Home Our Work Sustainable Development

Thematic Priority – Sustainable Development

Since reforms began, the narrative of Myanmar being the ‘last economic frontier’ has facilitated floods of foreign investment as the economy continues to liberalize. Yet the legal framework is not strong enough to protect vulnerable populations and the environment from adverse effects of potentially exploitative and damaging investments and the risks of perpetuating inequality and irreversible social and environmental damage. Destructive natural resource extraction, land confiscations, and poor working conditions in industrial zones, are just a few of the problems that are endemic. In consultation and partnership with community-based organizations, we advocate for an economic development that is sustainable, equitable and guarantees the protection of the human rights, peace and human security of poor and vulnerable populations against the economic interests of powerful private sector and military actors.


ဦးစားပေးအကြောင်းအရာ။ ။ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု

ပြုပြင်ပြောင်းလဲရေးများ စတင်ဆောင်ရွက်ချိန် မှစတင်ကာ မြန်မာနိုင်ငံသည် “နောက်ဆုံး စီးပွားရေးနယ်ပယ်” အဖြစ် ကမ္ဗည်းထိုးခံရပြီး စီးပွားရေးလျှော့ပေါ့တံခါးဖွင့်မှုများ ဆက်လက်ဆောင်ရွက်ခြင်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လှိုင်းလုံးအား သယ်ဆောင်ပေးခဲ့ပါသည်။ သို့သော်လည်း ဥပဒေရေးရာ မူဘောင်မှာမူ မတော်မတရား ခြယ်လှယ်ကာ ထိခိုက်မှုများလည်း ဆောင်ယူလာနိုင်ခြေရှိသည့် ရင်းနှီးမြှုပ်နှံမှုများအန္တရယ်မှ ထိခိုက်လွယ် အားနည်းသူ ပြည်သူ လူထုနှင့် သဘာဝပတ်ဝန်းကျင်အား ကာကွယ်မှုပေးနိုင်ရန် လုံလောက်ခိုင်မာမှု မရှိသေးသည့်အပြင် မညီမျှမှုများ ဆက်ဖြစ်နိုင်ခြေနှင့် ပြန်လည်ပြုပြင်ရန်မလွယ်သည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဖြစ်နိုင်ခြေ အန္တရာယ်များမှာ မြင့်မားလှပါသည်။ ထိခိုက်ပျက်စီးစေသည့် သဘာဝသယံဇာတ ထုတ်ယူမှုများ၊ မြေယာ သိမ်းဆည်းမှုများနှင့် စက်မှုဇုံများရှိ နိမ့်ကျသော လုပ်ငန်းခွင်အခြေအနေများမှာ ဆိုးရွားစွာဖြစ်နေသော ပြဿနာပေါင်း များစွာထဲမှ အချို့သာဖြစ်ပါသည်။ မိမိတို့အနေဖြင့် လူထုအခြေပြုအဖွဲ့အစည်းများနှင့် တိုင်ပင်အကြံဉာဏ်ရယူခြင်း၊ ပူးပေါင်းလက်တွဲလုပ်ကိုင်ခြင်းတို့ဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ သာတူညီမျှမှုရှိပြီး သြဇာကြီးမားသည့် ရင်းနှီးမြှုပ်နှံသူများ၊ စစ်တပ်နှင့်ဆက်နွယ်နေသူများ၏ စီးပွားရေးအကျိုးအမြတ် မျှော်မှန်းမှုရန်မှ ထိခိုက်လွယ် အားနည်းသူ လူထုအသိုင်းအဝိုင်းများ၏ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့်လူသားဘဝလုံခြုံရေးတို့ကို ကာကွယ်ပေးရေးအား အာမခံသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စည်းရုံးလှုံ့ဆော် လုပ်ဆောင်ပါသည်။

ရှေ့ပြေးအသံအဖွဲ့မှ ၎င်း၏ ဦးစားပေးအကြောင်းအရာများထဲ တစ်ခုဖြစ်သော – ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အစီရင်ခံစာများ ထုတ်ပြန်ထားပါသည်။ ထိုအစီရင်ခံစာများကို အောက်တွင်ဖတ်ရှုပါသည်