Thematic Priority: Rule of Law - တရားဥပဒေ စိုးမိုးရေး

Thematic Priority – Rule of Law

How to defend the defenders reportThe rule of law remains weak in Myanmar, with repressive laws in effect, a judiciary that is neither independent nor effective, local governance and security services that are still under the control of the military through the Ministry of Home Affairs, and restrictions on fundamental freedoms of expression, association, assembly, religion and belief. Thus, justice and accountability for human rights violations is often elusive, and rights-based civil society remains at risk of persecution. Many of these problems are structural and deep-rooted, allowing impunity to continue. We advocate for an enabling environment whereby human rights defenders and activists can work freely towards developing an open, just and tolerant society, whereby people’s fundamental rights, whether through practising a religion of their choice or engaging in peaceful protest against injustice, are respected and protected.

How to Defend the Defenders? A Report on the Situation of Human Rights Defenders in Burma and Appropriate Protection Mechanisms’ was published in July 2015 when Progressive Voice was in it is initial stages of organizational development, operating as a pilot project under Burma Partnership before its full launch in October 2016. ‘How to Defend the Defenders?’ was a joint publication with the Assistance Association for Political Prisoners.


ဦးစားပေးအကြောင်းအရာ။        ။ တရားဥပဒေစိုးမိုးရေး

ဖိနှိပ်သည့် ဥပဒေများ ဆက်ရှိနေခြင်း၊ တရားစီရင်ရေးသည် လွတ်လပ်အမှီခိုကင်းမှုနှင့် ထိရောက်မှု ကင်းမဲ့ နေခြင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များသည် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှတစ်ဆင့် စစ်တပ်ထိန်းချုပ်မှု အောက်တွင် ရှိနေခြင်းနှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ထုတ်ခွင့်၊ အဖွဲ့အစည်းဖွဲ့စည်းခွင့်၊ စုဝေးခွင့်နှင့် ယုံကြည် ကိုးကွယ်ခွင့် တို့ကဲ့သို့ အခြေခံအခွင့်အရေးများသည် ကန့်သတ်ထိန်းချုပ်ခံနေရဆဲ ဖြစ်နေသေးသည့်အတွက် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမှာ အားနည်းနေဆဲဖြစ်ပါသည်။ ထို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားမျှတမှု နှင့် တာဝန်ယူမှု၊တာဝန်ခံမှုတို့ကို မြင်ရခဲပြီး လူ့အခွင့်အရေး ဦးစားပေးလုပ်ဆောင်သည့် အရပ်ဘက်လူထုအဖွဲ့အစည်း များမှာ  နှိပ်ကွပ်ခံရမည့် အန္တရာယ်နှင့် မကြာခဏဆိုသလို ရင်ဆိုင်နေကြရပါသည်။ ထိုပြဿနာများထဲမှ အများအပြားမှာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြဿနာများဖြစ်ကာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ကို ဆက်လက်ရှင်သန်စေရန် ခွင့်ပြုပေးနေပါသည်။ မိမိတို့အနေဖြင့် တစ်ဦးချင်း၏ ဆန္ဒနှင့် ရွေးချယ်မှုအရ ယုံကြည်ရာ ဘာသာတစ်ခုအား လက်တွေ့ကျင့်သုံး ကိုးကွယ်ခြင်း သို့မဟုတ် တရားမမျှတမှုအား ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခြင်းတို့ကဲ့သို့ ပြည်သူလူထုမှ ၎င်းတို့၏ အခြေခံအခွင့်အရေးများကို ကျင့်သုံးခြင်းအား လေးစားလိုက်နာကာ ကာကွယ်ပေးမည့် ပွင့်လင်း တရားမျှတ သဘောထားကြီးသည့် လူ့အသိုင်းအ၀ိုင်း ပေါ်ထွန်းရေး အတွက် လုပ်ကိုင်နေကြသည့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနှင့် တက်ကြွလှုပ်ရှားသူများ လွတ်လပ် လုံခြုံ စိတ်ချစွာ လုပ်ဆောင်နိုင်မည့် ၀န်းကျင်တစ်ခု ဖန်တီးတည်ဆောက်ရေးအား စည်းရုံးလှုံ့ဆော် လုပ်ဆောင်ပါသည်။

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ။           ။ မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအခြေအနေနှင့် သင့်တော်သည့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများအကြောင်း အစီရင်ခံစာ” အား ရှေ့ပြေးအသံ ဖွဲ့စည်းတည်ထောင်သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မတိုင်ခင်  အဖွဲ့အစည်း တည်ထောင်ရန် ပြင်ဆင်နေဆဲ ကနဦးကာလဖြစ်သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့အောက်မှ စမ်းသပ်စီမံကိန်းအဖြစ် ထုတ်ပြန်ခဲ့ပါသည်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ အစီရင်ခံစာသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် ပူးတွဲထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ ဖြစ်ပါသည်။