03 December 2016
Arakan Rohingya National Organisation
ARNO သည် မြန်မာအစိုးရ၏ အယောင်ဆောင်ခြင်းနှင့် ရိုးသားမှုကင်းမြဲ့ခင်း တို့ကို ပြင်းထန်စွာ ဆန့်ကျင် ပြီး၊ ယင်းအထဲပါ အခြားအကြောင်းအရာများအနက် ၂၀၁၆ ခု၊ ဒီဇင်ဘာလ (၁) ရက်နေ့က ဖွဲ့စည်းခဲ့သည့် ဖွဲ့ဝင် (၁၃) ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် အောက်ဖော်ပြပါ အချက်အလက်များအပေါ် အခြေခံ၍ ကန့်ကွက်ပါသည်။
၁။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် ၂၀၁၆ ခု၊ အောက်တိုဘာလ (၉) ရက်နေ့မှစ၍ စစ်တပ်နှင့် ရဲ များက အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူများအပေါ် ပြုလုပ်လျက်ရှိသည့် အကြမ်းဖက် နှိမ်နင်းမှုများသည် နိုင် ငံတော်က ကမကတပြု စီစဉ်ခြင်းဖြစ်သည်။ ယင်းပြဿနာကို ရိုဟင်ဂျာလူနည်းစု အသိုင်းအဝိုင်း အား ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ယခုလုပ်ရပ်၌ မြန်မာစစ်တပ် ထိပ်တန်းအရာရှိများသာမကဘဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လည်း ကိုယ်ကျင့်တရားအရ၊ တရားဝင်အားဖြင့်နှင့် ကောက်ကျစ်စဉ်းလမှဲုအတွက် တာဝန်ရှိသည်။
၂။ ထိုစုံစမ်းစစ်ဆေးရေးကော်မရှင်ကို လူကြောက်များခဲ့သည့် စစ်တပ်လုံခြုံရေးရာ အကြီးအကေဲဟာင်း၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးမြင့်ဆွေအား ဦးဆောင်စေပြီး အဆိုပါကော်မရှင်၌ ရိုဟင်ဂျာ သို့မဟုတ် မူဆလင် တစ်ဦးတစ်လေမျှ မပါရှိသည့်အပြင် ပြစ်မှုကျူးလွန်သူများနှင့် ၎င်းတို့၏ အကျိုးစီးပွားကိုသာ အပြည့်အ ဝ ကိုယ်စားပြုပါသည်။ သို့ဖြစ်၍ ၎င်းကော်မရှင်အား လတ်ွလပ်ပြီး ဘက်လိုက်မှု ကင်းမ့သဲည့် စုံစမ်းစစ် ဆေးရေးကော်မရှင်အဖြစ် မယူဆနိုင်ပေ။
၃။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတငွ်းရေးမှူးချုပ်ဟောင်း မစ္စတာ ကို ဖီအာနန်သည် ဒီဇင်ဘာလ (၂) ရက်နေ့မှစ၍ မောင်တောခရိုင်သို့ လေ့လာရေးခရီး စတင်ခဲ့သော် လည်း မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယခုအချိန်အထိ အကြမ်းဖက် လူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း နှင့် မီးရှို့တိုက်ခိုက်ခြင်းများကို ကျူးလန်ွပျော်မွေ့လျက်ရှိနေသည်။
၎။ ထို့အပြင် အပြစ်မဲ့ ရိုဟင်ဂျာ အရပ်သားဦးရေ ၅၀၀ ကျော်တို့ကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ ရာနှင့် ချီ၍ မုဒိမ်းကျင့်ခြင်း၊ လူနေအိမ်ခြေပေါင်း ၃၅၀၀ နီးပါးကို မီးရှိုးပစ်ခြင်း၊ မသိရသေးသည့် လူအရေအ တွက်ကို ဖမ်းဆီးချုပ်နှောင်ထားခြင်းနှင့် အတင်းအဓမ္မ ဖျောက်ဖျက်ခြင်းအပြင် အနည်းဆုံး လူ ၄၀၀၀၀ ကို ပြည်တငွ်းရွှေ့ပြောင်းစေသည်။ တဆက်တည်းမှာပင် ဆန်၊ စပါးနှင့် အခြားစားကုန်များကို စနစ်တ ကျ ဖျက်ဆီးပစ်သည်။ ထို့နောက် နောက်ထပ် လူ ၁၀၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ပြေးစေခဲ့ရသည်။ အမှန်မှာ ယခုအဆင့် ပြောမကုန်နိုင်ဘယွ် ပြစ်မှုဆိုင်ရာ ရက်စက်ယုတ်မာမှုများ သည် ရိုဟင်ဂျာတို့အား ၎င်းတို့၏ ဘိုးဘွားပိုင် အမိရခိုင်ပြည်နယ်ကို စွန့်ခွာ၍ ထွက်ပြေးစေလိုသည့် ရည်ရွယ်ချက်နှင့် တစ်နေရာမှ တစ်နေရာသို့ လှည့်လည်ပြီး အသက်ဆုံးရှုံးသွားစေလိုသည့် အစွန်း ရောက် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။
၅။ ဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ အားလုံးအရ မြန်မာအစိုးရသည် ရိုဟင်ဂျာလူမျိုးစုအပေါ် သုတ်သင် ဖယ်ရှားခြင်းအပါဝင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားအမျိုးအနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုများကို ကျူးလွန်လျက်ရှိသည်။ ဤပြစ်မူများသည် ရိုဟင်ဂျာ ပြဿနာသည် အပြည်ပြည်ဆိုင်ရာ တရားစီ ရင်ပိုင်ခွင့်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ထိုပြဿနာကို မြန်မာပြည်တငွ်းရေးအဖြစ် တောင်း ဆိုခြင်း မပြုနိုင်ပါ။
၆။ ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ယခု အသစ်ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယ ခင်က ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်များနည်းတူ ပြပွဲနှင့် ယေဘူယျ သရုပ်ဖော်ဆောင်မှု သာလျှင်ဖြစ်သည်။ ကျနွ်ုပ်တို့သည် ယင်းကော်မရှင်အပေါ် အယုံအကြည်ကင်းမြဲ့ပီး လုံးဝ (လုံးဝ) ကန့် ကက်ွပါသည်။
၇။ ထို့ကြောင့် ကျနွ်ုပ်တို့သည် ရိုဟင်ဂျာတို့အပေါ် ကျူးလွန်လျက်ရှိသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူ သားအမျိုးအနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် ပြစ်မှုကျူးလန်ွရာ၌ ပါဝင် ပတ်သက်သူအားလုံးကို တရားခွင်သို့ ယူဆောင်လာရန်အတကွ် ကုလသမဂ္ဂမှ ကြီးမှူးသည့် စုံစမ်းစစ် ဆေးရေး ကော်မရှင်တစ်ရပ်ကို အမြန်ဆုံး ဖွဲ့စည်းရန် တောင်းဆိုလိုက်ပါသည်။
အသေးစိတ် သိရှိလိုပါက ဆက်သယ်ွရန် –
U.K. Ronnie +44-7783118354
Japan: Zaw Min Htut +81-8030835327
Australia: Dr. Hla Myint +61-423381904
USA: Dr. Mohammed Habib Ullah +1-4438158609
Canada: Nur Hasim +1 (519) 572-5359
Bangladesh: Ko Ko Linn: +880-1726068413
Email: [email protected]
www.rohingya.org
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.