Report 732 Views

ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ

June 26th, 2016  •  Author:   Ta'ang Women's Organization  •  1 minute read
Featured image

တအာင်း (ပလောင်) အမျိုးသမီး အဖွဲ့အစည်း (TWO) က ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ဒေသရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၁၁ ခုနှစ်၊ မတ်လ မှ ၂၀၁၆ ခုနှစ် မတ်လအထိ မှတ်တမ်းပြုစုထားခဲ့ရာ၊ မြန်မာ့ တပ်မတော်က စစ်ရာဇဝတ်မှုများကို စနစ်တကျနှင့် အကျယ်အပြန့် ကျူးလွန်နေကြောင်း ဖော်ပြနေပါသည်။ အထူးသဖြင့် ညှဉ်းပန်းနှိပ်စက်မှု၊ အရပ်သားပစ်မှတ်များ အပေါ် တိုက်ခိုက်ဗုံးကျဲခြင်း၊ အရပ်သားများကို အဓမ္မပေါ်တာ ခိုင်းစေခြင်း နှင့် လူသားဒိုင်းကာအဖြစ် အသုံးချနေခြင်းများ ဖြစ်ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများ တစ်ဖက်တွင် ဆောင်ရွက်နေသော်လည်း၊ ၂၀၁၁ ခုနှစ်မှ စတင်၍၊ မြန်မာ့တပ်မတော်က တပ်ဖွဲ့အင်အားများ ဆက်လက် တိုးချဲ့နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) အပါအဝင်၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအပေါ် ထိုးစစ်ကြီးများ ဆင်နွှဲနေခဲ့ပါသည်။ တအာင်းဒေသ ရှိ မြန်မာ့တပ်မတော်အင်အားမှာ ၂၀၁၁ ခုနှစ်တွင် ၃,၀၀၀ မှ ၂၀၁၆ ခုနှစ် တွင် ၁၂,၀၀၀ ဦးသို့ တိုးတက်များပြားလာခ့သဲ ည်။ မြန်မာပြည် အလယ် ပိုင်းမှ တိုက်ခိုက်ရေး ခြေမြန်တပ်မ အနည်းဆုံး ၇ ခုကျော်ကိုလည်း ချ
ထားခဲ့သည်။ ဗုံးကျဲခြင်း အပါအဝင် ပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် တအာင်းကျေးရွာလူထု ၁၄,၀၀၀ ကျော် အိုးအိမ်စွန့်ပစ် ထွက်ပြေးခဲ့ကြ ရပြီး၊ ယင်းတို့ အများစုမှာ ယခုတိုင် အိမ်ပြန်နိုင်ကြခြင်း မရှိသေးပေ။

အစီရင်ခံစာအပြည့်စုံကို ဤနေရာတွင် ရယူနိုင်သည်။

အစီရင်ခံစာ အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။