန်းစုကြည်၏ဖခင်) လွတ်လပ်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသည် ဤအယူအဆမှခွဲထွက်ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ သမိုင်းဝင်ပင်လုံညီလာခံတွင် ပြည်ထောင်စုမြန်မာနိုင်ငံသစ်အတွက် လောကီနှင့်သာ သက်ဆိုင်သောမျှော်မှန်းချက်တစ်ရပ်ဖြစ်သည့် တန်းတူမှုနှင့်တိုင်းရင်းသားအုပ်စုအမျိုးမျိုးအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့အပေါ် အခြေခံသည့် ဖယ်ဒရယ်ပြည်ထောင်စုကို အဆိုပြုခဲ့ပါသည်။ ၎င်းနှစ်နှောင်းပိုင်း ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် ပင်လုံစာချုပ်ပါကတိများကို ချိုးဖောက်ခဲ့ပြီး ၁၉၆၁ ခုနှစ် ၎င်းအချိန် ဝန်ကြီးချုပ်ဦးနုမှ တစ်ပြည်ထောင်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲခဲ့ပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်သတ်မှတ်ခဲ့ပါသည်။


အစီရင်ခံစာ အပြည့်စုံမြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

အစီရင်ခံစာ အပြည့်စုံအင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။