About Progressive Voice

About Progressive Voice

T-shirt

Vision

Progressive Voice envisions a federal democratic Myanmar that is free of discrimination and upholds the principles of peace, justice and human rights.

Mission

Our mission is to amplify the voices from the ground for a principled, rights-based policy narrative on Myanmar at a local, national and international level through participatory research, analysis and advocacy.

Who We Are

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Underpinning our work and identity is a commitment to human rights principles. We stand for the universality, inalienability and absolute nature of human rights, and do not discriminate against people on grounds of race, color, nationality, ethnicity, gender or gender identity, sexual orientation, age, disability, social standing, religion, political or other beliefs.

We maintain a gender-inclusive staffing policy that also draws strength from the ethnic and religious diversity of its staff while also aiming to foster and develop a young generation of people of Myanmar, particularly from marginalized communities, that will take the organization forward in years to come as well as contributing to the discourse and work towards democracy in Myanmar. Decision-making is principled, collective and consensus-orientated within Progressive Voice, ensuring the values of inclusivity and active participation.

Progressive Voice’s research is done ethically, following the principle of ‘do no harm.’ Based on this research, we produce independent and principled analysis that remains non-aligned and independent of any political parties and political and religious institutions.

Progressive Voice focuses on three main thematic policy areas:

(1) Governance Reforms, including political, democratic, constitutional, administrative and institutional reform;

(2) Rule of Law, including access to justice, legislative and judicial reform, strengthening the space and work of civil society and human rights defenders, and protecting religious minorities; and

(3) Sustainable Development, including labor rights, foreign investment, corruption, transparency and accountability.

Human rights is a central issue that is reflected in all analyses, publications and policy recommendations.

What We Do

  • Working and cooperating with disenfranchised, disempowered and marginalized communities and civil society organizations, to amplify their voices, and concerns, thereby filling the gap between policy needs on the ground and the policy-makers themselves.
  • Conducting independent, participatory research and analysis to equip relevant stakeholders and decision-makers with principled, rights-based policy recommendations.
  • Advocating for institutional and structural reforms that comply with international human rights law and standards as well as Myanmar’s international commitments and obligations.

Background

‘Progressive Voice,’ or in Myanmar, ရှေ့ပြေးအသံ ‘Shay Pyay Athan,’ was born out of Burma Partnership, a network of organizations throughout the Asia-Pacific region, advocating for and mobilizing a movement for democracy and human rights in Myanmar that was established in 2006.

Given the political changes in Myanmar since 2011, as well as the shifting civil society landscape inside the country and on the border, the concept of the democracy movement for Myanmar transitioned to a more diverse and broader scope. Thus, the original mandate of Burma Partnership, to serve as an advocacy organization for the border-based and solidarity groups’ democracy movement, has shifted. Assessing this changing political and civil society context and the new opportunities that it provides, Burma Partnership identified the need for a participatory rights-based policy research and advocacy organization rooted in civil society that draws on the concerns and perspectives of vulnerable, marginalized and disenfranchised communities, which is then used to advocate at policy-making level, both domestically and internationally.

Based on Burma Partnership’s existing strengths, networks and values as well as the changing political and civil society landscape, Progressive Voice was founded in October 2016 to create a link between the rights-based movement on the ground and the policy makers at the highest level, through in-depth policy research and analysis.


ရှေ့ပြေးအသံအကြောင်း

မျှော်မှန်းချက်

ခွဲခြားဖိနှိပ်ဆက်ဆံမှုကင်းပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးအခြေခံမူများအား ကိုင်စွဲကျင့်သုံးသော ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ပေါ်ထွန်းရေးအား မျှော်မှန်းသည်။

ဦးတည်ချက်

လူ့အခွင့်အရေး အခြေခံစံနှုန်းများနှင့်ကိုက်ညီသည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော မူဝါဒများ ပေါ်ထွန်းလာရေးအတွက် လူထုပူးပေါင်းပါဝင်သော သုတေသန၊ သုံးသပ်ချက်နှင့် စည်းရုံးလှုံ့ဆော်ရေးတို့မှတစ်ဆင့် အောက်ခြေ လူထုအသံများကို ဒေသန္တရ၊ နိုင်ငံနှင့် နိုင်ငံတကာအဆင့်တို့တွင်မြှင့်တင်ပေးသွားရန် ဖြစ်သည်။

မိမိတို့အကြာင်း

ရှေ့ပြေးအသံသည် အရပ်ဘက်လူထုအသိုင်းအ၀ိုင်းအား အခြေပြုကာ လူထုပူးပေါင်းပါဝင်မှုနှင့်   အခွင့်အရေးကို အခြေခံသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့တစ်ခု ဖြစ်ပါသည်။ ရှေ့ပြေးအသံမှ အောက်ခြေလူထုတို့၏ အသံများအား မြှင့်တင်ပေးကာ လူ့အခွင့်အရေးအခြေခံသည့် မူဝါဒများ ပေါ်ထွန်းလာရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် ရပ်ရွာလူထုအသိုင်းအ၀ိုင်းနှင့် နိုင်ငံအဆင့်နှင့် နိုင်ငံတကာ မူဝါဒရေးဆွဲချမှတ်သူများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပါသည်။

မိမိတို့ ရှေ့ပြေးအသံလုပ်ဆောင်ချက်နှင့် ကိုယ်ပိုင်လက္ခဏာတို့၏ ကျောထောက်နောက်ခံမှာ လူ့အခွင့်အရေး အခြေခံ စံချိန်စံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ဖြစ်သည်။ မိမိတို့သည် အလုံးစုံခြုံငုံပြီး ခွဲထုတ်မရနိုင်သော အကြွင်းမဲ့ဖြစ်သော လူ့အခွင့်အရေး သဘောသဘာဝအား စွဲကိုင်ကာ မည်သူကိုမှ လူမျိုး၊ အသားအရောင်၊ တိုင်းရင်းသား၊ လူမျိုးစု၊ လိင် သို့မဟုတ် ကျား/မရေးရာ၊ လိင်စိတ်ခံယူမှု၊ အသက်အရွယ်၊ မသန်စွမ်းမှု၊ လူမှုရေးအဆင့်အတန်း၊ ကိုးကွယ်သည့်ဘာသာနှင့် နိုင်ငံရေး သို့မဟုတ် အခြားသော ယုံကြည်မှုများအပေါ် အခြေခံသည့် မည်သည့်ခွဲခြားဆက်ဆံခြင်းမျိုးမှ မလုပ်ဆောင်ပါ။

မိမိတို့အနေဖြင့် ကျား/မ အရေအတွက် မျှတစေရန်နှင့် မတူကွဲပြားမှုများ ပါဝင်ရေး ၀န်ထမ်းခန့်အပ်ခြင်းမူဝါဒအား ကျင့်သုံးသည်။ ထိုမူဝါဒ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အထူးသဖြင့် ခွဲခြားဖိနှိပ်ဖယ်ကြဉ်ခံအသိုင်းအ၀ိုင်းများမှ လူငယ်မျိုးဆက်များအား လက်ကမ်းကြိုဆို လက်တွဲပျိုးထောင်ခြင်းဖြင့် အဖွဲ့အစည်းရေရှည်တည်တံ့ရန်နှင့် မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဖြစ်ပါသည်။ အဖွဲ့၏ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အားလုံးမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် မူကိုအခြေခံ၍ အများဆန္ဒအား ဦးတည်သည့် စုပေါင်းဆွေးနွေးဆုံးဖြတ်သည့် စနစ်ကို အသုံးပြုပါသည်။

ရှေ့ပြေးအသံ၏ သုတေသနလုပ်ငန်းကို ‘မည်သူမှ ထိခိုက်နစ်နာခြင်း မရှိစေရေး ‘ မူအား လက်ကိုင်ပြုကာ ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်ပါသည်။ ဤသုတေသနအပေါ်အခြေခံ၍ မည်သည့်နိုင်ငံရေးပါတီ၊ နိုင်ငံရေးနှင့် ဘာသာရေးအဆောက်အအုံများဘက်မှ ဘက်လိုက်မှုမရှိဘဲ လွတ်လပ်အမှီအခိုကင်းပြီး မူကိုအခြေခံသော သုတေသနပြုမှုနှင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုများကို ဖော်ထုတ်ပါသည်။

ရှေ့ပြေးအသံမှ ဦးစားပေးအကြောင်းအရာ (၃) ရပ်အား အဓိကထား လုပ်ဆောင်ပါသည်။ ထိုအကြောင်းအရာများမှာ –

(၁)အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ – ထိုအထဲတွင် နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ၊ အုပ်ချုပ်ရေးနှင့် အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ အပါအ၀င်ဖြစ်သည်။

(၂) တရားဥပဒေစိုးမိုးရေး – ထိုအထဲတွင် တရားမျှတမှု လက်လှမ်းမီရရှိနိုင်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရေး၊ အရပ်ဘက်လူထုအသိုင်းအ၀ိုင်း လုပ်ပိုင်ခွင့်နှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏အလုပ်အား မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စသည့်ပြုပြင်ပြောင်းလဲရေးများ အပါအ၀င်ဖြစ်သည်။

(၃) ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု – ထိုအထဲတွင် အလုပ်သမားအခွင့်အရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အကျင့်ပျက်ခြစားမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုရှိရေးတို့ အပါအ၀င်ဖြစ်သည်။

ရှေ့ပြေးအသံ၏ သုံးသပ်ချက်များ၊ ထုတ်ဝေမှုများ နှင့် မူဝါဒဆိုင်ရာ အကြံပြုချက်များအားလုံးတွင် လူ့အခွင့်အရေးအခြေခံ စံချိန်စံနှုန်းများကို ဗဟိုပြုသည်။

ရည်ရွယ်ချက်

  • ခွဲခြား ဖယ်ကြဉ် ဖိနှိပ်ခံ အားနည်းသော အသိုင်းအ၀ိုင်းများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ အောက်ခြေလူထုအသံများ၊ ၎င်းတို့အလေးထားသည့် ကိစ္စရပ်များအား မြှင့်တင် ပေးကာ မူဝါဒရေးရာလိုအပ်ချက်များနှင့် မူဝါဒရေးဆွဲချမှတ်သူများကြား ရှိနေသည့် ကွာဟချက်အား ဖြည့်ဆည်းပေးသွားရန်၊
  • လွတ်လပ်အမှီခိုကင်းပြီး လူထုပူးပေါင်းပါဝင်သော သုတေသနနှင့် ပိုင်းခြားစိတ်ဖြာသုံးသပ်ချက်များ လုပ်ဆောင်ကာ သက်ဆိုင်ရာ ဆက်စပ်ပတ်သက်သူများနှင့် ဆုံးဖြတ်ချက်ချမှတ်သူများအား လူ့အခွင့်အရေး အခြေခံစံနှုန်းများနှင့်ကိုက်ညီသော မူဝါဒရေးရာ အကြံပြုချက်များ ပံ့ပိုးပေးရန်၊ နှင့်
  • မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် စံချိန်စံနှုန်းများ၊ နိုင်ငံတကာသဘောတူ စာချုပ်များ၊ ကတိက၀တ်များ၊ တာဝန်ဝတ္တရားများနှင့်အညီ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အဆောက်အအုံ ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ရေးအတွက် စည်းရုံးလှုံ့ဆော်ရန်။

နောက်ခံသမိုင်း

“ရှေ့ပြေးအသံ” သို့မဟုတ် အင်္ဂလိပ်လို “Progressive Voice” သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် စည်းရုံးလှုံ့ဆော်ရေးလုပ်ဆောင်သည့် အာရှ-ပစိဖိတ်ဒေသတွင်းမှ အဖွဲ့များဖြင့် ၂၀၀၆ ခုနှစ်တွင် ကွန်ရက်အဖြစ် ချိတ်ဆက်ဖွဲ့စည်းခဲ့သည့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership) မှ ပေါက်ဖွားလာသည့် အဖွဲ့ဖြစ်ပါသည်။

၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲများနှင့် ပြည်တွင်းနှင့် နယ်စပ်အခြေစိုက် အရပ်ဘက်လူထုအသိုင်းအ၀ိုင်း အခင်းအကျင်းအပြောင်းအလဲများအပေါ် အခြေခံ၍ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အယူအဆသည် ပိုမိုစုံလင်ကျယ်ပြန့်သည့် နယ်ပယ်အတိုင်းအတာသို့ ကူးပြောင်းသွားခဲ့သည်။ ထိုနည်းတူ နယ်စပ်အခြေစိုက်နှင့် သွေးစည်းညီညွတ်ရေးအဖွဲ့များ၏ ဒီမိုကရေစီလှုပ်ရှားမှုအတွက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ အဖြစ် အကျိုးဆောင်ရန် အပ်နှင်းခံရသည့် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့၏ မူလတာဝန်သည်လည်း ရွေ့ပြောင်းခဲ့သည်။ ပြောင်းလဲနေသော နိုင်ငံရေးနှင့် အရပ်ဘက်လူထုအသိုင်းအ၀ိုင်း အခင်းအကျင်းနှင့် အခွင့်အလမ်းသစ်များကို ဆန်းစစ်၍ မူဝါဒရေးဆွဲချမှတ်ရာတွင် ခွဲခြား၊ ဖယ်ကြဉ်၊ ဖိနှိပ်ခံနှင့် အားနည်းသော လူထုအသိုင်းအ၀ိုင်းများ၏ စိုးရိမ်ပူပန်မှုနှင့် အမြင်သဘောထားများကို အခြေခံပြီး ၎င်းတို့ကို ထင်ဟပ်သော မူဝါဒများ ပေါ်ပေါက်လာရေးအတွက် နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် စည်းရုံးလှုံ့ဆော်ရေး လုပ်ဆောင်မည့် လူထုအသိုင်းအ၀ိုင်းအား အခြေပြုသော သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး အဖွဲ့အစည်းတစ်ခု လိုအပ်ချက်ရှိသည်ကို မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ သုံးသပ်ခဲ့သည်။

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့၏ ရှိရင်းစွဲ အားသာချက်များနှင့် ကွန်ရက်များ၊ တန်ဖိုးထားမှုများနှင့် ပြောင်းလဲနေသည့် နိုင်ငံရေးနှင့် အရပ်ဘက်အသိုင်းအ၀ိုင်း အခင်းအကျင်းတို့အား အခြေပြု၍ အခွင့်အရေးနှင့် လူထုပူးပေါင်းပါဝင်မှုကို အခြေခံသော မူဝါဒဆိုင်ရာ နက်နဲသည့် သုတေသန၊ ထိရောက်သည့် သုတေသနနှင့် စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် ရပ်ရွာလူထုအသိုင်းအ၀ိုင်းနှင့် မူဝါဒရေးဆွဲချမှတ်သူများအကြား ချိတ်ဆက်မှု ဖန်တီးပေးရန်အတွက် ရည်ရွယ်၍ ရှေ့ပြေးအသံကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။