Home Our Work Governance Reforms

Thematic Priority – Governance Reforms

After decades of military dictatorship, institutions and governance structures in Myanmar remain undemocratic. This is exemplified by the military-drafted 2008 Constitution that entrenches the power of the Myanmar Army, the institution that still dominates the political arena and perpetuates armed conflict, displacement and chronic underdevelopment in ethnic nationality areas. As Myanmar is transitioning to democracy, the reform of key institutions such as the military, the administration system, the legislature, and judiciary is essential. We advocate for a federal system of governance, in which ethnic equality and equity is achieved through a long-lasting peace settlement and the amendment of the 2008 Constitution.


ဦးစားပေးအကြောင်းအရာ။ ။ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ

ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ် နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် အဆောက်အအုံပိုင်း ဖွဲ့စည်းတည်ဆောက်ပုံများသည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားသည့် အခြေအနေတွင် ရှိမနေသေးပါ။ ထိုအချက်ဥပမာအား တိုင်းရင်းသားလူမျိုးစုဒေသများတွင် လက်နက်ကိုင် ပဋိပက္ခအဓွန့်ရှည်ကာ အိုးအိမ်စွန့်တိမ်းရှောင်ရွှေ့ပြောင်းရခြင်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျရခြင်းတို့အတွက် တာဝန်ရှိကာ နိုင်ငံရေးအခင်းအကျင်းတွင် ဆက်လက်ကြီးစိုးနေသည့် မြန်မာစစ်တပ်၏အာဏာအား ပိုမိုခိုင်မာစေရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထည့်သွင်းရေးဆွဲထားခြင်းအား ကြည့်ခြင်း အားဖြင့် အထင်အရှားတွေ့နိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းဆဲ ကာလတွင် စစ်တပ်၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဲ့သို့ အရေးပါသည့် အဖွဲ့အစည်း အဆောက်အအုံများအား ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် မလွဲမသွေ လိုအပ်နေပါသည်။ မိမိတို့အနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖြေရှင်းချက်မှတစ်ဆင့် တိုင်းရင်းသား တန်းတူညီမျှရေးအား ဖော်ဆောင် ပေးနိုင်မည့် ဖက်ဒရယ်စနစ် အုပ်ချုပ်ရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့အတွက် စည်းရုံးလှုံ့ဆော် လုပ်ဆောင်ပါသည်။

ရှေ့ပြေးအသံအဖွဲ့မှ ၎င်း၏ ဦးစားပေးအကြောင်းအရာများထဲ တစ်ခုဖြစ်သော – အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အစီရင်ခံစာများ ထုတ်ပြန်ထားပါသည်။ ထိုအစီရင်ခံစာများကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။