Press Release 685 Views

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation (DPN) သတင်းထုတ်ပြန်ချက်

September 26th, 2016  •  Author:   United Nationalities Federal Council  •  1 minute read

၁။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့၏ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

၂။ DPN မှ အဖွဲ့ခေါင်းဆောင် ခူဦးရယ်ဦးဆောင်သော(၁၀)ဦးပါကိုယ်စားလှယ်အဖွဲ့ နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးအောင်ကြည်ဦးဆောင်သော (၃)ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

၃။ ဆွေးနွေးပွဲတွင် UNFC ဘက်မှ အဆိုပြုထားသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုမူ (၉) ချက်နှင့်ပတ်သက်၍ နည်းလမ်းရှာဖွေခဲ့ကြပြီး ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်သင့်သည် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆက်သွယ်ရန် –
ခူဦးရယ် (အဖွဲ့ခေါင်းဆောင်)
ဖုန်း + 66 (0) 848 051 344
+ 95 (0) 931 430 300

ဗိုလ်ချုပ်စိုင်းထူး (ဒုတိယအဖွဲ့ခေါင်းဆောင် – ၁)
ဖုန်း + 66 (0) 992 977 817