Report 917 Views

အနိမ့်ဆုံးကို မြှင့်တင်ပေးခြင်း – မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းအခြေအနေ အစီရင်ခံစာ

December 1st, 2016  •  Author:   Progressive Voice  •  0 minute read
Featured image

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ အဓိကထုတ်လုပ်သူများနှင့် နှိုင်းယှဉ်ပါက အရွယ်အစားရ သေးငယ်သော်လည်း တရှိန်ထိုးကြီးထွားနေသော နိုင်ငံ၏စက်မှုဇုန်များရှိ စက်ရုံ ၃၅၀ ကျော်မှ တစ်ဆင့်ခံမှာယူ ထုတ်လုပ်သူ ပြည်ပကုမ္ပဏီများ ဝယ်ယူသူ များသထက်များလာနေသည်။ အလုပ်အကိုင် ပိုမိုများပြားလာသော်လည်း အလုပ်သမားစံနှုန်းများ နိမ့်ကျနေသေးသည်။ မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလှမ်းဝေးနေသေးသည်ကို ယခု “အနိမ့်ဆုံးကို မြှင့်တင်ပေးခြင်း” အစီရင်ခံစာက တွေ့ရှိထားသည်။ အကြောင်းမူ နိုင်ငံတကာမှ အသိအမှတ်ပြုထားသော လူ့အခွင့်အရေးနှင့် အလုပ်သမားစံနှုန်းများထက် နိမ့်ကျလှသော စံနှုန်းများကျင့်သုံးနေပြီး ပြိုင်ဆိုင်မှု အလွန်ကြီးမားသည့် ကမ္ဘာ့ဈေးကွက်၏ဒဏ်ကို အမျိုးသမီးအများစုဖြစ်သော စက်ရုံအလုပ်သမားအခြေဖြင့် အလူးအလဲခံနေကြရသောကြောင့်ပင်ဖြစ်သည်။

အစီရင်ခံစာ မြန်မာဘာသာ အပြည့်စုံကို ဤနေရာတွင် ရယူနိုင်သည်။

အစီရင်ခံစာ အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

အစီရင်ခံစာ မြန်မာဘာသာ အနှစ်ချုပ်ကို ဤနေရာတွင် ရယူနိုင်သည်။

အစီရင်ခံစာ အင်္ဂလိပ်ဘာသာ အနှစ်ချုပ်ကို ဤနေရာတွင် ရယူနိုင်သည်။