Statement 300 Views

Statement on TWO’s Cancelled Press Conference

June 27th, 2016  •  Author:   Ta'ang Women's Organization  •  2 minute read

Unofficial translated summary of the statement by Ta’ang Women’s Organization. Original in Burmese below. Translation provided by Burma Partnership.

The Ta’ang Women’s Organization (TWO) was preparing to launch their latest report, “Trained to Torture,” on June 25, 2016, at the Orchid Hotel in Rangoon, Burma. TWO already invited media for the event on the 25th of June. However, authorities intervened and halted the launch of the report and TWO had to cancel their launch plans on the 25th. The press conference was then moved to June 27, 2016 at Excel Treasure Hotel in Rangoon. At midnight on the day before the launch, on June 26, 2016, TWO received a call from the Excel Treasure Hotel. They were informed that permission from the authorities was necessary to use the hotel for the launch of the report and was again forced to cancel the event.

TWO regards the cancellations by both hotels as an indicator of the ongoing restrictions on freedom of expression and media freedom, even under the new government. The report highlights human rights violations in northern Shan State from March 2011 to March 2016 and implicates the Burma Army’s involvement in these violations in armed conflict areas. The hotel informed TWO that due to the information provided in the report involving the Burma Army and politics, they were instructed by authorities to cancel the event.

TWO recommends that during the time of the new democratic government, media and press freedom and freedom of expression should not be restricted, and urges an immediate end to all human rights violations committed against ethnic people by the Burma Army in armed conflict areas.
Executive Committee

Ta’ang Women’s Organization

Contact persons:

Lway Poe Ngeal : +95 0973063017

De De Poe Jaing : +95 096718218


၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်

ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများအစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ ပိတ်ပင်တား ဆီးသည့်အပေါ် တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သဘောထားထုတ်ပြန်ကြေငြာချက်

တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ “ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ” အစီရင်ခံစာနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် Orchid Hotel ၌ ဇွန်လ ၂၅၊ ၂၀၁၆ ခုနှစ်တွင် စီစဉ်ထားခြင်းအပေါ် အာဏာပိုင်များမှ ပိတ်ပင်တားမြစ်ခဲ့သည်။ ကနဦးတွင် ရန်ကုန်မြို့ Orchid Hotel တွင် ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ရန်စီစဉ်၍ သတင်းမီဒီယာများအား ဖိတ်ကြားထားပြီးဖြစ်သော်လည်း အနီးကပ်မှ ခွင့်မပြုနိုင်ဟု အကြောင်းကြားလာခဲ့သောကြောင့် Excel Treasure Hotel တွင် ၂၇ရက်နေ့တွင်ပြုလုပ်ရန် ထပ်မံ စီစဉ်ခဲ့ပြန်ပါသည်။ သို့သော် Excel Treasure Hotel တွင်လည်း အားလုံးစီစဉ်ပြီးချိန် ၂၆ရက် ညဥ့်နက်ချိန်တွင်မှ ပွဲခွင့်ပြုမိန့် ရှိမှသာလျှင် သတင်းစာရှင်းလင်းပွဲ လုပ်ခွင့်ပြုမည်ဟု ဟိုတယ်မှ အကြောင်းကြားလာပါသည်။

ဤသို့ ပိတ်ပင်တားမြစ်ခြင်းသည် အစိုးရသစ် လက်ထက်တွင် လွတ်လပ်စွာ သတင်းထုတ်ဖော် ပြောဆိုခွင့်မရှိသေးကြောင်း ဖော်ပြနေသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ သုံးသပ်သည်။

“ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ” အစီရင်ခံစာသည် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ပွဲဖြစ်ပွါးချိန် ပဋိပက္ခအတွင်း မတ်လ ၂၀၁၁ခုနှစ်မှ မတ်လ ၂၀၁၆ ခုနှစ်အထိ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကို ဖော်ပြထားသော အစီရင်ခံစာဖြစ်သည်။ ဤအစီရင်ခံစာနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂၅ ရက်နေ့ Orchid Hotel တွင်စီစဉ်ထားခြင်းမှ၊ ၂၇ရက်နေ့တွင် Excel Treasure Hotel ၌ Booking လုပ်ထားပြီး၊ လုပ်ခွင့်ရထားပြီးဖြစ်ပြီး ဖြစ်သည့်အတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာများအား ဖိတ်စာများပေးပို့ပြီးနောက်ပိုင်း ထိုဟိုတယ်၂ခုလုံးမှ ဤအစီရင်ခံစာသည် မြန်မာ့တပ်မတော်နှင့် နိုင်ငံရေးတို့နှင့်ပတ်သက်နေ၍ အထက်မှပိတ်ပင်သောကြောင့်မဖြစ်နိုင်ကြောင်း အချိန်ကပ်၍ အကြောင်းကြားခဲ့သည်။

ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် အခြေခံလူ့အခွင့်အရေးဖြစ်သော သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မပိတ်ပင်သင့်ကြောင်းနှင့် ပဋိပက္ခဖြစ်ပွားနေသောဒေသများရှိ တိုင်းရင်းသားပြည်သူလူထုအပေါ် မြန်မာ့တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန် နေမှုများ ရပ်တန့်စေရေး အမြန်ဆုံးကြိုးပမ်းပေးပါရန် တိုက်တွန်း၍ ဤသဘောထားကြေညာ ချက်ကို ထုတ်ပြန်လိုက်သည်။

အလုပ်အမှုဆောင်ကော်မတီ

တအာင်းအမျိုးသမီးအဖွဲ့အစည်း

ဆက်သွယ်ရန်။ ။
လိုည်းပိုးညိုဝ်း +၉၅ ၀၉ ၇၃၀၆၃၀၁၇ ၊ ဒီဒီပိုးစေင် +၉၅ ၀၉ ၆၇၁၈၂၁၈