Report 648 Views

မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ (၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ- ဒီဇင်ဘာ)

February 8th, 2017  •  Author:   Network for Human Rights Documentation-Burma  •  1 minute read
Featured image
  • ၂၀၁၆ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၅၄ ခုကို မှတ်တမ်းတင်နိုင်သည်။ အရေအ တွက်အားဖြင့် ၂၀၁၅ ခုနှစ်အတွင်း မှတ်တမ်းတင်နိုင်ခဲ့သည့် ချိုးဖောက်မှု ၈၄ မှုထက် ၂ဆနီး ပါး များပြားနေခြင်း ဖြစ်သည်။  အဖြစ်များသည့် လူ့အခွင့်အရေးချိုးဖောက်မှုမှာ ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်အ တွင်း ၆၇ ခုမှတ်တမ်းတင်နိုင်ခဲ့သည်။
  • ၂၀၁၅ ခုနှစ်တွင် ၂၆ခု မှတ်တမ်းတင်နိုင်ခဲ့ခြင်းနှင့် နှိုင်း ယှဉ်ကြည့်နိုင်သည်။ သတ်ဖြတ်မှုများမှာလည်း များပြားလာပြီး ၂၈ ခုမှတ်တမ်း တင်နိုင်ခြင်းက နှိုင်းယှဉ်ချက်အရအဆိုလ ျှင် ၂၀၁၅ ခုနှစ်အတွင်း မှတ်တမ်းတင် နိုင်ခဲ့သည့် ၁၁ ခုထက် များပြားနေသည်။
  • မြန်မာပြည် လူဦးရေ၏ ၁၀% ကျော်ရှိသည့် ရှမ်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက် မှုများ၏ ထက်ဝက်ကျော်ဖြစ်ပွားနေခြင်းဖြစ်သည်။
  • လူ့အခွင့်အရေးချိုးဖောက်မှုအများစုကို မြန်မာ့တပ်မတော်၊ နယ်ခြား စောင့်တပ်၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့က ကျူးလွန်ခြင်းဖြစ်ပြီး၊ ကျန်သည့် ချိုးဖောက်မှုများကို တိုင်းရင်းသားလက်နက် ကိုင်များ (EAOs) ဘက်မှ ကျူးလွန်ခြင်းဖြစ်သည်။
  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် စစ်တပ်အပေါ် ဥပဒေအရ အရေးယူနိုင်ခြင်းမှ လွတ်ကင်းနေသည်။ ထိုအခြေအနေက NLD ဦးဆောင်သည့် အစိုးရလက်ထက်တွင် အစိုးရ၏ လက်နက်ကိုင်တပ်များအား လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ရန် ခွင့်ပြုနေ သည်။
  • ခြွင်းချက်အနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း အရပ်သားများအား သတ်ဖြတ်ခဲ့သည့် စစ်သားများ အပြစ်ပေးခဲ့ခဲ့ရခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ အတွက် တရားမ ျှတမှုရှာဖွေရန် အခွင့်အလန်းများ ရှိနေသည်ဟု ပြသနေခြင်းဖြစ်သည်။

အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ရယူနိုင်သည်။