Statement 589 Views

တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ (မြိတ်ခရိုင်) မှ စစ်ကိုင်းတိုင်းဒေသကြီး လက်ပတောင်းဒေသ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင် အလယ်ရွာ၌ တောင်သူများ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြရမှုအပေါ် သဘောထား ထုတ်ပြန်ခြင်း

April 20th, 2017  •  Author:   72 Civil Society Organizations  •  1 minute read

၂၄.၃.၂၀၁၇ မိုးကြိုးပြင်အလယ်ရွာ၌ ဖြစ်ပွားခဲ့သော လက်ပံတောင်းဒေသ ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္မဏီနှင့် ဒေသခံတောင်သူများ ဖြစ်ပွားသောပဋိပက္ခတွင် ဝမ်ပေါင်ကုမ္မဏီမှ လုံခြုံရေးတပ်ဖွဲ့များ၏ သေနတ်ဖြင့်ပစ်ခတ် ခံခဲ့ကြရ၍ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် တောင်သူများ ဆေးဝါး ကုသနိုင်ရေးအတွက် အခက်အခဲ များကြုံတွေ့နေရကြောင်းသိရှိရပါသည်။

၂၆.၃.၂၀၁၇ နေ့စစ်ကိုငိးတိုင်းဝန်ကြီးချုပ်၏ အမိန့်ထုတ်ပြန်ချက်နှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များ ရောက်ရှိလာကြပြီး ကျောက်ထုတ်ကားများအား အချိန်ကာလအကန့်အသတ်မရှိ ပိတ်ပင်ခဲ့ပြီးဒဏ်ရာရရှိခဲ့သည့် တောင်သူများ အနေဖြင့်စစ်ကိုင်းတိုင်းဒေသအတွင်းရှိ ဆေးရုံများတွင် ဆေးကုသနိုင်ကြောင်း ပြောကြားခဲ့သော်လည်း အခြားတစ်စုံတရာ တာဝန်ယူကူညီပေးခြင်း စီစဉ်ပေးခြင်း မရှိခဲ့ကြောင်း ဝမ်းနည်းစွာ ကြားသိရပါသည်။

ဒေသခံများအနေဖြင့် တစ်နေ့လုပ်တစ် နေ့စား အောက်ခြေတောင်သူများသာဖြစ်၍ အဆိုပါစစ်ကိုင်းတိုင်းဒေသတွင်းရှိ ဆေးရုံများသို့ သွားရောက်ကာ ဆေးကုသမှုခံယူရရှိရေးအတွက် (က) ငွေကြေးချို့တဲ့ကြသဖြင့်သွားရောက်ကုသမှု မပြုနိုင်ကြခြင်း

(ခ) ဆေးဝါးကုသနိုင်ရေးအတွက် သက်ဆိုင်ရာမှ တစ်စုံတရာ တာဝန်ယူ၊ တာဝန်ခံမှု မရှိခြင်း၊ (ဂ) ဒေသတွင်းရှိလူမှုရေးအသင်းအဖွဲ့များနှင့် ဆက်သွယ်အကူညီရှိရေး အခက်အခဲများရှိ နေခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင် နေကြရသည့်အပြင် တရားခံများအဖြစ် တောင်သူ ဦးဝင်းကျော် ဒေါ်သန်းမြ မိုးကြိုးပြင် အလယ်ရွာ အပါအဝင် (၅၀) ဦးကို ဆားလင်းကြီးရဲစခန်းမှ အမှုဖွင့်ထားကြောင်း ကြားသိရပါသည်။

သို့ပါ၍ အဆိုပါဖြစ်ရပ်အပေါ်

(၁) တရားဥပဒေစိုးမိုးရေး၊

(၂)အဆိုပါကိစ္စ၌ တောင်သူများမှ မိမိတို့၌ အပြစ်ကျုးလွန်မှုရှိပါက ထောင်းသွင်းအကျဉ်းချ အရေးယူရန်နှင့် သို့မဟုတ်ပါက အမှန်တကယ်အပြစ်ရှိသူများအား ဥပဒေအရ မှန်ကန်စွာ ဖော်ထုတ် အရေးယူပေးရန်၊

(၃) ဒေါ်ခင်ဝင်းအမှုအား ဖော်ထုတ်ပေးရန်၊

(၄)မီးလောင်ဗုံး အပစ်ခံရသည့် သံဃာတော်များ၏အမှုအား ဖော်ထုတ်ပေးရန်၊ (၅) ဒေါ်အောင်ဆန်းစုကြည်၏ အစီရင်ခံစာအား အကောင်အထည်ဖော်ဆောင်ရွက် ပေးရန်၊

(၆) ဒဏ်ရာအနာတရ ရရှိသူများစိုးရိမ်ကြေင့်ကြ အနှောက်အယှက်ကင်းစွာဆေး ကုသနိုင်ရေးအတွက် လူသားခြင်းစာနာထောက် ထားညှာတာစွာဖြင့် သက်ဆိုင်ရာမှစီစဉ်ဆောင် ရွက်ပေးရန် ပြည်သူ လူထုများနှင့်အတူ တောင်းဆိုသဘောထား ထုတ်ပြန်အပ်ပါသည်။

 

၎င်းသဘောထားထုတ်ပြန်ချက်အား အောက်ပါအဖွဲ့ အစည်းများမှ ထောက်ခံပါသည်။

1. အထက်​ချင်းတွင်း​ဒေသလူငယ်​များကွန်​ယက်

2. က​လေးခရိုင်​​တောင်​သူလယ်​သမားသမဂ္ဂ

3. Tarkapaw Youth Group ( Taninthary )

4. Women’s League of Burma

5. Ayeyarwaddy West Development Organization.(AWDO) Minbu,Magway

6. Satodetayar Development Organization(SDO), Magway

7. Yoema Chin Satodetayar. Magway

8. AWDO, Farmer group (Ngaphe)

9.Center for Youth and Social Harmony

10.မိုင်းပန်လူငယ်အဖွဲ့လည်း

11. ပဒေသာမိုးအရပ်ဖက်လူမှုအဖွဲ့အစည်း BadeiDha Moe Civil Society Organization (BDM)

12.Alinsaetamarn library & Resource center ရန်ကုန်

13. Myanmar China Pipeline Watch Committee  (MCPWC)

14. Myanmar Alliance for Transparency & Accountability (Mandalay Working Group)

15. Peace & Open Society Kyaukse

16. အလင်းမီးအိမ် (လားရှိုး) 09403701714

17. ရွက်စိမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း (သိန္နီ)

18. အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့ (ကွတ်ခိုင်ဇုံ)

19. KAW DAI Organization

20. NET Organization

21. KESAN Karen Environment and Social Action Network

22. ရှေ့ပြေးအသံ (Progressive Voice)

23. TRIPNET, Tanessarim River and Indigenous People’ Network

24. ထားဝယ်အမျိုးသမီးသမဂ္ဂ (Tavoynan Women’s Union)

25. ထားဝယ်လူငယ်အစည်းအရုံး- Tavoyan Youth Oranization

26. အမျိုးသမီးသမဂ္ဂ (မြိတ်)

27. Green Network Mergui Archipelago

28. ​ကော့​သောင်း​ရှေ့​နေများအသင်း

29. Labour right defender and promoter

30. ထားဝယ်ခရိုင်တောင်သူလယ်သမားများသမဂ္ဂ

31. ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း (မြိတ်ခရိုင်).ြ

32. မိတ်ခရိုင် တကုသိုလ် ကျောင်းသားများသမဂ္ဂ

33. Youth Network (ကော့သောင်း)

34. NNER တနသာင်္ရီတိုင်း

35. Southern Youth

36. ပဲခူးတိုင်း MATA အလုပ်အဖွဲ့

37. PACE-G (Political and Civil Engagement Group)

38. မြစ်မခစောင့်ကြည့်ရေးအဖွဲ့

39. Public Network

40. မျက်ဝန်းသစ် အသိပညာရပ်ဝန်း

41. ရွှေရိပ်စစ် အဖွဲ့

42. ရွှေကျင်ချစ်သူအဖွဲ့

43. ရိုးမချစ်သူ အဖွဲ့

44. Edu-Wave ဖောင်ဒေးရှင်း

45. မော်ကွန်းသစ် အရပ်ဘက်လူမှုအဖွဲ့အစည်း

46. အလင်းစေတမာန် ဒေသဖွံ့ဖြိုရေးအဖွဲ့

47. သဲကုန်းလူငယ်အဖွဲ့ချုပ်

48. Chin MATA ​working group

49. Chinland Natural Resources Watch Group

50. Mwetaung Area Development Group

51. IFI Watch (Kyun Su)

52. မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းရေလုပ်သားသမဂ္ဂ အဖွဲ့ ချုပ်

53. Kuki Women’s Human Rights organization

54. Kuki youth network

55. ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း (ကော့သောင်း)

56. Our Future Initiative

57. တနသာင်္ရီတိုင်းဒေသကြီး ရေလုပ်ငန်းမိတ်ဖက်အဖွဲ့ 

58. တနသာင်္ရီမြို့ Mother land အဖွဲ့ 

59. IFI Watch Myanmar

60. ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း (ပုလောမြို့ နယ်)

61. လူ့ အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့  (ပုလောမြို့ နယ်)

62. Human Rights Foundation of Monland – (HURFOM)

63. ထားဝယ်သုတေသနအသင်း

64. Dawei Development Association

65. Environmental Conservation And Farmers Developement Organization(Soutern Shan)

66. Kalayarna Maitta Foundation ကလျာဏ မိတ္တ ဖောင်ဒေးရှင်း

67. Farmers and Landworkers Union (Shan)

68.ရောင်ခြည်ဦးအလုပ်သမား အဖွဲ့ 

69. NEED myanmar Eco village farm school

70. MATA-Ayeyarwaddy working group Committees (MATA-AYY)

71. Ayeyarwaddy Transparency and Accountability Association (ATAA)

72. ကရင်လူ့အခွင့်အရေး အဖွဲ့

သဘောထား ထုတ်ပြန်ချက်ကို ဤနေရာတွင် ရယူနိုင်သည်။