Report 676 Views

အစိမ်းရောင် ကန္တာရ – တနင်္သာရီတိုင်းမှ ဒေသခံများ MSPP ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းကို ငြင်းဆန်အံတုမှု

Featured image

ကမ္ဘာတစ်လွှားရှိ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများမှာ ဌာနေတိုင်းရင်းသားများကို အတိင်းအဓမ္မပြောင်းရွှေ့စေမှု၊ လုပ်အားခေါင်းပုံဖြတ်မှုနှင့် အလျင်အမြန် သစ်တောပြုန်းတီးလားခြင်းတို့ကြောင့် အဝေဖန်ခံနေရသည်။ ထိုသို့နာမည်ဆိုးရှိသော လုပ်ငန်းများ မြန်မာနိုင်ငံသို့ ချဲ့ထွင်ရောက်ရှိလာပြီး လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ကို ဆိုးဝါးစွာ ထိခိုက်ပျက်စီးစေလျက်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်ဖျား တနင်္သာရီတိုင်းဒေသကြီးတွင် စစ်အစိုးရနှင့် နီးစပ်သောကုမ္ပဏီများသို့ ဆီအုန်း စိုက်ပျိုးရန်အတွက် ဧက ၁ ဒသမ ၈ သန်းကျော်ချထားပေးခဲ့သည်။ အစိုးရ၏ အားနည်းလှသော မြေယာအသုံးချမှု အစီအစဉ်ကြောင့် တစ်ကမ္ဘာလုံးနှင့်ဆိုင်ပြီး အရေးပါလှသည့် မြေပြန့်မုတ်သုံသစ်တော အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်အရ တန်ဖိုးမြင့်မားလှသော သစ်တောများကိုပါ ဆီအုန်းကုမ္ပဏီများမှ ရယူသွားသည်။ ယင်းအပြင် ဆီအုန်းစိုက်ခင်းများက ဌာနေတိုင်းရင်းသားတို့ ထုံးတမ်းနှင့် အညီနေထိုင်လာသောနယ်မြေများကို ဝင်ရောက်ကျူးကျော်ခဲ့ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ  ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသော ဒေသများတွင် မြေယာပဠိပက္ခများ ဖြစ်ပွားစေခြင်း၊ ဒေသခံတို့၏ လူမှုဘဝကို ပျက်ယွင်းစေခြင်းတို့ ဖြစ်စေခဲ့သည်။

ရုပ်သံမှတ်တမ်း ကို ကြည့်ရှုပါ။

အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ရယူနိုင်သည်။

အစီရင်ခံစာ အနှစ်ချုပ်ကို ဤနေရာတွင် ရယူနိုင်သည်။